ကားမောင်းတယ်ဆိုတာ
အပြင်ပန်းအရကြည့်တော့သာ လွယ်ကူတယ်ထင်ရပေမယ့် တကယ်တမ်း မောင်းကြည့်တဲ့အခါ အန္တရာယ်ကင်းကင်းမောင်းနိုင်ဖို့က
အတော်လေးခက်ပါတယ်။ အခုလို ကားတွေ များပြား လာတဲ့ခေတ်ကြီးထဲမှာ ကားမတော်တဆဖြစ်မှုတွေကလည်း
တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာပြီး လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးနေရပါတယ်။
ဒါပေမယ့် ကားမမောင်းခင် ကားနဲ့ပတ်သက် တာမှန်သမျှ စစ်ဆေးမယ်ဆိုရင် ကားမတော်တဆဖြစ်မှုတွေကို
ကိုယ့်ဘက်ကအတတ်နိုင် ဆုံးရှောင် လွှဲနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ခရီးဝေးပဲထွက်ထွက်၊ ခရီးတိုပဲထွက်ထွက်
ကားနဲ့ပတ်သက်လို့ ကြိုတင် စစ်ဆေးသင့်တာလေးတွေကို ဖော်ပြပေးချင်ပါတယ်။
ခရီးတိုထွက်တော့မယ်ဆိုရင်
ပထမဆုံးအနေနဲ့
စိမ့်ထွက်နေတဲ့ အပေါက်တွေရှိမရှိစစ်ဆေးသင့်ပါတယ်။ ဆီတစိမ့်စိမ့် ထွက်နေ ရင်းနဲ့ ကားမောင်းတာအန္တရာယ်အလွန်များပြီး
စတီယာရင်၊ ဘရိတ်နဲ့ကားအင်ဂျင်အပူပေးတဲ့ကိရိယာတွေ အလုပ် မလုပ်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ကားတာယာတွေ
သတ်မှတ်ထားတဲ့ လေပေါင်ချိန်အတိုင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။ ကားတာယာ တွေလေပေါင်မပြည့်ရင်
အဆိုးရွားဆုံးအနေနဲ့ ကားတိမ်းမှောက်သွားနိုင်ပါတယ်။ နောက်ပြီး ကားမထွက်ခင် စစ်ဆေးသင့်တဲ့အရာက
မီးတွေနဲ့ပတ်သက်ပါတယ်။ ကားမထွက်ခင် တစ်ယောက်ယောက်ကို ကားနောက်မှာ ကြည့်ခိုင်းပြီး ကိုယ်ကကားစက်နှိုးကာ
ဘယ်ညာအချက်ပြမီးတွေကောင်းမကောင်း၊ ဘရိတ်နင်းလိုက်ရင် မီးလင်းတဲ့အချက်ပြ မီးအလုပ်မလုပ်ဆိုတာတွေကို
စစ်ဆေးခိုင်းသင့်ပါတယ်။ အဲဒီလူကို ကားရှေ့မှာထားပြီး အရှေ့ကမီးတွေ မှန်မှန်ကန်ကန် အလုပ်လုပ်ရဲ့လားဆိုတာ
စစ်ဆေးခိုင်းသင့်ပါတယ်။
ဘယ်ကြည့်၊
ညာကြည့်မှန်တွေနဲ့ နောက်ကြည့်မှန်တွေကိုလည်း ကိုယ်ကားမောင်းမယ့်နေရာနဲ့ အသင့်တော်ဆုံး
အနေအထားမှာရှိရဲ့လားဆိုတာ စစ်ဆေးရပါမယ်။ ကားမှန်ပြတင်းပေါက်တွေမှာလည်း ကိုယ့်ရဲ့အမြင်အာရုံကို
ေ၀၀ါးစေနိုင်တဲ့ ဖုန်မှုန့်၊ သဲမှုန့်တွေရှိနေရင် ရှင်းလင်းပေးဖို့လည်း လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ လေ၀င် လေ ထွက်အပေါက်တွေ၊ အပူပေးစနစ်၊ အအေးပေးစနစ်တွေ ပုံမှန်အနေအထားအတိုင်း
အလုပ်လုပ်ရဲ့လားဆို တာ စစ်ဆေးရမှာဖြစ်ပါတယ်။
ခရီးဝေးထွက်တော့မယ်ဆိုရင်
ပထမဆုံး
ဆီနဲ့ပတ်သက်တာတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ အပတ်တိုင်း စစ်ဆေး ရမှာဖြစ်ပြီး
ဘရိတ်၊ ပါဝါစတီယာရင်ဆီနဲ့ အင်ဂျင်စက်အအေးပေးရာမှာ အသုံးပြုတဲ့ဆီတို့ကို တစ်လတစ်ကြိမ်
ဒါမှမဟုတ် ခရီးဝေးမထွက်ခင်မှာ အဲဒီဆီတွေသတ်မှတ်ထားတဲ့နှုန်းအတိုင်းအပြည့်ရှိ မရှိစစ်ဆေးရမှာဖြစ်ပါ
တယ်။ အဲဒီလို ဆီတွေစစ်ဆေးရာမှာ အင်ဂျင်က အေးနေဖို့လည်းလိုအပ်ပြီး တကယ်လို့ လိုအပ်ရင်
ဝိုက်ပါဆီကို လည်း ဖြည့်ထားသင့်ပါတယ်။
ကားမှတ်တမ်းစာအုပ်ကိုလည်း
သေချာဖတ်ရှုလေ့လာရမှာဖြစ်ပြီး အမျိုးမျိုးသောဆီတွေရဲ့ သတ်မှတ် နှုန်းထားတွေကို လေ့လာရမှာဖြစ်ပါတယ်။
ဓာတ်ဆီ၊ ဘရိတ်ဆီ၊ ပါဝါစတီယာရင်ဆီစတဲ့ အင်ဂျင်ဆီ အမျိုးမျိုး ဟာ ကိုယ့်ဘာသာကိုယ် အလွယ်တကူစစ်ဆေးလို့ရတဲ့
အရာတွေဖြစ်ပြီး စက်ခေါင်းအဖုံးအောက်မှာ ဆီတိုင်းတုတ် လည်းရှိပါတယ်။ အင်ဂျက်စက်ကို အအေးပေးရာမှာသုံးတဲ့
အရည်ကတော့ ပုံမှန်အားဖြင့် ကားသစ်တွေဆိုရင် ရေတိုက်ကီထဲမှာ ပလက်စတစ်ပုံးနဲ့ ထားတတ်ပါတယ်။
ခရီးဝေးတစ်ခုမထွက်ခင်
နောက်ထပ်စစ်ဆေးသင့်တဲ့အရာ ကတော့ ဘက်ထရီအိုးပါပဲ။ အဲဒီလို ဘက်ထရီအိုးတွေကို စစ်ဆေးရာမှာ
စက်ပြင်ဆရာကပဲစစ်ဆေးနိုင်ပေမယ့် ကိုယ့်အနေနဲ့ ဘက်ထရီအိုးထဲမှာ အက်ဆစ်နည်းနေသလား၊ ပုံမှန်အတိုင်းရှိနေသလားဆိုတာကိုတော့
စစ်ဆေးနိုင်ပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ တစ်ခုခုမှားယွင်းနေမယ်ဆိုရင်တော့ ၀ပ်ရှော့မှာ
စက်ပြင်ဆရာနဲ့ ပြသပြင်ဆင်သင့်ပါတယ်။ နောက်ပြီး ခရီးဝေး တစ်ခုမထွက်ခင် လေစစ်ဇကာတွေကိုလည်း
ပုံမှန်အတိုင်းအလုပ်မလုပ် စစ်ဆေးသင့်ပါတယ်။ နောက်ဆုံး အနေနဲ့ လုပ်ရမှာကတော့ ကားဘီးအပိုကို
စစ်ဆေးရမှာပဲဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment