ကားတစ်စီးရဲ့အချက်ပေးသံတွေဟာ
ကောင်းကောင်းအလုပ်လုပ်နေချိန်တွေမှာတော့ ကားခိုးမယ့် သူ တွေရဲ့အန္တရာယ်က အကာအကွယ်ပေးမယ့်
အကောင်းဆုံးအဟန့်အတား ပစ္စည်းတွေဖြစ်နေတတ်ပေ မယ့် ပျက်ဆီးသွားရင်တော့ ထိန်းချုပ်ရခက်ခဲတတ်ပါတယ်။
အချက်ပေးစနစ်တစ်ခုမှာ ထည့်သွင်း တည်ဆောက်ထား တဲ့အတိုင်း သူတို့ဟာ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်
အဲဒီက ထွက်ပေါ်လာတဲ့ ဆူညံသံတွေက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ အသေအချာပါ။ ဒီအချိန်မှာ
ဒီလိုအသံတွေကို ဘယ်လိုရပ်တန့်ပစ်ရမလဲဆိုတာ နားလည်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ခုအောက်မှာ
မရှိတော့တဲ့ အချက်ပေး စနစ်တစ်ခုကို ရပ်တန့်သွားအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
အကြံပေးချင်ပါတယ်။
သော့ ဒါမှမဟုတ် Key Fod သုံးကြည့်ပါ
ဒါကတော့
အခြေခံအကျဆုံးအဆင့်ကို ဆိုလိုပါတယ်။ အချက်ပေးထွက်ပေါ်လာတဲ့ ကားတစ်စီးကို သူနဲ့သက်ဆိုင်တဲ့
သော့ ဒါမှမဟုတ် ရီမုတ်ကွန်ထရိုးကို အသုံးပြုပြီး ရပ်တန့်ပစ်လိုက်ရမှာပါ။ မြောက်မြားစွာ
သော ကားကုမ္ပဏီတွေဟာ သူတို့ရဲ့အချက်ပေးသံမြည်မှုကို ထိန်းချုပ်ရပ်တန့်ဖို့အတွက် စနစ်တွေကို
သော့တွေ ဒါမှမဟုတ် ရီမုတ်စတဲ့အရာတွေမှာ ထည့်သွင်းတည်ဆောက်ထားလေ့ရှိပါတယ်။ ဒါကြောင့် အချက်ပေးသံမည် လာတဲ့အခါမှာ ကားတံခါးကို
သော့နဲ့အဖွင့်အပိတ်ပြုလုပ်ခြင်းနဲ့ ပိတ်လို့ရသလို အဆင့်မြင့်နည်းပညာကို အခြေခံ ထားတဲ့ကားတွေမှာတော့
ရီမုတ်ကိုအသုံးပြုပြီး ရပ်တန့်ပစ်လိုက်ရမှာပါ။ တကယ်လို့ ကားတံခါးကို လော့ခ်ချ ထားချိန်မှာ
အချက်ပေးသံမည်လာတဲ့အခါ ကိုယ်ကတံခါးလော့ခ်ကို ပြန်ဖွင့်လိုက်ရုံနဲ့ အသံတိတ်မသွားဘူး
ဆိုရင်တော့ လော့ခ်ကို အပိတ်/အဖွင့် ပြန်လုပ်ရင်း အသံတိတ်သွားအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီလို အပိတ်/အဖွင့်ကို ရီမုတ်နဲ့ပြုလုပ်တဲ့နေရာမှာ
ကောင်းကောင်းအလုပ်မဖြစ်တော့ဘူးဆိုရင်တော့ ဒါဟာ ရီမုတ် ဓာတ်ခဲအားကုန်နေလို့ ဖြစ်နိုင်ပါတယ်။
တကယ်လို့ ရီမုတ်မှာအားအပြည့်ရှိနေလျက်သားနဲ့ အလုပ်မလုပ်တော့ တာဆိုရင်တော့ သေချာပါပြီ။
သင့်ကားကိုသက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြင်ဆင်မှုပြုလုပ်ရတော့မှာပါ။
Panic Button ကို စစ်ဆေးကြည့်ပါ
Painc
Button ဆိုတာကတော့ ရီမုတ်ကွန်ထရိုးအများစုမှာ ပါဝင်တတ်တဲ့ အ၀ါရောင် ဒါမှမဟုတ် လိမ္မော်ရောင်ခြယ်ထားတဲ့
ခလုတ်ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကားအချက်ပေးသံအဆက်မပြတ် မြည်နေတာ ဟာ ဒီခလုတ်အထဲကို ကျွံဝင်နေတာကြောင့်ဖြစ်တတ်တာပါ။
ဒါကြောင့်မို့ ကားအချက်ပေးသံ ရပ်တန့်လို့ မရဖြစ်နေချိန်မှာ ကိုယ်ကဒီခလုတ်ကို ဖိထားမိသလား
ဒါမှမဟုတ် ကိုယ့် Painc Button က အလုပ်ကောင်း ကောင်း မလုပ်ဖြစ်နေတာလားဆိုတာ ပြန်သတိထားကြည့်ဖို့လိုအပ်ပါတယ်။ Painc Button ကြောင့်ဖြစ်တာ ဆိုရင်တော့ ဟွန်းသံအဆက်မပြတ်ထွက်နေမှာဖြစ်သလို
စုံမီးတွေလည်း ပိတ်လိုက်/ပွင့်လိုက် ဖြစ်နေမှာပါ။
ပြီးတော့ တံခါးသော့ကို အပိတ်/ အဖွင့်လုပ်ရုံနဲ့လည်း ဒီလိုဖြစ်နေမှုက ရပ်သွားမှာ
မဟုတ်ပါဘူး။ ဒါကြောင့် ကားတံခါးကို အပိတ်/အဖွင့်လုပ်ပေမယ့် ကိုယ့်ကားအချက်ပေးသံက ရပ်မသွားသေးဘူးဆိုရင်တော့
ဒါဟာ Painc Button ကို ဖိမိထားလို့ဆိုတာ သိထားရမှာဖြစ်ပါတယ်။ သတိထားရမှာတစ်ခုကတော့
တချို့ကား Painc Button တွေဟာ သတ်မှတ်ထားတဲ့အချိန် အတိုင်း အတာတစ်ခုပြီးရင် သူ့ဟာသူ
အလိုအလျှောက် ရပ်နား သွားတတ်တယ်ဆိုတဲ့အချက်ကိုပါပဲ။
စက်နှိုးဖို့ မမေ့ပါနဲ့
တကယ်လို့
ကိုယ့်ကားကို တစ်စုံတစ်ယောက်က သော့မပါဘဲခိုးသွားမယ့် အန္တရာယ်က ကာကွယ်ထား တဲ့စနစ်တပ်ဆင်ထားတယ်ဆိုရင်တော့
ကားအချက်ပေးသံမြည်လာချိန်မှာ မမေ့မလျော့ဘဲ ပြုလုပ်သင့်တာ တစ်ခုကတော့ ကားစက်နှိုးလိုက်ဖို့ပဲဖြစ်ပါတယ်။
သော့ဖွင့်၊ တံခါးဖွင့် ကားထဲဝင်လိုက်ပြီး သူ့သော့နဲ့သူ စက်နှိုး လိုက်မှ ဒီအချက်ပေးသံက
ပျောက်သွားအောင် ဒီဇိုင်းဆင်ထားတာကြောင့်ပါ။ ဒါပေမယ့် တချို့ကားတွေ ကတော့ သော့နဲ့စက်နှိုးလိုက်ချိန်မှာတောင်
အချက်ပေးသံမြည်နေတာက ရပ်တန့်မသွားတတ်ပါဘူး။ ဒါဆိုရင် တော့ အချက်ပေးမှုကိုပြန်ပြီး Reset အလုပ်ပေးရပါလိမ့်မယ်။
Owner’s Manual ဖတ်ပါ
ဒီအချက်ကတော့
မလုပ်မဖြစ်ပြုလုပ်ရမယ့်အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကားမောင်းသူအများစု မလုပ်ဘဲ ကျော်သွားတတ်တာကလည်း ဒီအချက်ပဲဖြစ်နေတာကို
စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်။ ဒီစာအုပ်ဟာ ကိုယ်ဝယ်ယူမယ့် ကားအကြောင်းကို အသေးစိတ်ရှင်းပြထားတဲ့စာအုပ်ဖြစ်တာကြောင့်
ကိုယ့်စီးတော်ယာဉ်အကြောင်းကို အူမချေးခါးမကျန်သိချင်တယ်၊ ပြီးတော့ အကောင်းဆုံးထိန်းချုပ်နိုင်စွမ်း
ရှိချင်တယ်ဆိုရင်တော့ မဖြစ်မနေဖတ်ထားဖို့ လိုအပ်မှာပါ။ ကိုယ့်ကားက အချက်ပေးသံထမြည်ချိန်မှာ
သော့နဲ့ ဖြစ်စေ၊ ရီမုတ်နဲ့ဖြစ်စေ ပိတ်လို့မရတော့ဘူးဆိုရင်တော့ Owner’s Manual ကိုဖတ်ပြီး အဖြေရှာဖို့ မေ့မနေ သင့်ပါဘူး။
အခြားနည်းလမ်းကောင်းများ
သမာရိုးကျနည်းလမ်းတွေနဲ့ အချက်ပေးသံကို
ပိတ်လို့မရဖြစ်နေတယ်ဆိုရင်တော့ ဖျူ့စ်ကို ဖြုတ်ပစ် တာ၊ အချက်ပေးစနစ်နဲ့ ချိတ်ဆက်ထားတဲ့
ဘက်ထရီဖြုတ်ပစ်တာစတဲ့ နည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ပါ တယ်။ ဒီလိုလုပ်ပြီးမှ ကိုယ်တိုင်အဖြေရှာပြီး
အချက်ပေးစနစ် အသစ်လဲတပ်ဆင်နိုင်သလို လိုအပ်ရင် ကျွမ်းကျင် သူတွေ အကူအညီတောင်းပြီး ရှေ့ဆက်နိုင်ပါတယ်။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment