တစ်နေ့ထက်တစ်နေ့
မြင့်တက်လာတဲ့ အပူရှိန်ကြားထဲမှာ ကားအဲကွန်းကပါ မကောင်းဖြစ်နေလို့ စိတ်ညစ်နေပါသလား။
ကားပိတ်၊ လမ်းပိတ်နဲ့ တစ်နေ့တာရဲ့အချိန်အတော်များများကို ကားပေါ်မှာတင် ကုန်ဆုံး နေရသူတွေအနေနဲ့
ခရီးသွားတဲ့အခါ အေးအေးသက်သာရှိဖို့ ကားအဲကွန်း ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။ ဒါ ကြောင့်
ကိုယ်သွားမယ့်ခရီးလမ်းတစ်လျှောက် အေးမြမကိုပေးမယ့် အဲကွန်းအကြောင်းကို တီးမိ ခေါက်မိ
လောက်တော့ သိထားဖို့လိုအပ်မှာပါ။ ကားအဲကွန်းက ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို အခြေ အနေမျိုးမှာ
ပျက်တတ်တယ်နဲ့ ဒီလိုတွေဖြစ်လာရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ သိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။
အဲဒါကြောင့် ကားအဲကွန်းနဲ့ပတ်သက်တဲ့ ဒုက္ခတွေနဲ့ဝေးမယ်။ နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါ
တယ်။
နားလည်အောင်ကြိုးစားထားရမယ်
ကိုယ့်ကားအဲကွန်းဟာ
ဘယ်လိုစနစ်မျိုးကို အခြေခံတည်ဆောက်ထားတယ်ဆိုတာ အရင်ဆုံး သိနေဖို့ လိုအပ်ပါတယ်။ ဥပမာ
Auto AC အဲကွန်းဟာ ရေခဲသေတ္တာအတွင်းမှာရှိနေတဲ့ ဒီဇိုင်းမျိုးကို အခြေခံ တည် ဆောက်ထားတယ်။
သူ့ရဲ့တာဝန်က ကားအတွင်းပိုင်းထဲမှာရှိနေတဲ့အပူတွေကို တစ်နေရာ ကတစ်နေရာကို ရွေ့ ပြောင်းပေးဖို့ဖြစ်တယ်။
ပြီးတော့ ဘယ်အစိတ်အပိုင်းတွေက အထူးအရေးပါတယ်စတဲ့ အချက်မျိုးတွေကို တီးမိ ခေါက်မိဖြစ်ဖြစ်သိထားရင်
အကောင်းဆုံးဖြစ်နေမှာပါ။ ဒါမှအကြောင်း တစ်ခု ခုကြောင့် အဲကွန်းမအေးတော့ဘူး ဆိုရင် ဘယ်နေရာမှာ
ဘာဖြစ်နေပြီဆိုတာ ချက်ချင်းသိပြီး ပြုပြင်နိုင်မှာဖြစ်ပါတယ်။
အစိတ်အပိုင်းတွေနဲ့ ရင်းနှီးနေရင်အကောင်းဆုံး
ခရီးဝေးတွေသွားလို့
လမ်းမှာအဲယားကွန်းတစ်ခုခုထဖောက်ရင် ပြင်စရာဆိုင်လည်း လမ်းမှာအလွယ် တကူ တွေ့နိုင်မှာမဟုတ်ပါဘူး။
ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကလည်းအဲကွန်းမရှိရင်မဖြစ်ဘူးဆိုတဲ့ အခြေ အနေမျိုးရောက်နေရင်
ဒုက္ခရောက်ဖို့ပဲရှိတော့တာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် အဲယားကွန်းဘယ်လိုပြင်ရမယ် ဆိုတာ
သိ နရင်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အခုနောက်ပိုင်းရောက်လာတဲ့ကားအသစ်တွေက Compressor
ဟာ အဟောင်းတွေနဲ့ မတူပါဘူး။ R-134 a အမျိုးအစားဖြစ်ပြီး ကားဟောင်းတွေမှာ ဆိုရင်တော့
r-12 Freon အမျိုးအစားပါ။ r-12 Freon အမျိုးအစားဟာ
လက်ရှိဈေးကွက်ထဲ မှာ ရှားပါးနေပြီဖြစ်သလို ဈေးလည်းကြီးပါ တယ်။ တစ်ခုခုဖြစ်ရင် အလွယ်တကူအစားထိုးဖို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ခရီးတစ်ခုမသွားခင် သူတို့အလုပ် လုပ်၊ မလုပ်အရင်စစ်ဆေးကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်ခုက Condensor ပါ။ ဂက်စ်တွေကို အလုပ်ဖြစ်သွားအောင် ပြောင်းလဲပေးတဲ့ကိရိယာဖြစ်ပြီ၊း
ကားအတွင်းပိုင်းက အပူတွေကိုအပြင်ထုတ်ပေးတဲ့ တာဝန်ကိုယူပါတယ်။ အကယ်၍ကားအတွင်းမှာ အေးတာလျော့လာရင်
ဂက်စ်နည်းလာလို့လား၊ ဖိအားတွေ မရှိတော့လို့လားဆိုတာ ကိုယ်တိုင်သိနိုင်ပြီ၊း ချက်ချင်းပြုပြင်နိုင်မှာပါ။
အမှားရှာတတ်ပါစေ
တကယ်လို့
ကိုယ်သိထားတဲ့ ဒီအချက်တွေအကုန်လုံးကောင်းနေရင် တခြားဘာမှားနေလဲဆိုတာ သိဖို့ အမှားတွေလိုက်ရှာနိုင်အောင်လည်း
လေ့ကျင့်ထားသင့်တာပါ။ အဲကွန်းက အေးတော့အေးနေတယ်။ ဒါပေမယ့် အအေးပေါ့နေတယ်ဆိုရင် ဘာတွေလိုအပ်နေသလဲ။
ဆွစ်ခ်ျတွေ မကောင်းဖြစ်နေပြီလား။ ဖျူးတွေအလုပ်မလုပ် တော့တာလား။ ၀ိုင်ယာကြိုးတွေ ပေါက်နေတာလား(ဒါမှမဟုတ်)
ကွန်ပရက်ဆာထဲက Seal တွေ အလုပ်မလုပ် တော့တာလားဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါကလည်း အဲကွန်းနဲ့ပတ်သက်ရင်
ဒုက္ခပေးတတ်တဲ့အရာတွေဖြစ် လို့ မေ့မထားတာအကောင်းဆုံးဖြစ်မှာပါ။ ဒီအချက်တွေကို သိထားမယ်။
ကိုယ်တိုင်လည်း ပြုပြင်နိုင်တဲ့အဆင့် အထိ နှံ့စပ်ထားမယ်ဆိုရင် အဲယားကွန်းနဲ့ပတ်သက်တဲ့ဒုက္ခတွေက
ကင်းဝေးသွားမှာအသေအချာပါပဲ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment