ကားတာယာနဲ့ပတ်သတ်လို့











မြို့တွင်းအတွက်ဖြစ်ဖြစ် မြို့ပြင်အတွက်ဖြစ်ဖြစ် ခုလက်ရှိအရေးကြီးဆုံးက ကားတာယာပါ။ ကား တာယာနဲ့ပတ်သက်လို့ အရင်တုံးက သုံးနေတဲ့တာယာအကြောင်းကို ပြန်ပြောင်းသတိတရနဲ့ ရေးလိုက်ပါ ရစေ။
 ဟိုတုန်းကသုံးတဲ့တာယာများက လေလုံးဆိုတဲ့ကျွတ်သပ်သပ် တာယာသပ်သပ်နဲ့ ဂွေမှာတတ်ဆင် မောင်းကြတာများပါတယ်။ တာယာကလည်း နိုင်လွန်ဆိုတဲ့ အခေါ်များနဲ့ထုတ်လုပ်ကြပါတယ်။ Ply ဘယ်နှ ထပ် ရှိလဲ 4-Ply/6Ply စသဖြင့်ရော်ဘာကိုလိပ်တဲ့ အထပ်ရေသဘောမျိုးကို ပြောဆိုရောင်းကြတယ်။ စတီး ဆိုတာမရှိသ လောက်ပါပဲ။ သူကလေနည်းရင် လိမ်တယ်။ ဘီးပေါက်လို့ ကြာကြာလှိမ့်မိရင် လိမ်တယ်။ ချိုင့်ထဲပြင်းထန် စွာဆောင့်ကျမိရင်လည်း လိမ်တတ်တယ်။ ဒါကြောင့် ခိုင်းစားမယ့်ကားတော်တော်များများက နိုင်လွန်ဆိုတဲ့ တာယာကိုပိုသုံးကြတယ်။ ၀ိတ်တင်မောင်းဖို့အဓိက မြန်မြန်မောင်းဖို့ မဟုတ်ဘူးဆိုတဲ့ အခြေအနေတစ်ရပ် ကြောင့်လည်းပါပါတယ်။ ဒီတာယာတွေကလည်း ဘယ်လောက်ကောင်းသလဲဆိုရင် ပန်းကတုံးပြောင်တဲ့ အထိမောင်းလို့ရတယ်။ ပန်းအရာလေးမပျောက်တစ်ပျောက်မှာလည်း ပန်းသားကို စက်နဲ့ ပြန်ထိုးပြီးသုံးကြ သေးတယ်။ နောက်ဆုံး အဆင့်အထိ လွှင့်မပစ်ရသေးဘူး။

ဘာတဲ့ ကွန်ပေါင်းတင်ပြီး ကုန်အောင်ဆက်သုံးကြသေးတယ်။ အကွဲရာတွေ့လည်း အထဲက လိုင် နာခံ ပြီး ခေတ္တခဏမရှိသုံးသုံးကြပြန်သေးတယ်။ ဒီလောက်အထိရှိခဲ့ပါတယ်။ ခုခေတ်ဂွေကိုင်တဲ့ ကားဆရာ များ တာယာပန်းထိုးတာကိုလည်းမမြင်ဘူးပြီ ကွန်ပေါင်းဆိုတာ ဘာလဲလို့ပြန်မေးရတဲ့အထိ မသိကြရပြီ။

          နောက်ပိုင်းခေတ်နဲ့အညီ တာယာအတွင်းလွှာပတ်ဖို့ Ply ဆိုတဲ့အလိပ်ကိုအထောက်အကူပေးဖို့ စတီးကြိုးတစ်ဝက်နိုင်လွန် တစ်ဝက် စသဖြင့်လုပ်ကိုလုပ်လာကြတယ်။ တာယာထဲမှာ လေလုံးမပါလို့ ဒီအတိုင်းထည့်သုံးလို့ Tube Less လို့ခေါ်ကြတယ်။ သူ့ကောင်းကျိုးက တစ်ခုခုစူးရင်ဖွတ်ရှုးဆိုပြီး လေမထွက် ဘူး။ ဘီးကိုမဖြုတ် အမြန်ဖာနိုင်တယ်။ တဖြည်းဖြည်းလေးပဲ စိမ့်နေတယ်။ တစ်ခါတလေ သံမနှုတ်ဘဲမောင်း တစ်ပတ်လောက် ခံတယ်။ မခိုင်လို့ ရုတ်တရက် ဒိုင်းကနဲကွဲတတ်တယ်။ ဟိုတုန်းက လမ်းဟောင်းတွေနဲ့ အမြန် မမောင်းကြလို့ ဒါက ကိစ္စမရှိ။ ခုအမြန်မောင်းရကုန်လို့ ကိစ္စရှိရပြီ။ ဓာတုဗေဒ ကွန်ပေါင်းအမျိုးမျိုးနဲ့ရောစပ်ကာ ထုတ်လုပ်ပေမယ့် ရော်ဘာကိုအခြေခံပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် CID လိုဆက်စစ်လိုက်ရင် ရော်ဘာဆိုတာ သစ်ပင်ပါ သူ့မှာအသက်တစ်ခုပါလာပါတယ်။ သက်တမ်းဆိုပါတော့ အချိန်နဲ့တိုက်ရိုက် ဆက်စပ်ပါတယ်။ မသုံးလည်းခိုင်ခန့်မှုက လျော့ကျလာပါတယ်။ အများအားဖြင့် တာယာတစ်လုံးသက်တမ်းကို ၃ နှစ်လောက်ပဲ။ ဒေါင် ဒေါင်မြည်ကောင်းနိုင်လို့ တာယာထုတ်လုပ် တဲ့ခုနှစ် ကို ကျင့်ဝတ်အရ မရေးမဖြစ်ရေးပေးလာရတယ်။

ဒီမှာ စတွေ့တော့တာပါပဲ။ စက်ရုံကထုတ်လုပ်တဲ့ ဘယ်ပစ္စည်းမဆို Reject ဆိုတာရှိစမြဲ Factory Error လည်းရှိစမြဲ ဒီကလူအများကတော့ အများအားဖြင့် ကျွန်တော်ကအစ တာယာပန်းကိုကြည့်တယ်။ အရပ်အခေါ် တစ်ကျပ်သုံးမတ်ငါးမူးတစ်မတ်စသည်ဖြင့် ပန်းအကျန်ကို ဗန်းစကားနဲ့ အကဲဖြတ်ကြပါတယ်။ တာယာသက်တမ်း ဘယ်လောက်ကျန်သေးလဲ။ ဘယ်တုန်းကထုတ်ထားလဲဆိုတာလည်း မကြည့်ကြတာ များ တယ်။ ကားဈေးကိုတာယာနဲ့မဖြတ် နံပါတ်နဲ့ဖြတ်တယ်။ ဘော်ဒီကိုလက်နဲ့ခေါက်ပြီး ဆေးပတ်တီး လက်ရာများ နဲ့ ဈေးနှိုက်ကြပါတယ်။
ခုဆိုရင် အမြန်လမ်းကြီးမှာ ကား ၅ စီးမှောက်ရင် ၃ စီးလောက်က တာယာကတရားခံဖြစ်နေတယ်။ တာယာထဲက လေထွက်ချိန်နဲ့အတူ ကားပေါ်ကလူများအသက်လည်းထွက်ကုန်ကြရတယ်။

ဘယ်လိုလုပ်ကြမယ်။
တာယာနဲ့ပတ်သက်လို့ သမိုင်းဝင်သတင်းတစ်ပုဒ်ကို တကယ်ပြောပြချင်ပါတယ်။ မြန်မာပြည်မှာ လည်း ခုလိုကားတွေမပေါသေးဘူး။ လမ်းတွေကလည်း အမြန်မောင်းလို့ မရသေးတဲ့အချိန်ကဆိုပါတော့
နိုင်ငံတကာရုပ်မြင်သံကြားသတင်းမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ သတင်းတစ်ခုကတော့ နာမည်ကြီး  FireSfone နဲ့ GM ကားကုမ္ပဏီတို့ အပြန်အလှန်တရားစွဲကြတာပါ။
ဖြစ်ပုံက ဒီလိုပါ အမေရိကမှာ GM တစ်စီးတာယာကောင်းလျက်သားနဲ့ ဘီးကွဲကာမှောက်ပါတယ်။ လူသေတယ်ပြဿနာစတယ်။ တာယာဘက်ကိုမလှည့်သေးဘူး။ အက်ဆီးဒင့်တစ်ခုလိုသဘောပဲ ထားလိုက် ပါတယ်။
နောက်များမကြာမီ ဒီတာယာသုံးနေတဲ့ကားပဲဘီးပွင့်ကာ ထပ်မှောက်ပါတယ်။ ဒီတာယာကို GM တွေက အများဆုံးသုံးကြပါတယ်။
ဖြစ်ပုံကတူလာတယ်။ နောက်ထပ်ဖြစ်ပါတယ်။ တာယာကို သံသယ၀င်လာ ကြပါတယ်။ တာယာပဲ ပေါက်ချင်တဲ့အချိန်ပေါက်နိုင်တယ်။ ကွဲချင်တဲ့အချိန်ကွဲနိုင်တယ်။ ကားမောင်းတဲ့ အခြေအနေအမျိုးမျိုးကလည်း ရှိသေးတော့ တာယာကုမ္ပဏီက သူနဲ့မဆိုင်ကြောင်း ငြင်းပါတယ်။ ဒါပေမဲ့ လေ့လာအကဲခတ်စောင့်ကြည့်တဲ့ အဖွဲ့ ဂရုတစ်စိုက်မှတ်တမ်းတွေလုပ်လာပါတယ်။

ဒီတာယာထတဲ့ကား ခဏခဏဖြစ်ပါပြီ ဒါဆိုသေချာပြီ။ လမ်းကတော့ စံချိန်မီလမ်းဖြစ်နေတယ်။ အခြား တာယာသုံးတဲ့ ကားမှာမဖြစ် ဒီ FireStone သုံးတဲ့ GM အများစုဖြစ်နေတော့ ကားကုမ္ပဏီကလည်း သူ့ကိုတိုင်ပတ်လာတာမခံချင်လို့ တရားစွဲလိုက်ပါတော့တယ်။ ပွဲကြီးပွဲကောင်းပါပဲ။ တာယာကုမ္ပဏီက လည်း ကြက်ခေါင်း ဆိတ်မခံပြန်ကန်တယ်။ ဒါနဲ့ပဲ FireStone တာယာကို GM တစ်စီးမှာ အပြီးတတ်ပြီး သုတေသနသဘောမျိုး သတိနဲ့လက်တွေ့စမ်းမောင်းပြပါတော့တယ်။ အဲဒီ့စမ်းတဲ့ ကားတာယာ ဖွတ်ရှုးဒိုင်း ဆိုပြီးကွဲသွားပါတော့တယ်။ မင်းဘယ်ပြေးမလဲ-မိချိုသဲ နိုင်ငံတကာမှာ စားသုံးသူကာကွယ်ရေးအဖွဲ့တွေ ကိုယ့် ထမင်းကိုယ်စားပြီး ဂျီးဒေါ်နွားကျောင်း ပေးရမလားပြော။ နောက်ဆုံးဇာတ်တော်ကိုပေါင်းလိုက်တော့ တာယာ ကုမ္ပဏီရှုံးသွားတယ်။ လျော်ကြေးပေးရတယ်။ ဈေးကွက်ထဲက သူ့ပစ္စည်းတွေကိုအချိန်မီပြန် သိမ်းရတယ်။ အချိန်အတိုင်းတာတစ်ခုအထိ သူ့နာမည်လည်း ဂိ သွားပါတယ်။
ဒါကြောင့်မို့ ခုသတင်းစာထဲ ကြည့်ပါလား။ ဈေးကွက်ကြီးတဲ့ နိုင်ငံတစ်ခုမှာ ကားတစ်မျိုးကပျက် ပုံတူလာရင်- ဒါ Factory Error စောစောသိရင် စောစောဝန်ခံမသိရင် နွားကျောင်းသားတို့နဲ့တိုးလို့ကတော့နာပြီ မှတ် ခုမကြာလေးခင်ကပဲ တရုတ်မှာ VW ကားတွေအများကြီးပြန် သိမ်းပေးနေပါတယ်။ ချို့ယွင်းချက်တစ်ခုပါ လာလို့ဆိုလားပဲ။ ခုပြောနေတာတာယာမို့ တာယာမှာ မူရင်း ကုမ္ပဏီကသွင်းတယ်။ တရားဝင်လည်းသွင်းတယ်။ အောက်လိုင်းကလည်း ၀င်တယ်။
Other Party/3 rd Party တွေကလည်းတင်ရောင်းကြပြန်တယ်။ ပါကင်လှလှလေးတွေနဲ့ လက်ဆောင် ကောင်းကောင်းလေးတွေနဲ့ ရောင်းကြပြန်တယ်။ ဒိတ်ကြည့်ဝယ်ကြလို့ ဒိတ်ကြည့်ဝယ်လည်း ကိုယ်လိုချင်တဲ့ ဒိတ်အတိုင်းလည်း ရပါတယ်။ But ဒါပေမဲ့ အထူးသဖြင့် ကားတစ်စီးမှာပါလာတဲ့ စပါယ်ယာဘီးဟာ မသုံးဖြစ်တာကြာပါတယ်။ ဒါကြောင့် ပန်းကအရာမယွင်းအတိုင်း ရှိမယ်။ ပန်းသားကိုကြည့်ပြီး အကဲခတ်ရင်မှားသွားမယ်။ ဘေးပတ်လည်တစ်လျှောက် သေချာကြည့်လိုက်ရင် အက်ကွဲကြောင်းတွေက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုပြီး လက္ခဏာအရေးအကြောင်းတွေလို တွေ့နိုင်ပါတယ်။
တချို့တာယာများမှာတော့ Mold လောင်းရင်းလေခိုလို့ လက်မှာပြည်တည်သလိုလေခိုနေတဲ့ ဘု ပါလာပြန်တယ်။ ဒါကိုတော့ Factory Error ပေါ့။ ဟိုမှာစစ်ခဲ့တုန်းက Reject များလား။ ဒါကြောင့် တာယာ အကြောင်းပြောရတာ ဗြုတ်စဗျင်းတောင်းလို့ပြောစရာကုန်မှာမဟုတ်လို့ ကိုယ့်ဘာသာကိုယ်သာကြည့် လုပ်ကြပါလို့ ကားကပါလာတဲ့တာယာကိုလည်း Or အကျဆိုပြီး သိပ်မက်တယ်။ မသုံးချင်လို့ ကားနောက်ခန်း ထဲမှာ အမှိုက်လိုထည့်ပေးလိုက်တာကို တယုတယနဲ့စိတ်ချစွာသုံးကြသေးတယ်။ ဂျပန်ကားကပါလာတဲ့ Or, အကျ အော်ဆွေး ဆွေးလာခဲ့ရင် အမြန်လမ်းမှာအမြန်နှုန်းများများနဲ့ ကြာကြာမောင်းသောအခါ အိုဗာဝိတ် လေးတွေနဲ့ လိုက်ထရပ်ကားလေးများ ဘုရားဖူးထွက်ကြသောအခါ ကျန်တာကိုငွေရောင် ပိတ်ကားပေါ် ဆက်ကြည့်လိုက်ပါ။
မှတ်ချက် ကတ္တရာလမ်းမှာလည်း တာယာကွဲနိုင်ပါတယ်။ ကွန်ကရစ်လမ်းလည်း တာယာကွဲနိုင် ပါတယ်။ မြေနီဂ၀ံလမ်းလည်း တာယာကွဲနိုင်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ ဘယ်လမ်းမှာမဆို စက် တပ်ယာဉ်အသီးသီးကပြုတ်ကျကျန်ခဲ့တတ်တဲ့ မူလီတို့ နပ်တိုင်တို့ ရှိနေတတ်ပါတယ်။ ဒါကို ကားတာယာ နင်းမိတဲ့အခါ ကတ္တရာနဲ့မြေလမ်းကတော့ အနင်းခံရတဲ့အရာဝတ္ထုလမ်းထဲကိုမြုပ်ဝင်ပေးပါတယ်။ ကွန်ကရစ် လမ်းကတော့ ထုံးကျောက်လွှာတစ်ခုပါပဲ။ ဘိလပ်မြေဆိုတာ ထုံးကျောက်ကထုတ်ထားတာပါ။ ကျောက်လွှာဆိုတော့ အမာပေါ့။ အနင်းခံရတဲ့အရာဝတ္ထုလမ်းထဲကိုဝင်သွားဖို့ အခြေအနေမပေးပါဘူး။ တာယာထဲကိုဝင်သွားဖို့ပဲ။ အခြေအနေကကောင်းနေပါတော့တယ်။ နမူနာအားဖြင့် ကတ္တရာလမ်းဟောင်း များမှာကြည့်လိုက်ပါ။ မူလီလေးတွေ နပ်တိုင်လေးတွေ သံတိုသံစတွေ မြင်းခွာကသံမှိုလေးတွေ ၀င်လျက်တွေ့ ရတတ်ပါတယ်။ ဒီလိုထူးခြားချက်လေးတွေ သိထားရင်ဖြင့် ကံဆိုသည်မှာ တကယ်တော့အလုပ်ပါ။ သင်သည်အလုပ်ကောင်းတစ်ခုကိုလုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ အလုပ်ကောင်းရင် ကံကောင်းပါလိမ့်မယ်။ တာယာကွဲလိုက်တိုင်း ကံမကောင်းလိုက်တာ ကံဆိုးလိုက်တာကွာ မပြောပါနဲ့တော့ ဒါလေးတွေသိရင်ကျေနပ်ပါ ပြီ။ သင့်တာယာလည်း လေမဖြတ်နိုင်တော့ပါပြီ။

ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment