တစ်ခါတလေကိုယ့်ဘက်က
ရိုးရိုးသားသားနဲ့လူတစ်ယောက်ကို ချီးမွန်းစကားပြောလိုက်ပေမဲ့ဝေဖန် တယ်၊ အရွဲ့တိုက်တယ်လို့
ထင်သွားခံရတဲ့အခြေအနေမျိုးကြုံဖူးကြမှာပါ။ တစ်စုံတစ်ယောက်ကို ချီးမွန်းစကား ပြောပြီဆိုကတည်းက
သူတို့ကိုယ်သူတို့ ဂုဏ်ယူကျေနပ်ပျော်ရွှင်သွားစေချင်လို့ပါ။ အဲဒီတော့ ကိုယ်ချီးမွန်း
စကားပြောလိုက်တာကို ဆိုးဆိုးဝါးဝါးအထင်အမြင်လွဲခံရပြီဆိုရင်တော့ ချီးမွန်းစကား ပြောမဲ့နည်းလမ်းလေး
တွေဖတ်ကြည့်လိုက်ပါ။
မထီလေးစားအမူအရာရှောင်
ဒီအချက်က
စာနဲ့ပြောရတာခက်ပေမဲ့ တတ်နိုင်သလောက်တော့ ပြောပါမယ်။ တစ်စုံတစ်ယောက်ကို ချီးမွန်းစကားပြောတဲ့အခါ
ကိုယ့်အသံကစိတ်နှလုံးသားထဲက လေးလေးနက်နက်လာတဲ့အသံဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့်ကိုယ်ပြောတဲ့
စကားလုံးတွေ၊ လေသံတွေကို ဂရုစိုက်ပါ။ 'ကောင်းလိုက်တာ၊ တော်လိုက်တာ' ဆိုတဲ့စကားက မထီလေးစားသံနဲ့ပြောမယ်ဆိုရင်
သူ့ကိုစော်ကားသလို၊ အရွဲ့တိုက်သလိုဖြစ်ပြီး လေးလေး နက်နက်ပြောပါမှ ချီးကျူးတဲ့အသွင်ပေါက်စေပါတယ်။
ထူးခြားပါစေ
ဥပမာ
စတက်ဖ်နဲ့ ဟော့ကင်းကိုသချင်ဿာတော်တယ်လို့ပြောတာက
သူ့အတွက်ဘာမှမထူးခြား စေပါဘူး။ သူကဒီထက်မကတော်တဲ့ ချီးကျူးစရာကိစ္စတွေလုပ်ခဲ့ပါတယ်။
အဲဒါကြောင့် တစ်စုံတစ်ယောကို ချီးမွမ်းစကားပြောတော့မယ်ဆိုရင် လက်ရှိကိစ္စနဲ့အတူ အတိတ်ကကိစ္စရပ်တစ်ခုကိုပါတွဲပြီး
ချီးမွမ်းပေးပါ။ ဒါမှ လည်းသူ့ရဲ့နှလုံးသားထဲကို ကောင်းမွန်တဲ့သက်ရောက်မှုရှိစေပါလိမ့်မယ်။
စော်ကားတဲ့အသုံးအနှုန်းရှောင်
တစ်ခါတလေတော့
ကိုယ်ကချီးမွမ်းစကားပြောလိုက်တာပါ။ ဒါပေမဲ့အတိတ်က ကိစ္စတွေပါလာပြီး သူ့ကိုထိခိုက်၊ စိတ်ဆိုး၊
ဒေါသထွက်စေပါတယ်။ ဥပမာ 'ကြည့်ကောင်းလာတယ်၊ အရင်ကလို မ၀တော့ဘူး' ဆိုတဲ့စကားမျိုးပေါ့။
ပထမစကားက ချီးမွမ်းလိုက်ပေမဲ့ ဒုတိယစကားကအတိတ်ကို ပြန်ဖော်ပေးလိုက်သလိုဖြစ် စေပြီး
ချီးကျူးခံရပေမဲ့ စိတ်အနှောက်အယှက်ဖြစ်သွားစေပါတယ်။
ထိထိမိမိချီးကျူး
အားလုံးကိုခြုံငုံချီးမွမ်းစကား
ပြောတာမမှားပါဘူး။ ဒါပေမဲ့ အကြောင်းအရာကိုလည်း သတိထားမိဖို့ လိုတာပေါ့။ ဥပမာ 'ဒီနေ့မိတ်ကပ်ပြင်ထားတာလှတယ်'
ဆိုတာထက်' ဒီနေ့ဆံပင်ပုံစံလေးလှတယ်' ဆိုပြီး တစ်နေရာတည်းကို ကွက်ပြီးချီးကျူးလိုက်တာ
ကြားရသူကိုလည်းစိတ်ချမ်းသာသွားစေပါတယ်။
လက်ရှိလုပ်နေတာကိုချီးမွမ်း
တစ်ခါတလေ
လူတွေကိုချီးမွမ်းကြပါတယ်။ သူတို့လုပ်ခဲ့တဲ့ အလုပ်ကိုချီးမွမ်းကြပါတယ်။ အဲဒီလိုဆိုရင်
လက်ရှိကြိုးစားနေတဲ့အလုပ်ကိုရော ချီးမွမ်းဖို့မကောင်းဘူးလား။ ဒါကသူတို့အလုပ်အပေါ် ရှေ့ဆက်ဖို့လည်း
ခွန်အားတစ်ခုဖြစ်စေတယ်လေ။
ကွဲပြားပါစေ
ဥပမာ
အပြေးပြိုင်ပွဲတစ်ခုမှာ ရှုံးတဲ့ကလေးတစ်ယောက်ကို စိတ်ဓာတ်မကျစေဖို့ချီးမွမ်းစကား ပြောာကလိမ့်မယ်။
အားလုံးပြောသွားမှာကတော့ သာမန်ပါပဲ။ ဒီလိုသာမန်တွေထဲက ဘယ်လိုကွဲထွက် အောင်ချီးမွမ်းမလဲ…။
'မင်း ကောင်းကောင်းပြေးခဲ့တာပဲ။ အနည်းဆုံးချော်လဲပြီးဒဏ်ရာမရခဲ့ဘူး..’ ဆိုတာမျိုး လေ။
မချဲ့ကားလွန်းနဲ့
အရမ်းမချဲ့ကားလွန်းပါနဲ့။
ဒါမရိုးသားတဲ့အသံထွက်စေပါတယ်။ ဥပမာ 'ကမ္ဘာမှာအတော်ဆုံး'ဆိုတဲ့ ချီးမွမ်းစကားမျိုးပေါ့။
ချီးမွမ်းခံရသူကိုတောင် သံသယဖြစ်စေပါလိမ့်မယ်။ ရွဲ့ပြောနေတာများလားပေါ့။
ပြန်လိုချင်တာရှိလို့မချီးမွန်းနဲ့
တစ်ခါတလေချီးမွမ်းစကားတွေမှာ မျှော်လင့်ချက်တွေပါလာပါတယ်။
ဒီလိုချီးမွမ်းစကားပြောလိုက်လို့ အမြတ်ပြန်ရမလဲဆိုတာမျိုးပေါ့။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment