Miss International ပြိုင်မယ်ဆိုတုန်းက
အိမ်က Supporting ဘာမှမပေးနိုင်ဘူး။ အိမ်ကပိုက်ဆံ ထုတ်မပေးတဲ့အချိန်မှာ ကိုယ့်ဆွဲကြိုးရောင်းပြီးစပြိုင်ခဲ့တယ်…
ဆုရွှေရည်ထူး
လက်ရှိမှာတော့ Show တွေလျှောက်တယ်။
Commercial ရိုက်တယ်။ Bailboard တွေရိုက်ဖြစ်တယ်။ ဒီလောက်ပါပဲ။ အနုပညာလောကထဲဝင်လာတာက
၂နှစ်ကျော်ပါပြီ။
အနုပညာလောကထဲဝင်လာတာက
၂နှစ်ကျော်ပါပြီ။ Miss Myanmar International စပြိုင် ကတည်းက၀င်ခဲ့တာပါ။ ပထမကတော့
Miss Myanmar International ကိုပြိုင်ဖို့အစီအစဉ်မရှိဘူး။ နောက်တော့ Facebook မှာ ဖောင်တွေတွေ့တယ်။
ဆုသူငယ်ချင်းတွေကလည်းဝင်ပြိုင်ဖို့အားပေးတော့ စမ်းတ၀ါးဝါးနဲ့ပြိုင်ခဲ့တယ်။ နောက်မှဒီအလုပ်ကို
တကယ်စိတ်ပါပြီးတော့ ၀ါသနာပါပြီးဆက်လုပ်ဖြစ် သွားတာပေါ့။
ကိုယ့်ကိုယ်ကိုယ် Model မဖြစ်နိုင်ပါဘူး။
ကုမ္ပဏီအလုပ်လေးပဲလုပ်တာကောင်းတယ်ဆိုပြီး လုပ်နေရင်းမှ သူငယ်ချင်းတွေ တိုက်တွန်းမှုနဲ့
Miss Myanmar International ၀င်ပြိုင်ဖြစ်တာ
မပြိုင်ခင်က ဆရာဂျွန်လွင်ဆီမှာ Personal
Grooming ရော တတ်ဖူးတယ်။ ကိုယ့်ကိုယ်ကိုယ် Model မဖြစ်နိုင်ပါဘူး။ ကုမ္ပဏီအလုပ်လေးပဲလုပ်တာ
ကောင်းတယ်ဆိုပြီး လုပ်နေရင်းမှ သူငယ်ချင်းတွေ တိုက်တွန်းမှုနဲ့ Miss Myanmar
International ၀င်ပြိုင်ဖြစ်တာ။
ဆုမကြာခင်ကမှ
ထိုင်းမှာ Miss Teen International 2016 မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်ထားတယ်။
လက်ရှိတော့ပြိုင်ပွဲတွေဆက်ပြိုင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ (၂)နှစ်လောက်တော့ ပြိုင်ပွဲ
တွေဆက်ပြိုင်ဖို့အစီအစဉ်မရှိသေးပါဘူး။ (၂)နှစ်လောက်ခဏနားချင်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်
Perfect ဖြစ်အောင် Body ပိုင်းကအစ သေချာ Train ပြီးပြိုင်ပွဲတွေ ၀င်ပြိုင်မှာပါ။
၂၀၁၆ YaMa ခေါက်ဆွဲ Brand
Ambasscdor အဖြစ်ရွေးခံရတယ်…
Miss
Myanmar International 2015 စပြိုင်တုန်းက
ဆုဘာမှမသိသေးဘူး။ အတွေးအခေါ် ပိုင်းရော စင်အတွေ့အကြုံရော၊ ဘာမှမရှိသေးတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်လိုအပ်ချက်တွေအများကြီး
ရှိတယ် ဆိုတာ သိခဲ့ရတယ်။ အဲဒီအချိန်မှာ ဟိုးအစကနေပြန်ပြီး ပြိုင်တယ်။ 2016 YaMa ခေါက်ဆွဲ
Brand Ambasscdor အဖြစ်ရွေးခံရတယ်။ ပြီးတော့ Miss Asia Top 101 ပါသွားပါတယ်။ နောက်ဆုံး
Miss Teen International ကို မြန်မာကို ကိုယ်စားပြုသွားပြိုင်ခဲ့ပါတယ်။
Miss Teen International က Miss ပြိုင်ပွဲထက် မြန်မာနိုင်ငံကိုယ်စားပြုသွားတာဖြစ်တဲ့အတွက်
ကျောင်းဝတ်စုံ ဘယ်လိုဝတ်ရသလဲဆိုတော့လေ
Miss
Teen International က Miss ပြိုင်ပွဲထက် ဆယ်ကျော်သက်တစ်ယောက်ရဲ့ သွက်လက်ဖြတ် လတ်မှု၊
နုပျိုမှု၊ ဆယ်ကျော်သက် တစ်ယောက်ရဲ့ အတွေးအခေါ်၊ မြန်မာနိုင်ငံကိုယ်စားပြုသွားတာဖြစ်တဲ့
အတွက် ကျောင်းဝတ်စုံဘယ်လိုဝတ်ရသလဲဆိုတော့လေ မြန်မာနိုင်ငံအကြောင်း ဘယ်လောက်ထဲထဲဝင်ဝင်
သိသလဲဆိုတာတွေလေ့လာသွားခဲ့တယ်။ ဟိုဘက်နိုင်ငံမှာ Presentation တွေရှိတယ်။ မြန်မာနိုင်ငံနဲ့ပတ်
သက်ပြီး တစ်နေ့တစ်မျိုးမရိုးအောင်မေးတယ်။
Facebook
မှာတော်တော် Share လိုက်ကြတယ်။ ဆုကျောင်းဝတ်စုံနဲ့ ထဘီမပြီးကောင်မလေးတစ် ယောက်ကိုပို့စ်သင်ပေးနေတာ။
ကျောင်းဝတ်စုံ ဒီကနေအဖြူနဲ့အစိမ်းပြင်ဆင်သွားတယ်။ ဒါပေမဲ့ နိုင်ငံတာက အလယ်မှာ မြန်မာနိုင်ငံက
အရပ်ပုနေလို့မဖြစ်ဘူး။ ဒီမှာတော့ ကျောင်းဝတ်စုံက Slipper အဖြူလေးပဲစီးရတယ်။ ဟိုဘက်နိုင်ငံမှာကျတော့
ဒေါက်ဖိနပ်နဲ့ ကျောင်းဝတ်စုံလေးဝတ်ခဲ့တယ်။
သူတို့နဲ့မြန်မာ
Tradition က နည်းနည်းဆင်တယ်ရှင့်။ နင်တို့ဝတ်စုံက ဘာလို့အဖြူနဲ့အစိမ်းဖြစ်နေ ရသလဲသူတို့မေးတယ်။
ငါတို့ဝတ်စုံ အရမ်းတူနေတယ်ပေါ့။ မြန်မာနဲ့ ထိုင်းထွက်လာချိန်မှာ ကျောင်းဝတ်စုံနှစ်ခု
အရမ်းဆင်နေပါတယ်။ ပြီးတော့ Traditional Clothing တွေရောပေါ့။
ဆုကို
၂၀၁၅ တုန်းက မြင်ဖူးတဲ့လူတွေဆိုသိမှာပါ။ ပြိုင်ပွဲစပြိုင်တာက အရမ်းလိုအပ်ခဲ့တယ်။ Body
၊ Beauty ၊ Brain ပေါ့။ Perfect မဖြစ်ဘူးလို့ ပြောရမယ်။ ၂၀၁၅ပြီး ငါတွေလိုအပ်သလဲဆိုပြီး
Train ခဲ့တယ်။ ညဘက်တိုင်း အသီးအရွက်များများစားပေးတယ်။ တစ်နှစ်ထက်တစ်နှစ်ကိုယ့် ကိုယ်ကိုယ်အားရ
ကျေနပ်တယ်။ ဘယ်သူမှမပြောလည်း ငါဒီလောက် ထိတိုးတက်လာပါလား။ ထပ်ပြီးတိုးတက်အောင် ဘယ်လို
လုပ်ရမလဲ ကိုယ့်ကိုယ်ကိုယ်ပဲပြောဖြစ်တယ်။
အားနည်းချက်အနေနဲ့ ဆုက သူများပြောရင်
ဟုတ်လားဟုတ်လားဆိုပြီး အရမ်းယုံလွယ်ပါတယ်။ အားသာချက် အနေနဲ့ကတော့လူတိုင်းနဲ့အဆင်ပြေအောင် လိုက်ပေါင်းတတ်တယ်…
အားနည်းချက်အနေနဲ့ဆုက
သူများပြောရင် ဟုတ်လားဟုတ်လားဆိုပြီး အရမ်းယုံလွယ်ပါတယ်။ အမေကလည်း တောက်လျှောက်လိုက်ပြောပေးနေရတယ်။
အနုပညာလောကကို
ကိုယ်ကမမျှော်လင့်ပဲရောက်လာတာပါ။ အိမ်ကမိသားစုတွေဆို ယုံတောင် မယုံ ဘူး။ Miss
International ပြိုင်မယ်ဆိုတုန်းက အိမ်က Supportinh ဘာမှမပေးနိုင်ဘူး။ အိမ်က ပိုက်ဆံထုတ်
မပေးတဲ့အချိန်မှာ ကိုယ့်ဆွဲကြိုးရောင်းပြီးစပြိုင်ခဲ့တယ်။ အဲဒီကနေပြီး ကိုယ့်ကိုယ်ကိုယ်ယုံ
ကြည်မှုပိုရှိလာ တယ်။
ဆုက
Professional Model တစ်ယောက်အနေနဲ့ လက်ရှိနဲ့ရပ်တည်နေတယ်။ ရှေ့ဆက်ပြီး runway တွေမှာ
ဆုရွှေရည်ထူးဆိုပြီး သိအောင်ကြိုးစားသွားမယ်။
Professional ပီသဖို့ အဓိကတော့
Personality ပါ
Professional ပီသဖို့ အဓိကတော့ Personality
ပါ။ ဆုအမြင်မှာ လူတိုင်းနဲ့အဆင်ပြေပြေ စကားပြောနိုင်ဖို့လိုအပ်တယ်။ ဒီ Pmodelling ပိုင်းမှာမှမဟုတ်ပါဘူး။
ဘယ်အလုပ်မှာဖြစ်ဖြစ် Peronality ရယ်ွGood Listener ဖြစ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment