အမျိုးသား၊
အမျိုးသမီးတိုင်းအတွက် အသားအရေလှပခြင်းက ဂုဏ်အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ အဲဒီ ဂုဏ်အင်္ဂါရပ်အတွက်
အမျိုးသား၊ အမျိုးသမီးတိုင်းက နေ့စဉ်နဲ့အမျှကြိုးစားအားထုတ်နေကြပါတယ်။ အလှ ကုန် ပစ္စည်းအမျိုးမျိုးကလည်း
ကြောငြာနည်းမျိုးစုံနဲ့ လူတွေရဲ့အကြား ပျံ့လွင့်လာပါတယ်။ ကိုယ်အသုံးပြုတဲ့ ပစ္စည်း က
ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကိုယ်လိုအပ်နေတဲ့ ဗီတာမင် ကိုလည်း
အရေပြားက ပြောပြပါလိမ့်မယ်။ အရေပြားက လိုအပ်နေတာလေးတွေ ကြည့်ကြရအောင်။
အရေးအကြောင်းအတွက် ဗီတာမင်အေ
ဗီတာမင်အေ
ချို့တဲ့နေတဲ့အသားအရေက ကြမ်းတမ်းပြီး ခြောက်သွေ့နေတတ်ပါတယ်။ ဗီတာမင်အေ က အရေးအကြောင်းတွေ၊
အမည်းစက်တွေကိုသက်သာစေပြီး အသားအရောင်မညီညာခြင်း၊ ကြမ်းတမ်းခြင်း တို့ကို ပြုပြင်ပေးနိုင်ပါတယ်။
ဗီတာမင်အေချို့တဲ့ခြင်းကြောင့် ဝက်ခြံထွက်ခြင်း၊ လက်သည်းခြေသည်းမှိုစွဲခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဗီတာမင်အေပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းနုနယ်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း
(ဘရိုကိုလီ)၊ ဖရဲသီး၊ သင်္ဘောသီး၊ ထောပတ်သီးတို့မှ အပြည့်အဝရရှိနိုင်ပါတယ်။
အသားအရေခြောက်သွေ့ခြင်းအတွက် ဗီတာမင်ဘီအုပ်စု
ဗီတာမင်ဘီအုပ်စုတွေထဲက
တစ်ခုအပါအဝင်ဖြစ်တဲ့ ဘိုင်အိုတင်က အရေပြား၊ ခြေသည်း လက် သည်း များနှင့် ဆံနွယ်ဆဲလ်လေးများ
ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရပစ္စည်းတစ်ခု ဖြစ်ပါ တယ်။ ဘိုင်အိုတင်ချို့တဲ့ပါက
ဆံပင်ကျွတ်ခြင်း၊ အရေပြားယားယံခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ် လာနိုင်ပါ တယ်။ ဗီတာမင်ဘီအုပ်စုတွေထဲက
တစ်ခုအပါအဝင်ဖြစ်တဲ့ နိုင်ယာစင် (Niacin) ကတော့ အရေပြားအစို ဓာတ် ကို ထိန်းသိမ်းပေးပါတယ်။
၎င်းမှာ ယားယံခြင်းကို သက်သာစေတဲ့ဂုဏ်သတ္တိ ပါဝင်တဲ့အတွက် ခြောက်သွေ့ ကြမ်းတမ်းနေတဲ့
အရေပြားကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်ဘီကို ကညွတ်၊ ဗာဒံစေ့၊ ထောပတ်သီး၊ နို့၊ အမဲသား၊
ဘယ်ရီသီးတို့မှလည်း ရရှိနိုင်ပါတယ်။
အစက်အပြောက်များအတွက် ဗီတာမင်စီ
ဗီတာမင်စီကတော့
ပြောနေစရာမလိုအောင် လူတိုင်းသိပြီးသား နာမည်ကြီး Anti-oxidant တစ်ခုဖြစ်ပါတယ်။ ဗီတာမင်စီက
လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နေရောင်ခြည်ဒဏ် တို့ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေ၊
အသားအရေလျော့တွဲကျခြင်းတို့ကို သက်သာစေ ပါတယ်။ အစက် အပြောက်များကိုလည်း ပျောက်ကင်းစေပြီး
အသားအရေကို ချောမွတ်ကြံ့ခိုင်စေပါတယ်။ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ထောပတ်သီး၊ ဘလက်ဘယ်ရီ၊
ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)၊ ဂရိတ်ဖု၊ ကဝီသီး၊ လိမ္မော်သီးတို့ကို စားသုံး ခြင်းဖြင့်လည်း
ရရှိနိုင်ပါတယ်။
အသားအရေစိုပြည်ဖို့ ဗီတာမင်အီး
ဗီတာမင်အီးက
နေရောင်ခြည်ဒဏ်ကြောင့် အရေပြားဆဲလ်များ ပျက်စီးခြင်း၊ အရေပြားကင်ဆာ ဆဲလ် ဖြစ်ပေါ်ခြင်းတို့ကို
လျော့ပါးသက်သာစေပြီး အသားအရေကို စိုပြည်ချောမွတ်စေပါတယ်။ ဗီတာမင် အီးကို နေကြာစေ့၊ ဝါစေ့ပင်ပေါက်၊
အသီးမှရသော အစေ့များမှကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment