Cosmetics ပစ္စည်းဓာတ်မတည့်ခြင်းပြဿနာအဖြေရှာ











အလှအပနဲ့ပတ်သက်တဲ့ Cosmetics တွေ၊ Skin Care တွေ အထူးသဖြင့် အသားလှလိမ်းအဆီ၊ ခေါင်းလျှော်ရည်၊ မိတ်ကပ်၊ ရေမွှေးကအစ လက်သည်း၊ နှုတ်ခမ်းဆိုးဆေး ဘယ်ပစ္စည်းတွေဟာ ဘယ်လောက်ပဲ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်ပြောပြော ဓာတုပစ္စည်းတွေက အသားအရေ ယားယံခြင်း၊ နီမြန်းခြင်းစတဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေတတ်ပါတယ်။ တချို့ Comestics တွေ၊ Skin Care တွေဟာ အသုံးပြုပြီး တစ်ပြိုင်နက် အသားအရေမှာ တိုက်ရိုက်ဓာတ်မတည့်မှုကို ပြသတတ်ပေမယ့် တချို့ ကျပြန်တော့လည်း အချိန်အတော်ကြာသုံးစွဲလာပြီးမှ အသားအရေနဲ့ ဓာတ်မတည့်မှုကို ပြသလေ့ရှိပါတယ်။

ဓာတ်မတည့်မှုရဲ့ပြဿနာ နောက်ဆက်တွဲတွေကတော့ အသားအရေဟာ နီရဲလာမယ်၊ အဖုအ ထစ်တွေ အညီမညာထလာမယ်၊ အသားအရေက ကြမ်းတမ်းလာမယ်၊ ယားယံလာမယ်၊ တစ်ခါတစ်ရံ ဗောက်ဖတ်များကဲ့သို့ အလွှာတွေကွာကျလာမယ် စတာတွေ အထူးသဖြင့် ခံစားရလေ့ရှိပါတယ်။
အဖြစ်များတဲ့နေရာတွေက အများအားဖြင့် မျက်နှာ၊ လည်ပင်း၊ နားရွက်နဲ့ ကိုယ်ခန္ဓာတွေဖြစ်ပါတယ်။ အဲဒါကြောင့် ဒီပြဿနာတွေကို တားဆီးနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ ဘယ်ပစ္စည်းဝယ်ဝယ် Hypoallergenic လို့ တံဆိပ်ရိုက်နှိပ်ထားတဲ့ ပစ္စည်းက အကောင်းဆုံးဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ လက်ကို အမြဲသန့်ရှင်းအောင်ထားဖို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဓာတ်မတည့်မှုဖြစ် ပေါ်လာရင် ဘယ်လိုကုသနိုင်မလဲ
အလှအပအသုံးအဆောင် ဓာတ်မတည့်မှုကို အိမ်မှာလည်း ကုသလို့ရပါတယ်။ အကောင်းဆုံး သက်သာရာရစေနိုင်တဲ့ နည်းလမ်းကတော့ ဓာတ်မတည့်မှုဖြစ်ပေါ်တဲ့ နေရာတစ်ဝိုက်ကို ရှားစောင်း လက်ပတ်ဂျယ်လ် လိမ်းထားဖို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ရှားစောင်းလက်ပတ်ဂျယ်လ်ဟာ ရေဓာတ်ကို လျှင်မြန်စွာ ဖြည့်တင်းပေးနိုင်ပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်း၊ ယားယံခြင်းတွေကို သက် သာစေ နိုင်စွမ်းရှိပါတယ်။ ရှားစောင်းလက်ပတ်နည်းတူ သခွားသီးမှာလည်း အသားအရေကို အေးမြ သွားစေနိုင်စွမ်း ရှိတဲ့အတွက် အသုံးပြုပေးနိုင်ပါတယ်။ သဘာဝသံလွင်ဆီနဲ့ ဓာတ်မတည့်တဲ့နေရာကို ငြင်သာစွာ ပွတ်ပေးခြင်းကလည်း ဓာတ်မတည့်ခြင်းကို သက်သာစေပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုရင်လည်း ရေချိုးပြီးတာနဲ့ ဓာတ်မတည့်မှုကြောင့် အရေပြားပျက်စီးနေတဲ့ နေရာတစ်ဝိုက်ကို ဗီတာမင်အီးခရင်မ် ဒါမှမဟုတ် အဆီဖြင့် လိမ်းပေးထားနိုင်ပါတယ်။

Comestics ပစ္စည်းဓာတ်မတည့်မှုဖြစ်ပေါ်ရတဲ့ အကြောင်းရင်းက
Comestics ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းဟာ အရေပြားရဲ့အပေါ်ယံလွှာကို ဖျက်စီးလိုက်တဲ့အတွက် အရေပြားပေါက်ပြဲသွားပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့စနစ်က ၄င်း Comestics ရဲ့ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းကို တွန်းကန်ရင်း အရေပြားယားယံခြင်း၊ နီရဲရောင်ရမ်းခြင်း စတာတွေ ဖြစ်ပေါ်လာပါတော့တယ်။

အဖြစ်များတဲ့အကြောင်းရင်းက
Comestics တွေကြောင့် ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကတော့ အဖြစ်နည်းပါတယ်။ သုတေ သနပြုချက်တွေအရ ဒီဓာတ်မတည့်မှုကိုဖြစ်စေတဲ့ (၁၀) ရာခိုင်နှုန်းနဲ့ အထက်ကတော့ သက်တမ်း လွန်နေ တဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။ အရင်ကတော့ အမျိုးသမီးတွေမှာအဖြစ်များပြီး အခုလို Comestics, Skin Care တွေ တွင်တွင်ကျယ်ကျယ် အသုံးများလာတဲ့ခေတ်မှာတော့ အမျိုးသားတွေမှာပါ အဖြစ်များလာပါတယ်။

Comestics ဓာတ်မတည့်မှုဖြစ်လာရင် ဘာလုပ်သင့်ပါသလဲ
တကယ်လို့ ဓာတ်မတည့်မှုဖြစ်ပေါ်လာပြီဆိုရင်တော့ အသုံးပြုနေတဲ့ ပစ္စည်းတွေအားလုံး ရပ်တန့် လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီပြဿနာတွေ သက်သာသွားမှ Comestics ဖြစ်စေ၊ Skin Care ဖြစ်စေ တစ်မျိုးကို တစ်ကြိမ်သာ အသုံးပြုပေးပါ။ ဒီလို အသုံးပြုတဲ့အတွက် ဘယ်ပစ္စည်းက ဓာတ်မတည့်မှု ကို ဖြစ်စေနိုင်သလဲဆိုတာ သိသာစေလာပါလိမ့်မယ်။ တကယ်လို့ အချိန်ကြာမြင့်သည့်တိုင်အောင် ဓာတ်မတည့်မှုက မသက်သာလျှင်တော့ နားလည်တက်ကျွမ်းတဲ့ အရေပြားအထူးကုပညာရှင်နဲ့ ပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

ဓာတ်မတည့်မှုကို ဘယ်လိုခွဲခြားနိုင်မလဲ
အရေပြားမှာဖြစ်ပေါ်လာတဲ့ လက္ခဏာ၊ ကိုယ်အသုံးပြုခဲ့တဲ့ ပစ္စည်းတွေရဲ့ သမိုင်းကြောင်းကို လိုက်ပြီးခွဲခြားနိုင်ပါတယ်။ အများစုကတော့ Comestics တွေကို အများအပြားအသုံးပြုတဲ့အတွက် ဓာတ်မတည့်မှုကို ခွဲခြမ်းဖို့က ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နှင့်ပြသခြင်းပဲ ဖြစ်ပါတယ်။
ဓာတ်မတည့်မှုကို ဘယ်လိုကုသနိုင်ပါသလဲ
ယေဘုယျအားဖြင့်တော့ တစ်မျိုးတည်းသီးသန့်အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ Hydrocortisone (Cortisone 10), Hydrocortisone (Cort-acid) တို့ပါဝင်တဲ့ လိမ်းဆေးတွေက အရေပြားယားယံခြင်း၊ နီရဲခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း စတာတွေကို သက်သာနိုင်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအနေနဲ့ကတော့ သောက်ဆေးတို့လို ဆေးဝါးကုသမှုပါ လိုအပ်လာပြီဖြစ်ပါတယ်။

အဲဒါဆို နောက်ထပ် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ကြိုတင်ကာကွယ်မလဲ
- အသုံးအဆောင်ပစ္စည်းမဝယ်ခင်မှာ ကိုယ်ဝယ်မယ့်ပစ္စည်းနဲ့ပတ်သက်ပြီး သေချာစွာစုံစမ်းပါ၊ လေ့လာပါ၊ မေးမြန်းပါ။
- Comestics ပစ္စည်းအသစ်ဝယ်ယူမယ့်အခါမှာလည်း ကိုယ့်ရဲ့နားရွက်နောက်၊ လက်မောင်းသားတို့လို နူးညံ့တဲ့အရေပြားပေါ်မှာ (၂၄) နာရီခန့် စမ်းသပ်အသုံးပြုကြည့်ပါ။
- ပါဝင်ပစ္စည်းပိုများလေ ဓာတ်မတည့်မှုအလားအလာ ပိုများလေဆိုတာ သတိပြုထားပါ။
- ရေမွှေးအသုံးပြုတဲ့အခါ အရေပြားမှာ အသုံးပြုခြင်းထက် အဝတ်အစားမှာသာ အသုံးပြုပေးပါ။
- အတက်နိုင်ဆုံး အနံ့အသက်ကင်းပြီး ဓာတုပါဝင်မှုနည်းတဲ့ ပစ္စည်းရွေးချယ်အသုံးပြုပါ။
- မိတ်ကပ်မလိမ်းခြယ်ခင်မှာ မျက်နှာ၊ လည်ပင်းတို့ကို သေချာစွာ သန့်ရှင်းပါ။
- မိတ်ကပ်အသုံးအဆောင်များ မျှဝေသုံးစွဲခြင်းရှောင်ပါ။
- အသုံးပြုပြီး ဘူးအဖုံးကို လုံခြုံစွာပိတ်ထားပါ။
- မိတ်ကပ်အသုံးအဆောင်များကို နေအပူ၊ မီးအပူတို့ဖြင့် ထိတွေ့ခြင်း ရှောင်ပါ။
- သက်တမ်းလွန်လက္ခဏာတွေဖြစ်တဲ့ အနံ့၊ အရောင်ပြောင်းလဲနေတဲ့ အသုံးအဆောင်များသုံးစွဲခြင်း ရှောင်ပါ။
- မိတ်ကပ်ပစ္စည်းကရိယာများကို မကြာခဏသန့်ရှင်းပေးပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment