အန်ကယ် မေးစရာရှိလို့၊
FB Q ဒီသင်္ကြန်ပိတ်ရက်မှာ ဘုန်းကြီးအပြီးဝတ်မလို့
ဆိုတာဟုတ်ပါသလား…
အန်ကယ်ကတော့
နိုးပါ။ မ၀တ်နိုင်သေးပါဘူးဗျာ။ ရဟန်းခံတယ်ဆိုတာ ပွေးကင်းရတယ်၊ ကြွေးကင်း ရတယ်၊ အန်ကယ့်မှာ
ရစရာကြွေးလည်းရှိ ပေးစရာကြွေးလည်းရှိနေလို့ ဘုန်းကြီးဝတ်လည်း ရဟန်းမမြောက်ပဲ ကိုရင်ကြီးပဲဖြစ်
နေမှာမို့ အန်ကယ်ကတော့နိုးပါလို့ ပြောလိုက်တာပါ။
FB Q ဒါဆိုလည်း ဟန်ကျတာပေါ့ကျွန်တော်တို့ ခရီးထွက်မလို့ လိုက်ခဲ့ပါလားဗျ…
ဒါလည်းအန်ကယ်ကတော့
နိုးပါပဲ… သင်္ကြန်ရက်မှာ မြို့ပြင်ခရီးထွက်တာ တစ်ချို့နေရာဒေသတွေ မှာ ဘယ်လိုပေါ်လာတဲ့
မသိတဲ့စရိုက်ဆိုး အချို့နဲ့တွေ့နေကြတာမို့ စိတ်ပျက်တာလည်းပါတယ်။
ဒါကတော့
နေရာဒေသနာမည်တော့ တပ်မပြောတော့ပါဘူး။ တော်တော်များများမှာ လာသမျှကားကို တုံးတားပြီး
အလှုခံဆိုပြီး မိုက်ကြေးခွဲတောင်းတဲ့ ဓလေ့တွေပေါ်ထွန်းနေတယ်။
အလှူခံတယ်ဆိုပြီး
ထည့်သလောက်နဲ့မရဘူး။ သူတို့ကြိုက်ဈေးရမှကားကို လွှတ်ပေးတယ်။ ကားထဲမှာ မိန်းခလေးတွေပါရင်
တံခါးဖွင့်ခိုင်းပြီး အတင်းရေလောင်းမယ်။
ချောင်းရေ
မြောင်းရေတွေနဲ့ဆိုတော့ အထဲကထိုင်ခုံတွေဝါယာတွေအတွက် ဘေးဖြစ်နိုင်ပါတယ်။ ဒါ တွေကိုစိတ်ပျက်လို့
အန်ကယ်က နိုးပါလို့ပြောလိုက်ရတာ။ ကျေးဇူးတင်ပါတယ်
မောင်ကျော်ထက်ပြောင်
FB Q ကျွန်တော်တို့က ပရိုဘောက်နဲ့သွားမှာ
1.3 Lit ပါ။ ဒီအင်ဂျင်နဲ့ ခရီးဝေးသွားတာ ကောင်းလား...
လမ်းမှာမီးထလောင်မှာကြောက်လို့ ပိုပိုလိုလိုအိပ်ဇောထဲက
ကျောက်ဇကာခွဲသွားချင်တယ်။ ဒါလေးကို ဘယ်လိုသဘောရသလဲ အန်ကယ် ပြောပါဦး။
ဒီလိုလုပ်မယ်ဆိုတာကိုလည်း
အန်ကယ်ကတော့ နိုးပါပဲ။ 1300cc ဖြစ်ဖြစ် 660cc ဖြစ်ဖြစ် ဘယ်ကား မဆို ခရီးဝေးသွားလို့ရပါတယ်။
အင်ဂျင်ကြီးလို့ သေးလို့ရယ်အတင်းကန့်သတ် ချုပ်ချယ်ထားတာ မရှိပါဘူး။ ပရိုဘောက်
1.3/1.5 ဘာကားဖြစ်ဖြစ် လူ၁၀ယောက်ဆိုရင် တံခါးပိတ်ပြီးထည့်ရင်မနဲတင်ရပါမယ်။
660cc ခွေးဘီလူးဟိုက်ဂျက်
မီနီထရပ်လေးတွေကို လေးအပိုတစ်ချောင်းတပ်ပြီးရင် နောက်မှာ ၁၀ယောက် ခေါင်းခန်းမှာမောင်းသူအပါအ၀င်
၂ ယောက်အမိုးပေါ်မှာလည်း ခရီးဆောင်အိတ်တွေတင်ပြီး အမြန်လမ်းမှာရော အညာကလမ်းမှာရော တောင်တက်လမ်းမှာရော
ဗျင်းချင်သလိုဗျင်းနေကြတာ လက်တွေ့ပါပဲ။ ပြောချင်တဲ့စကားက
အင်ဂျင်သေးလို့ ကြီးလို့မဟုတ်ဘူး။ နည်းစနစ်ပိုင်းအရ ကားကိုမနိုင်ဝန်မထမ်း ခိုင်းမိဖို့ပါပဲ။ မနိုင်ဝန်ထမ်းတယ်ဆိုတာ
မျက်စေ့နဲ့ကြည့်ပြီး လူတွေ ကုန်တွေ မတရားတင်ပြီးသွားနေတာကို ပြောနေတာမ ဟုတ်ဘူး။
အင်ဂျင်က
စားချင်တဲ့လောင်စာဆီ အရည်အသွေးနိမ့်မယ်။ ထည့်သုံးထားတဲ့ Spark Plug အရစ် အတိုအရှည်
ကွာလတီစသဖြင့် အလွဲသုံးထားတဲ့ကားအင်ဂျင်များကလည်း စွမ်းအင်ကို ဖြစ်ညှစ်ထုတ်ရလို့ ဒါလည်း
မနိုင်ဝန်ထမ်းခြင်းတစ်မျိုးပါပဲ ဒါကိုပြောချင်တာမောင်။
ဒီတော့
အင်ဂျင်မှာအပူ၂ မျိုးဖြစ်တဲ့ အပြင်ပူအတွင်းပူ ၂ ခုစလုံး သို့မဟုတ် တစ်မျိုးမျိုးနဲ့
မပေးစားရပဲ ညားလိုက်လို့ကတော့ ကားအင်ဂျင်ခန်း မီးထလောင်တတ်တယ်မောင်။
ဒီအကြောင်းလေးကို
အန်ကယ် ခုရက်ပိုင်း ၁-ပိုင်းတင်ပြီးပြီ။ နောက်တစ်ပိုင်းကို မီးအလာပြန်စောင့်ပြီး တင်ပေးဦးမယ်။
ခုတော့ မီးလေးခဏပိတ်ခိုင်းထားလို့ပါ။
ယေဘူယျအခြေအနေအရ
အင်ဂျင်အပြင်ပိုင်းက အပူဆုံးအပိုင်းက ကဲတယ်လစ်ဆိုတဲ့ကျောက်ဇကာ ပါပဲ။ ဒါကိုပဲ အလွယ်မြင်မိတွေး
မိကြတော့ ဒါကြီးမပူရင်မီးလောင်ဖို့ အခြေအနေလျော့နိုင်တယ်ထင်ပြီး အမြင်နဲ့ အထင် ဟုတ်မှန်းမဟုတ်မှန်းမသိ
ခွဲထုတ်နေကြတာကို တွေ့လာရပါတယ်။
ကားမီးလောင်တာကလည်း
ကြောက်စရာကောင်းတာကို။ ခွဲထုတ်လိုက်တဲ့ကားမီးမလောင်ဖို့ စိတ်ချရပြီလားဆိုတော့ ဘယ်သူမှ
အာမခံမပေးရဲပါဘူး။
ကျောက်ဇကာဆိုတာ
စီးကရက်နောက်ပိုင်းကဖင်အစီခံလို သဘောအတိုင်းပါပဲ။ အဆိပ်တွေ ဆေးဂျီး တွေက လူကိုဒုက္ခမရောက်အောင်
တားပေးထားသလို ကျောက်ဇကာကလည်း ကားထဲကထွက်လာမယ့် အဆိပ်ငွေ့တွေကို ပြင်ပ၀န်းကျင်ထဲရောက်လာရင်
နည်းနိုင်သလောက်နည်းအောင် လျှော့ချပေးဖို့ ငွေကုန်ကြေး ကျခံပြီး အထူးလုပ်ဆောင်ပေးထားတာပါ။
တန်ဖိုးရှိလား မရှိလား သိချင်ရင် စလင်းကွင်းနားက အိပ်ဇောဆိုင်မှာ ကျောက်ဇကာခွဲရင် ထမင်းလည်းကျွေး
နင်းလည်းပေးတယ်တဲ့ အလကားခွဲပေးတယ်။ ပိုက် ဆံ ၂ သောင်း ၃သောင်းလည်း ပြန်ပေးတယ်တဲ့။
အထဲကအမြုတေ
တန်ဖိုးရှိ သတ္ထုကိုစုထားပြီး တရုတ်ကိုပြန်ပို့လိုက်ပါတယ်။ ဈေးကောင်းရပါတယ်တဲ့ သိပလား။
ဒါကြောင့်
ကားမီးလောင်မှု သဘောတရားများစွာရှိတဲ့အထဲက ကျောက်ဇကာကို အဓိကတရားခံအဖြစ် စွတ်စွဲကာဖြုတ်ထုတ်သတ်
လုပ်လိုက်တာကို သဘောမတွေ့ပါဘူး။ အခြားကားများလည်း အခြေအနေ အမျိုးမျိုးနဲ့ မီးထလောင်ပြန်ရော…
ဒါကြောင့် မောင်ရင်မေးတဲ့သဘောထားကို အန်ကယ်ကတော့-နိုးပါ။
FB Q နွေမှာအရမ်းပူ ဒီနှစ်မှာလည်း အပူချိန်က
၂ ဒီဂရီ လည်းတိုးအုံးမယ်တဲ့ ဒါကြောင့် လမ်းထဲက၀ပ်ရှော့ ဆရာက ရေတိုင်ကီထဲက ဆေးရည်ကိုဖေါက်ထုတ်ပြီး
ရိုးရိုးရေလဲသွားပြီးတော့ ဘာတဲ့ သာမိုစတက် ဆိုတာကို လည်းအပြီးထုတ်ပလိုက်တဲ့ ဒါလေးကိုလည်း
အန်ကယ်သဘောထားလေးပြောပေးပါအုံး…
ခုမေးလိုက်တဲ့
ရေတိုင်ကီနဲ့ ပတ်သက်သမျှကိစ္စကိုလည်း အန်ကယ်ကလည်းနိုးပါပဲ
ရေတိုင်ကီလို့အမြဲထင်နေသမျှ
ခုမေးတဲ့မောင်ရင်တို့ ဒီလိုလေးတွေ ထင်နေအုံးမှာပဲ။
ရေဒီရေတာပါ။
ရေအစား ကူးလန့်ဆိုတဲ့ ဓာတ်ဆေးရည်နဲ့ ပြောင်းသုံးပါတယ်။ ဆေးရည်ထုထည် အလွှာကိုတတ်နိုင်သမျှအလွှာပါးလေးတွေလုပ်ပေးဖို့…
ရေဒီရေတာလိုင်းလေးတွေကို
ပါးနိုင်သမျှပါး များနိုင်သမျှများလာကာ အပူကူးခြင်း
နည်း ၃မျိုးစလုံးနဲ့ Thermal Transfer လုပ်ပေးဖို့ကြိုးစားပေးထားပါတယ်။
အများကြီးပြန်အေးဖို့လည်း
မရည်ရွယ်ပါဘူး။ NOT ဆိုတဲ့ Normal Operating Temperature ဆိုတာကိုလည်း ထိန်းပေးထားရဖို့
လိုအပ်နေပြန်တယ်။ အဲဒီအပူချိန်မရှိရင် ကားကကွန်ပျူတာက သတင်းမှား တွေလက်ခံပြီး လုပ်ဆောင်မှုတွေမှားမှာမို့
စက်စွမ်းအားကျပါလိမ့်မယ်။ သက်တမ်းလည်း တိုပါလိမ့်မယ်။
ဒါကြောင့်မို့
အန်ကယ်ကတော့ နိုးပါ။
လမ်းကဆီတွေကိုစိတ်မချရလို့-စားအုံးဆီအ၀ါပုံးအလွတ်တွေနဲ့
၁၂ ဂါလံလောက်ဆောင်သွားချင်တယ်။ အန်ကယ့်သဘောလေး ပလိစ်။
ဒီလောက်ပုံရိပ်ကောင်းတဲ့
နာမည်ရပြီးသားဆီဆိုင်တွေမိုင် ၁၀၀ အတွင်း ၁ဆိုင်မကရှိနေတာကို ဟို ခေတ်ကလိုအတွေးနဲ့
မောင်ရင်ကဆောင်သွားချင်တဲ့ကိစ္စ…
အန်ကယ်ကတော့နိုးပါ။
ဘယ်ကားမဆို
ဆီအပြည့်ထည့်ထားလို့ကတော့ မိုင် ၂၀၀ ခရီးကို ကောင်းကောင်းရောက်ပါတယ်။ ဆီကျန်လည်းရှိနေဦးပါမယ်။
ပလပ်စတစ်ပုံးနဲ့
ဓာတ်ငွေ့ရည်သဘောရှိတဲ့ဓာတ်ဆီဟာ နွေလိုပူပြင်းခြောက်သွေ့တဲ့အခြေအနေမှာ ကတော့ထဲလောင်းချချ
ပလပ်စတစ်ပိုက်နဲ့ စုတ်ထည့်လိုက်တာနဲ့…
အချိန်မရွေးမျက်လှည့်ပြသလို
မီးထလောင်တတ်ပါတယ်။ သတင်းစာမဖတ်ဖူးလား။ ခု ခဏခဏ ဖြစ်နေတာကို ပလပ်စတစ်ကိုတစ်ခုခုနဲ့
အချိန်တစ်ခုအတွင်းပွတ်မိရင် တည်ငြိမ်လျှပ်စစ်ထွက်လာတယ်။ ဓာတ်ဆီက ကတော့ကိုပွတ်ကို ပွတ်တာပေါ့။
ဒါကိုပြောတာ။ ဒါကြောင့်နိုးပါ။
နောက်ပြီး နောက်ခန်းမှာထိုင်တဲ့သူများမယ်။
ပစ္စည်းလည်းတင်မယ်။ ဒါကြောင့် ပိုလတ်သေးတဲ့ တာယာကိုနောက်ဘီးမှာတပ်မယ်။ ပန်းနည်းနည်းပါး
သက်တမ်းနည်းနည်းများတဲ့ တာယာကိုရှေ့ဘီးမှာ တပ် သွားမယ်ဖြစ်မလား
နိုး
နိုး ဟိုး ဟိုး ဆရာ အန်ကယ်စကားတောင် မချီနိုင်တော့ဘူး။မလုပ်နဲ့။
မောင်ရင့်ကားရှေ့ဘီးကအဓိက
မောင်းနှင်ပေးတဲ့ ၀န်ကိုထမ်းရမယ့် ရှေ့ယက်အမျိုးအစား နောက်ပြီး ဟိုကွေ့ဒီကွေ့ဖို့တာဝန်လည်း
ထမ်းဆောင်ရသေးတယ်။
ရှေ့ဘီးစကွဲရင်
ကားမှောက်ဖို့ လမ်းဘေးထိုးကျဖို့ ပိုအခွင့်အလမ်းများတယ်။ နောက်ဘီးပွင့်လည်း ကားမှောက်နိုင်တာပဲ
အထူးသဖြင့် ကွန်ကရစ်လမ်းကို ဘာတာယာနဲ့မှ သွားမစမ်းနဲ့ မှတ်ကျောက်တင်ထား လိမ့်မယ်။ သက်တမ်း
အလတ်ဆုံးတာယာကို ရှေ့ ၂ ဘီးမှာထည့် ၀ှီးဘယ်လန့်စင်းဆိုတဲ့ ၀ိတ်တုံးချိန်ညှိတာကို တာယာဆိုင်ကြီးမှာလုပ်သွား။
နောက်ကိုလည်း
စိတ်ချရတဲ့ တာယာသာထည့်သွား။
မောင်ရင်တို့လူအရေအတွက်နဲ့
ထည့်သွားမယ့်တာယာတန်ဖိုးကို ပျမ်းမျှတွက်စားကြည့် ၁ ယောက်ချင်းစီ အတွက် အသက်အာမခံ ၅၀၀၀
ကျပ်တောင်မရှိပါဘူး။
ဒါကိုနားလည်သဘောမပေါက်ရင်လည်း
မောင်ရင့်သဘော။
ဒါကြောင့်
မောင်ရင်တာယာကို နှပ်ချီးကျမယ့်ကိစ္စ အန်ကယ်ကတော့ နိုးပါ။
အန်ကယ်ကလည်း ဘာပြော ပြော နိုးချည်းပဲ။
ကဲနောက်ဆုံးတစ်ခုမေးမယ် ဘာမဆိုလူထက်ဘာမှတန်ဖိုးမရှိလို့ ကားကိုကြိုတင်ကာ ဂရုတစိုက်
ပြင်ဆင်သွားမယ်။ လမ်းမှာထည့်သင့်တဲ့ဆီဆိုင်စာ ရင်းအန်ကယ်အရင်ပြော
ရန်ကုန်အထွက်ကထဲက-၉၅
Ron ထည့်မယ်။
ကူးလန့်
စိမ်း/နီ တစ်ဗူးလည်း ရေရောပြီး ဆောင်သွားမယ်။ တာယာကိုအထူးဂရုစိုက်ထည့်သွားမယ်။ မီးသတ်ဆေးဗူးဆောင်
သွားမယ်။ စပါယ်ယာဘီးနဲ့တကွ ဆောင်သင့်တဲ့ပစ္စည်းတွေ ဆောင်သွားမယ်။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment