နေလောင်တယ်ဆိုတာ
နွေရာသီပူပြင်းချိန်ကျမှ မဟုတ်ပါဘူး။ မိုးရာသီ၊ ဆောင်းရာသီ ရာသီတိုင်းမှာ ဖြစ်ကြပါတယ်။
အထူးသဖြင့် နူးညံ့တဲ့ အသားအရေပိုင်ရှင်တွေ၊ ဖြူဖွေးတဲ့ အသားအရေပိုင်ရှင်တွေမှာ အဖြစ်
များပါတယ်။ ကုသဖို့နည်းလမ်းက နေရောင်ဒဏ်ကာကွယ်ဆေးပေါ့။ ဒါပေမဲ့ ချွေးနဲ့အတူ ပျက်ပြယ် သွားတဲ့အခါ
မှာ နေလောင်တာက ပြန်လည်ဖြစ်ပွားနိုင်ပါတယ်။ အခုပြောပြမှာကတော့ နေလောင် ထားတဲ့ အသားအရေကို
ကုသဖို့အတွက် သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်။
အာလူး
အာလူးကို
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နာကျင်မှုသက်သာစေတဲ့ဆေးအဖြစ် သုံးစွဲခဲ့ကြ ပါတယ်။
အာလူးကို ပါးပါးလှီး၍ဖြစ်စေ၊ အနှစ်ပြုလုပ်၍ဖြစ်စေ နေလောင်လို့ နီရဲနေတဲ့အရေပြားပေါ်မှာ
သုတ် လိမ်းပေးပါ။ ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ကို သက်သာစေပါလိမ့်မယ်။
နို့အေး
နို့ကလည်း
နေလောင်ထားတဲ့အသားအရေကို ကုသဖို့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေခဲသေတ္တာ ထဲမှ ထုတ်ထားတဲ့
အေးမြနေတဲ့နို့ကို နေလောင်ထားတဲ့ အသားအရေပေါ်မှာ လိမ်းပေးမယ်ဆိုရင် အပူဒဏ် ကို သက်သာစေပြီး
နို့မှာ ပါဝင်တဲ့ ပရိုတင်းက အသားအရေကို အားဖြည့်ပေးပါလိမ့်မယ်။
ပြောင်းဖူးမှုန့် သို့မဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်၊ ပြောင်းဖူးမှုန့် သို့မဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်ကို
ရေအေးအေးနဲ့ရောပြီး နေလောင် ထားတဲ့ အသားအရေပေါ်မှာ လိမ်းပေးပါ။ အပူဒဏ်ကြောင့် နာကျင်မှုကို
သက်သာစေပါလိမ့်မယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကတော့
လူတိုင်းသိပြီးသားဖြစ်ပါတယ်။ နေလောင်တဲ့ အသားအရေပေါ်မှာ ရှားစောင်းလက်ပပ်ဂျယ်လ် လိမ်းထားပေးရင်
အရေပြားနီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ကို သက် သာစေပြီး အသားအရေကို အေးမြစေပါတယ်။
ရှားစောင်းလက်ပပ်ဂျယ်လ်ကို မျက်နှာမှာ ညအိပ်ရာ ဝင်ကာ နီး နေ့စဉ် ပုံမှန်လိမ်းပေးမယ်ဆိုရင်
ဝက်ခြံ၊ အမည်းစက်များကို ပျောက်ကင်းစေပြီး အသားအရေကို ကြည် လင်ဝင်းပစေ ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ Probiotics နဲ့ Enzymes
များစွာပါဝင်ပါတယ်။ ဘာမှမရောစပ်ထားတဲ့ ဒိန်ချဉ်ကို နေလောင်တဲ့ အသားအရေပေါ်မှာ လိမ်းပေးမယ်ဆိုရင်
နေလောင်ခြင်းကို လျင်မြန်စွာ သက်သာစေနိုင်ပါ တယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment