ငါးပုဏ္ဏားအစပ်ကြော်၊ မုန်လာပင်ပေါက်ချဉ်ဟင်း၊ ပဲပင်ပေါက်ပဲပြားကြော်










မိုးကလည်း ဒီတစ်ပတ်စွေနေတယ်။ မိုးအရမ်းရွာတော့ သား၊ ငါး၊ ဟင်းသီးဟင်းရွက်လည်းရှားနေ တယ်။ မယ်တော်မားသားလည်း ဈေးမလွှတ်ရဲဘူးဖြစ်နေတယ်။ မိုးကအရမ်းရွာထားတော့ ချော်လဲဘာညာ ဖြစ်မှာစိုးတာလည်း ပါတာပေါ့။ အဲဒီတော့ ကိုယ်တိုင်ပဲ မယ်တော်မားသား ဈေးခြင်းတောင်းဆွဲ ဈေးလစ်ရ တော့တယ်။ ဈေးရောက်တော့လည်း ထွက်တဲ့အသည်က ထွက်၊ မထွက်တဲ့အသည်က မထွက်နဲ့၊ ဒီ တစ်ခါဈေး သွားရတာ စိတ်တောင်ညစ်တယ်။ ဈေးကလည်းကြီးသေးတယ်။ ဈေးတန်းပတ်တော့လည်း မယ်မယ်ရရ သေချာဝယ်ချင်စရာလည်းမရှိ။ တော်သေးတာက ၀ယ်နေကျ ငါးပုဏ္ဏားတွေတွေ့တယ်။ 

အကောင်မကြီး ပေမယ့် ဥလေးတွေနဲ့ဆိုတော့ ကြွပ်ကြွပ်လေးကြော်ဖို့ စိတ်ကူးရသွားတာနဲ့ ၀ယ်ဖြစ် လိုက်တယ်။ သူနဲ့တွဲဖို့ အရည်သောက်ကတော့ မုန်လာပင်ပေါက်လေးတွေတွေ့တာနဲ့ အိမ်မှာရှိတဲ့ ပုဇွန်လေး ဟင်းကပ်လုပ်ပြီး ချဉ်ဟင်းလေးတစ်ခွက်ချက်မယ်။ ပြီးတော့ ပဲပင်ပေါက်နဲ့ပဲပြားကို ခရမ်းချဉ် သီးလေး၊ ငရုတ်သီးစိမ်းလေးနဲ့ ချဉ်စပ်လေးကြော်မယ်ပေါ့နော်။ အိမ်ပြန်ရောက်တော့ မယ်တော်မားသားက ၀ယ်လာတာမဆိုးပါဘူး၊ စားလို့ အဆင်ပြေလောက်ပါတယ်ဆိုတော့ တော်သေးတာပေါ့။

ငါးပုဏ္ဏားအစပ်ကြော်
ငါးပုဏ္ဏားကိုတော့ ပါတဲ့အကြေးခွံလေးက နည်းနည်းပဲမို့ လုပ်ရတာတော့မြန်ပါတယ်။ မလိုတာလေး တွေဖယ်၊ သေချာလေးသန့်အောင် ရေစင်စင်လေးဆေးပြီး တစ်ချက်စီလောက်မွှန်းလိုက်မယ်။ ပြီးမှ ဆား၊ ကြက်သားမှုန့်လေးနဲ့နယ်ပြီး ခဏနှပ်ထား၊ ဆီများများလေးနဲ့ ကြော်ရုံပေါ့။ အကောင်သေးပေမယ့် ငါးက ဥလေးတွေနဲ့ဆိုတော့ ကြော်တဲ့နေရာမှာတော့ သတိနည်းနည်းထားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဥပါတဲ့ငါးက ကြော်ရင် အရမ်းဆီစင်တယ်လေ။ ငါးကြော်ကြွပ်ကြွပ်လေးရပြီဆိုတော့မှ ဆယ်ပြီးဆီစစတယ်လေ။ ငါးကြော် ကြွပ်ကြွပ်လေးရပြီဆိုတော့မှ ဆယ်ပြီးဆီစစ်ထားလိုက်မယ်။ 

ကြက်သွန်နီဥလတ်တစ်လုံးလောက်ရယ်၊ ကြက် သွန်ဖြူသုံးလေးတက်လောက်ရယ်ကို ငရုတ်သီး ခွဲခြမ်းမှုန့်နဲ့ရောထောင်းပြီးမှ နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ဆီသတ်၊ ပုဇွန်ငံပြာရည်လေးပါ နည်းနည်း ထည့်လိုက်၊ မီးနည်းနည်းနဲ့ မတူးအောင်သေချာလေးကြွပ်တဲ့အထိ ဆီသတ်လိုက်တာပေါ့။ ဆီသတ် တာလေးကကြွပ်ပြီး မွှေးလာပြီဆိုမှ ခုနဆီစစ်ထားတဲ့ ငါးကြော်လေးထည့်ပြီး အသာလေးမွှေပေး၊ နှံ့တာနဲ့ မီးပေါ်ကနေချလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ငါးပုဏ္ဏားအစပ် ကြော်ကြွပ်ကြွပ်လေး တစ်ခွက်ရပြီပေါ့။

မုန်လာပင်ပေါက်ချဉ်ဟင်း
မုန်လာပင်ပေါက်ချဉ်ဟင်းအတွက်ကတော့ မုန်လာပင်ပေါက်လေးတွေခြွေပြီးရေစင်စင်ဆေး စစ် ထား၊ ပုဇွန်လေး လေးငါးဆယ်ကောင်လောက်အခွံခွာပြီးရင် လက်နဲ့နည်းနည်းခြေပေးထား။ ကြက်သွန်နီဥ လတ် တစ်ဥလောက် မထူမပါးလှီးထားတာကိုဆီသတ် စိမ်းနံ့ပျောက်တာနဲ့ ခုနပုဇွန်လေးရယ်၊ နနွင်း မှုန့်လေးနည်းနည်း ရယ်၊ ပုဇွန်ငံပြာရည်လေးရယ်ပါထည့်ပြီး ဆီသတ်။ ပြီးမှ ခုနကခြွေပြီးစစ်ထားတဲ့ မုန်လာ ပင်ပေါက်လေးပါထည့် လုံး ရေသင့်တော်ရုံထည့်ပြီး ဆူလာရင်အငံမြည်းကြည့်လို့ ချဉ်ချဉ်လေးနဲ့ အပေါ့အငံ လည်း အဆင်ပြေပြီဆိုရင် ရပါပြီ။

ပဲပင်ပေါက်ပဲပြားကြော်
ပဲပင်ပေါက်ပဲပြားကြော်ကိုတော့ ပဲပင်ပေါက်လေးတွေသန့်ပြီး ရေစစ်၊ ပဲပြားကိုခပ်ထူထူလေး လှီး ထား၊ ခရမ်းချဉ်သီးတစ်လုံးလောက်နဲ့ ငရုတ်သီးစိမ်းကိုလည်းထူထူလေးလှီးထား၊ ကြက်သွန်နီတစ်ဥကြီး တစ်ဥ လောက်ကိုပါမထူမပါးလှီးပြီး ဆီသတ်ကျက်ရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးနည်းနည်းနွမ်းရင် ပဲပြားထည့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ကြက်သားမှုန့်နဲ့ သကြားလေးပါတစ်ခါတည်းထည့်၊ ပဲပင်ပေါက်လေးထည့်၊ ပဲပင်ပေါက်လေးနူးခါနီးတာနဲ့ ရှာလကာရည်လေးထည့်ပြီး ခုနလှီးထားတဲ့ငရုတ်သီးစိမ်းလေးအုပ်လိုက်ရင် ချိုချဉ် စပ် ပဲပင်ပေါက်ပဲပြားကြော်တစ်ပွဲ အဆင်ပြေပါပြီ။

ဒီတစ်ပတ်ကတော့ ၀ယ်လို့ရတာလေးနဲ့ အဆင်ပြေအောင် ချက်လိုက်ဖြစ်တယ်ဆွေမျိုးတို့ရေ…။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်လေးလည်းဖြစ်သွားတာပေါ့။ မိုးအေးအေးလေးနဲ့လည်း စားလို့အဆင်ပြေ လောက်မယ်ထင်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော် ရွှင်ကြပါစေ။


Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment