အနုပညာဆိုတာ ကံ ဉာဏ် ၀ီရီယနဲ့ ပြည့်စုံမှ....ဆွေဇင်ထက်







Miss တစ်ယောက်ဖြစ်ချင်တာလား။ မော်ဒယ်တစ်ယောက်ဖြစ်ချင်သလားဆိုတာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ် ချက်ချတယ် ပြီးမှဒီအနုပညာလောကထဲကို ၀င်ခဲ့တာပါရှင့်…
အနုပညာကိုတော့ငယ်ငယ်တည်းက ၀ါသနာပါခဲ့တဲ့အတွက် ဒီအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ် ဖြစ်ခဲ့ပါတယ်။ ညီမဒီလောကထဲဝင်ဖို့အတွက် ညီမဝေခွဲမရဖြစ်ခဲ့ပါတယ်။ ညီမက miss တစ်ယောက်ဖြစ်ချင် တာလား။ မော်ဒယ်တစ်ယောက်ဖြစ်ချင်သလားဆိုတာကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချတယ်။ ပြီးမှ ဒီအနုပညာလောကထဲကို ၀င်ခဲ့တာပါရှင့်။
ညီမဒီ MGLM magway ပြိုင်ခဲ့တဲ့အချိန်မှာ top 9 အထိပါခဲ့တယ်ပေါ့နော်။ အဲနောက်ပိုင်း ညီမနေပြည်တော် ကိုယ်စားပြုအနေနဲ့ထပ်မံယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ လူတိုင်းကတော့ တောင့်တတိုင်းလည်း မရတဲ့သူတွေတစ်ပုံကြီးပဲလေ ဒါပေမဲ့လည်း ကိုယ်မျှော်လင့်ထားတဲ့အနုပညာ အလုပ်ကိုတော့ တစိုက် မတ်မတ်လုပ်သွားမှာပါ။ ထပ်တူကျဖို့ဆိုတာ အချိန်ပေးပြီးကြိုးစားရဦးမှာပါ။

 ဒီ Supra ဆုရခဲ့တဲ့ ညီမရဲ့ senior တွေကလည်း ညီမကို သင်ကြားပေးတယ်ပေါ့နော်…
ဒီ upra title ဆုကအကြီးဆုံး miss ပွဲ ၅ပွဲထဲပါတယ်ဆိုတော့ ရမယ်လို့မမှန်းထားခဲ့ဘူး။ ဒီ Supra ဆုရခဲ့တဲ့ ညီမရဲ့  senior တွေကလည်း ညီမကိုသင်ကြားပေးတယ်။ ညီမရဲ့  senior တွေသင်ကြားပေး တဲ့အတိုင်း ဆောင်ရွက်တယ် လေ့လာခဲ့တယ် သင်ယူခဲ့တယ်။ အခက်အခဲကတော့ရှိပါတယ်။ ညီမ သွားပြိုင်တဲ့ နိုင်ငံကအရမ်းအေးတဲ့အတွက် ညီမအနွေးထည်တွေလောက်ပဲ အဓိကထားပြီး ယူသွားဖြစ် တယ်။ Fashion ပိုင်းဂရုမစိုက်မိဘူး။ အဲဒါညီမအတွက် အခက်အခဲတစ်ခုပါပဲ။ ညီမသင်ခန်းစာရခဲ့တဲ့ အရာကတော့ နောက်ပေါ် ထွက်လာမယ့် Supranational 2017ကို ညီမလိုမျိုးအခက်ခဲမရှိအောင် လုပ်ဆောင်ပေးမယ် ဆိုတာပါပဲ။ ညီမဘ၀အတွက်အဓိက Longterm plan ကတော့အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ပါပဲ။

ခုချိန်မှာ Miss တွေဆိုတာကလည်း အရမ်းကိုပေါများလာပြီပေါ့နော်…
ညီမပြောချင်ဆုံးအရာပါ။ ဒီမေးခွန်းက ဘာလို့လဲဆိုတော့ ခုချိန်မှာ miss တွေဆိုတာကလည်း အရမ်း ကိုပေါများလာပြီပေါ့နော်။ Model တွေထိုနည်းတူပါပဲ။ နာမည်တစ်ခုရချင်တဲ့အတွက်နဲ့ သူတို့ ဘယ်လိုနေရာက ၀င်လိုက်ရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့ စိတ်နဲ့ပြိုင်ကြတယ်။ တချို့တကယ်ဝါသနာပါတဲ့လူတွေအတွက်က အရမ်းနစ်နာပါတယ်။ Miss ဆိုတာကပြည်သူတွေအတွက် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့သက်သက် ဖြစ်လာတာပါ။ တချို့ Miss ကနေလည်း တခြားဘက်တွေ ကူးပြောင်းတဲ့သူတွေအတွက်လည်း အားပေးပါ တယ်။ အဓိကကကိုယ်ဝါသနာပါတဲ့ အလုပ်ကိုခွဲခြားသိတတ်ဖို့ပါ။ ကိုယ်က Miss တစ်ယောက် ဖြစ်နေပြီ ဆိုတော့ Fashion ပိုင်းဆိုင်ရာမှာတော့ တော်တော်လေ့လာပြီးဝတ်ရတယ်။ Miss မဖြစ်သေးချိန် သာမာန်ဘ၀နဲ့ တုန်းလိုတော့နေလို့ အဆင်မပြေ ဘူးလေ။  Supra ရဲ့ပရဟိတ mission ကတော့ HIV-AIDS ကူးစက်သူတွေ ပပျောက်ဖို့အတွက်ပြီးတော့ နယ်တွေရွာတွေမှာ အသိပညာတိုးပွားအောင်လက်ကမ်းစာစောင်တွေ ဝေပြီးမျှဝေ ပေးရပါတယ်။

Miss တစ်ယောက်ဖြစ်ဖို့ ကြိုးစားရမယ် လေ့လာရမယ် သင်ယူရမယ်။ လွယ်လွယ်ကူကူနဲ့တော့ ဘယ်အရာမှမရပါ ဘူး…
Miss လောကမှာ နေရာတစ်နေရာရရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ အများကြီးကြိုးစားရတယ်။ အချိန် တွေပေးဆပ်ရတယ်။ ကိုယ်ဖြစ်ချင်တဲ့ အလုပ်လုပ်ရတဲ့အတွက် ကြိုးစားရင်း အချိန်တွေကုန်လို့ ကုန်မှန်းသိ မှာမဟုတ်ပါဘူး။ Miss တစ်ယောက်ဖြစ်ဖို့ကြိုးစားရမယ် လေ့လာရမယ် သင်ယူရမယ်။ လွယ်လွယ်ကူကူနဲ့ တော့ဘယ်အရာမှ မရပါဘူး။ မိမိလိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ကြိုးစားမှုတွေရုန်းကန်မှုတွေ အခက်အခဲတွေနဲ့

ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဒီအနုပညာအလုပ်ဆိုတာ ကံ ဉာဏ် ၀ီရီယနဲ့ ပြည့်စုံမှလည်း ပရိသတ် ချစ်ခင်မှု ရတာပေါ့နော်…
ဟုတ်ကဲ့ တချို့ miss တွေလဲ ရှိပါတယ်။ crown ရပြီးမှပျောက်ကွယ်သွားကြတယ်။ အကြောင်း အမျိုးမျိုးကြောင့်ပေါ့နော်။ မိမိလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ကြိုးစားမှုတွေ ရုန်းကန်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဒီအနုပညာအလုပ်ဆိုတာ ကံ ဉာဏ် ၀ီရီယနဲ့ ပြည့်စုံမှလည်း ပရိသတ် ချစ်ခင်မှု ရရှိပေါ့နော်။

အသွားအလာ အနေအထိုင် ဆင်ခြင်ရတယ်ပြီးတော့လူတွေရဲ့ အားပေးမှု လေးစားမှု ရရှိအောင်နေခဲ့တယ်…
          ညီမ crown ရခဲ့တဲ့ချိန်မှာ ညီမအသက်၁၆နှစ်ပဲရှိသေးတဲ့အတွက် အများကြီးလေ့လာရတယ် သင်ယူခဲ့ရတယ်။ ညီမကိုယ်ကို ညီမတည်ငြိမ်အောင်နေတယ်။ အသွားအလာအနေအထိုင် ဆင်ခြင်ရတယ် ပြီးတော့ လူတွေရဲ့အားပေးမှု လေးစားမှု ရရှိအောင်နေခဲ့တယ်ပေါ့နော်။ လူငယ်တိုင်းလည်း ပျော်ရွှင်မှုပဲ လိုလားကြတာပဲလေ။ ဒါပေမဲ့ ညီမရရှိခဲ့တဲ့ဆုညီမကို ယုံကြည်လို့ ဒီ crown ကိုလွှဲပေးခဲ့တဲ့အတွက် ညီမမှာတာဝန်အပြည့်ရှိပါတယ်။ ညီမထမ်းဆောင်ရမယ့်တာဝန်တွေကို ထမ်းဆောင်သွားမှာပါ ဆုံးရှုံးမှုထက် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တဲ့အတွက် ညီမပီတိဖြစ်မိပါတယ်ရှင့်။
ပြိုင်ပွဲတိုင်းလိုလိုကတော့ စာချုပ်တွေချုပ်ရတာပဲလေနော်။ အဲဒီအတွက်ကတော့ ညီမဘက်က ထွေထွေထူးထူးမပြောတော့ပါဘူး။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment