ဆယ်ကျော်သက်အရွယ်မှာ
ယောက်ျားလေးတစ်ယောက်အတွက် စတိုင်ကျအောင်ဝတ်ဆင်တယ်ဆိုတာ ခက်ခဲလှပါတယ်။ ငယ်စဉ်ကလေးဘ၀တုန်းကတော့
အမေလိမ်းပေးထားတဲ့ သနပ်ခါးပါးကွက်ကြား၊ ဘောင်းဘီတို၊ အင်္ကျီလက်ပြတ်ကလေးတွေနဲ့။ ဒါပေမဲ့
မြင်မြင်သမျှ စိတ်လှုပ်ရှားခံစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်၊ သူများလုပ်တာမြင်သမျှအားကျ
အတုခိုးတဲ့အရွယ်မှာတော့ Fashion ဆိုတာကို မသိရင်တောင် အပြင်သွား၊ သူငယ်ချင်းတွေနဲ့လျှောက်လည်ရင်
လန်းလန်းလေးဝတ်ရမယ်ဆိုတဲ့စိတ်ကူးက မသိစိတ်ထဲမှာကိန်းအောင်းနေပါပြီ။ အဲဒီအခါ လမ်းလွဲလိုက်မိတာကတော့
မင်းသား၊ မင်းသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေပါပဲ။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားနဲ့ နှိုင်းယှဉ်မိတော့
ကိုယ်ပဲစိတ်အားငယ်ရတာပေါ့။ အဲဒီအတွက် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးများအတွက် ကိုယ့်မှာရှိတာလေးနဲ့
စတိုင်ကျအောင်ဝတ်ဆင်ဖို့ နည်းလမ်းလေးတွေကိုတင်ပြပေးလိုက်ပါတယ်။
သက်သောင့်သက်သာဖြစ်တာကိုရွေးချယ်ပါ
ဒါကတော့ Fashion
နဲ့ပတ်သက်လာရင် အားလုံးကြားဖူးပြီးသားဖြစ်မှာပါ။ ဘယ်ကိုသွားသွား ကိုယ့် အတွက်နေရ ထိုင်ရသက်သာစေမယ့်
အ၀တ်အစားပေါ့။ သူငယ်ချင်းတွေနဲ့ ကစားကွင်းသွားတာ ပုဆိုးနဲ့ ရှပ်လက်ရှည်ကြီးဝတ်သွားလို့ဖြစ်မလား။
ဘုရားသွားကျောင်းတက်လုပ်တာကို Punk ကြီးလိုလို ၊Rocker
ကြီးလိုလို ၀တ်လို့ဖြစ်ပါ့မလား။ အများအမြင်မှာမသင့်တော်သလို ကိုယ့်အတွက်လည်း နေရထိုင်ရခက်စေပါတယ်။
ဒါကြိုက်လို့
ဒါဝတ်တယ်
တချု့ကောင်လေးတွေရှိပါတယ်။
ငါက Punk ကြီး၊ Rcker ကြီးဆိုတာတွေလေ။ အင်္ကျီအ နက်ကြောင်ကြောင်ကျားကျားဝတ်၊ အဆူးပါတဲ့လက်ပတ်ကြီးတွေ၊
ဖိနပ်တွေဝတ်၊ ဆံပင်ကိုလည်း လူကြား ထဲမှာ ပုတ်သင်ညိုလို တထောင်ထောင်လုပ်နေတဲ့ Punk တွေ၊
ဆံပင်ရှည်ကြီးထား ခေါင်းလေးတဝေ့ဝေ့နဲ့ ဆံပင်သပ်နေတဲ့ Rocker ကြီးတွေ။ ပွဲလမ်းသဘင်မဟုတ်ဘဲနဲ့
လူကြားထဲမှာ ထိုးထိုးထောင်ထောင်၊ ဖိုးရိုးဖားရားနဲ့ အလွန်တရာရုပ်ဆိုးလှပါတယ်။
ဒါဝတ်အီစွပ်
တချို့ယောက်ျားလေးတွေရှိပါတယ်။
မိန်းကလေး သို့မဟုတ် သူငယ်ချင်းတွေက မြှောက်ပေးလို့ဖြစ်စေ၊ ကိုယ်ကြိုက်လို့ဖြစ်စေ တီရှပ်နဲ့ဂျင်းဘောင်းဘီ၊
ရှပ်နဲ့ဂျင်းဘောင်းဘီ အမြဲဝတ်ဆင်နေတာတွေ။ နေ့စဉ်နေ့တိုင်း ဒီပုံစံပဲဝတ်နေရတာ ရိုးစင်းလှပါတယ်။
အဲဒါကြောင့် အမြင်လည်းဆန်းစေ၊ Fashion လည်းကျစေဖို့ ကာကီဘောင်းဘီနဲ့ ရှပ်သို့မဟုတ်
ကာကီဘောင်းဘီနဲ့တီရှပ် မ၀တ်ဘူးတဲ့ဒီဇိုင်းကို ပြောင်းလဲဝတ်ဆင်ကြည့်ဖို့ အကြံပြုပါတယ်။
Accessories
ယောက်ျားလေးတစ်ယောက်ဖြစ်ရတာ
မိန်းကလေးတွေလို Fashion ကျလှပဖို့ Accessories တွေမျိုးစုံ ၀ယ်ဝတ်နေစရာမလိုတဲ့အတွက်
ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ နာရီကောင်းကောင်းလေးတစ်လုံး၊ ဒီဇိုင်းဆန်းတဲ့ ဦးထုပ်လေး
(၂)လုံး၊ ခါးပတ်လေး (၃)မျိုးရှိရင် ယောက်ျားလေးတစ်ယောက်အတွက် ပြည့်စုံပြီလို့ထင်ပါတယ်။
အရေးကြီးဆုံးဖိနပ်
ယောက်ျားလေးတစ်ယောက်အတွက်
ခေါင်းအစခြေအဆုံး ၀တ်ဆင်မှုကို ပြီးပြည့်စုံသွားစေမှာကတော့ ဖိနပ်ပဲဖြစ်ပါတယ်။Slipper
ကောင်းကောင်းတစ်ရံနဲ့ ဘယ်အရောင်နဲ့ဝတ်ဝတ်လိုက်ဖက်တဲ့ ရှူးအနက်ရောင် သို့မဟုတ် အဖြူရောင်တစ်စုံလောက်ရှိရင်
မလုံလောက်ဘူးလား။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment