Wake Up Screen Apps









ဖုန်း Screen off  ဖြစ်နေတဲ့အချိန်မှာ ပြန်ပွင့်စေဖို့အတွက် ဖုန်းကိုအနည်းငယ်လှုပ်ခါလိုက်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့

Android စမတ်ဖုန်းတွေအသုံးပြုသူများပြားလာတဲ့အခုအချိန်မှာ Android Apps တွေဟာလည်း အံ့မခန်း များပြားလာခဲ့ပါတယ်။ Android စမတ်ဖုန်းတွေ အသုံးပြုသူများပြားလာတဲ့အခုအချိန်မှာ Android Apps တွေဟာလည်း အံ့မခန်းများပြားလာခဲ့ပါတယ်။ စမတ်ဖုန်းတစ်လုံးအတွက် ဘက်စုံထောင့်စုံကနေ လိုအပ် ချက်မရှိအောင် ပေါ်ထွက်လာနေတဲ့ Apps တွေဟာလည်း တစ်နေ့တစ်ခြားများသည်ထက်များလာပါတယ်။ ဖုန်းနဲ့တစ်နေ့တာအသုံးပြုပြီး အလုပ်များတဲ့သူတွေအတွက်တော့ အကြမ်းခံတဲ့စမတ်ဖုန်းတစ်လုံး လိုအပ် မှာဖြစ်ပါတယ်။ အကြမ်းခံတယ်ဆိုတဲ့နေရာမှာလည်း ဖုန်းရဲ့အပြင်ပိုင်းမှာပါတဲ့ ခလုတ်တွေက တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

 ဥပမာ Power button, volume button နဲ့ home buttom တို့ဖြစ်ပါတယ်။ ဖုန်းကို ခဏ ခဏ အဖွင့်အပိတ်လုပ်ရတဲ့အခါ power button ဟာ ရေရှည်မှာ ထိခိုက်လာတတ်ပါတယ်။ ဒါ့ကြောင့် အရင်က Power Button ကို သက်သာစေဖိှု့Screen Off and Lock လို Easy Touch လို Apps တွေ အသုံးပြုခဲ့ကြပါတယ်။ ဒီ Apps တွေဟာလည်း တကယ်ပဲအသုံးတည့်ပြီး လူကြိုက်များခဲ့ကြပါတယ်။ အခုအခါမှာတော့ Screen Off လုပ်ဖို့အပြင် Screen On နှိပ်ဖို့ပါ Apps နဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါဟာ Power button အသုံးပြုရမှုကို လွတ်ကင်းသွားစေပြီး အသုံးပြုရလည်းလွယ်ကူစေပါတယ်။ အခုဖော်ပြပေးမယ့် Wake Up Screen Apps ဟာ ဖုန်း Screen off ဖြစ်နေတဲ့အချိန်မှာ ပြန်ပွင့်စေဖို့ အတွက် ဖုန်းကိုအနည်းငယ် လှုပ်ခါလိုက်ရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းအတော်များများနဲ့အဆင်ပြေပြီး Proximity Sensor, G-Sensor လို Sensor တစ်ခုခုရှိရုံနဲ့ အသုံးပြုနိုင်ပါတယ်။
Wake Up Screen ကို PlayStore ကနေရယူပါ။ ဒါမှမဟုတ် ပေးထားတဲ့ link [http://bit.ly/2dlQNNE] ကနေရယူပြီး install ပြုလုပ်ထည့်သွင်းပါ။

ပြီးရင် Wake Up Screen ကိုအသုံးပြုဖို့ Active Wake Up Screen ကိုနှိပ်ပါမယ်။ Wake Up Screen Activated! ဆိုတဲ့ စာတန်းလေးနဲ့ icon လေး Status Bar (Notification Bar) မှာ ပေါ်လာပြီး ဒီ Apps ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ပုံမှန်အနေနဲ့ ဖုန်းကိုကိုင်ထားရင်းနဲ့ ဘေးတိုက်အနေအထားအတိုင်း ၂ ချက်လှုပ်ခါလိုက်ရင် Off ဖြစ်နေတဲ့ Screen ဟာ ပြန်ပွင့်လာပါလိမ့်မယ်။ (Shakes) လှုပ်ခါရတဲ့အကြိမ်အရေအတွက်ကို စိတ်ကြိုက်ချိန်ညှိနိုင်ဖို့ Pin ပုံစံ button လေးကိုနှိပ်လိုက်ပါ။

(Shakes) လှုပ်ခါရတဲ့ အကြိမ်အရေအတွက်ကိုပုံမှန်လမ်းလျှောက်သွားလာတဲ့အခါနဲ့ ကားပေါ်ရောက်နေတဲ့အခါမျိုးတွေမှာ အလွယ်တကူပွင့်မနေစေဖို့အတွက် ၄ ကြိမ်၊ ၅ ကြိမ်၊ ၁၀ ကြိမ်စသည်ဖြင့်ထပ်တိုးနိုင်ပါတယ်။ အချို့ဖုန်းတွေရဲ့ Sensor စနစ်ဟာ အလွန်ကောင်းမွန်တာကြောင့် ကိုယ့်ရဲ့ဖုန်းဟာ ဘယ် Shake ပုံစံမျိုးန့ လိုက်ဖက်တယ်ဆိုတာ အရင်စမ်းသပ်ကြည့်သင့်ပါတယ်။
Wake Up Screen မှာပါတဲ့ Shake Setting တွေကိုမကြိုက်ဘူးဆိုရင်လည်းရပါတယ်။ Screen ရဲ့ အောက်ခြေညာဘက်နားမှာ Setting icon လေးရှိပါတယ်။ တစ်ချက်နှိပ်လိုက်ပြီး ကိုယ်လိုချင်တဲ့ Shake setting Profile တစ်ခုဖန်တီးနိုင်ပါတယ်။
Profile ဖန်တီးတဲ့နေရာမှာ လှုပ်ခါရမယ့်ပြင်းအားပမာဏနဲ့ လှုပ်ခါရမယ့်အကြိမ်အရေအတွက်တွေကို ချိန်ညှိရပါမယ်။

ပြီးရင် Shake ပုံစံရွေးချယ်တဲ့ နေရာကနေ Customized Profile ကိုရွေးချယ်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ File size 280 KB ရှိပြီး Android OS Version 2.2 နဲ့ အထက်မှာ အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment