အမာရွတ်ဆိုတာ
ယောက်ျား မိန်းမအရွယ်မရွေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ အထူး သဖြင့် လက်သည်းနဲ့
ထိခိုက်မိမယ်၊ ဝက်ခြံကြောင့်ဖြစ်တဲ့ ဒဏ်ရာအမာရွတ် စသည်ဖြင့်ပေါ့။ အမာရွတ် ဆိုတာ အရေပြားရဲ့
အပေါ်ယံ ပထမအလွှာကို ထိခိုက်ပျက်စီးစေမိတဲ့အခါ အဲဒီနေရာကို အစားထိုးလိုက်တဲ့ တစ်သျှူးစဖြစ်ပါတယ်။
မီးပူလောင်လို့ဖြစ်စေ၊ ခြင်တို့လို အင်းဆက်၊ ပိုးမွှားများကိုက်လို့ဖြစ်စေ အကြောင်းပြ ချက်
အမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ အမာရွတ်တစ်သျှူးက ကျန်းမာတဲ့အရေပြားလိုပဲ ဆင်တူ တစ်သျှူးမျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်သျှူးတွေထဲက အမျှင်တွေက တခြားအရာများနဲ့မတူဘဲ ကွဲပြားစွာ တည်ရှိနေပါတယ်။
ဒီတစ်သျှူးက နာကျင်မှုတော့ မခံစားရပါဘူး။ ဒါပေမဲ့ မျက်နှာပြင်နဲ့ ခန္ဓာကိုယ်ကို ချောမွေ့နေစေချင်သူတွေအနေနဲကတော့
ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီတော့ အမာရွတ်တွေကို သဘာဝကျကျ ဘယ်လိုဖယ်ရှားကြမလဲ လေ့လာကြည့်ရအောင်
…
အုန်းဆီ
အုန်းဆီမှာ
လူကိုအိုမင်းရင့်ရော်စေတဲ့ Free Radical တွေကို ကာကွယ်ပေးပြီး နုပျိုစေတဲ့ အင်တီအောက်ဆီဒင့်တွေ
ပါဝင်ပါတယ်။ အဲဒီအဆီက အရေပြားကျုံ့နိုင်ဆန့်နိုင်အားကို ထောက်ပံ့ပေးတဲ့ ကိုလာဂျင်ထုတ်လုပ်မှုကို
လှုံ့ဆော်ပေးပြီး ဒီအမာရွတ်ကုသမှုလုပ်ငန်းစဉ်ကို တိုးမြှင့်ပေးဖို့အတွက် အရေပြားကို နူးညံ့သွားစေပါတယ်။
Microwave
ထဲမှာ အုန်းဆီသန့်သန့် (၁) ဇွန်းလောက်ကို နွေးသွားအောင် အပူပေးလိုက်ပါ။
အဲဒီဆီနွေးနွေးလေးကို
အမာရွတ်ဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်ပေးပါ။ အသားထဲစိမ့်ဝင်သွားအောင်
ညင်သာစွာ ပွတ်ပေးပါ။ နေ့စဉ် အားရင်အားသလို ပွတ်ပေးပါ။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကတော့
ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုအသားအရေဖြစ်ဖြစ် အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ အဲဒါက အရေပြားတစ်သျှူးတွေကို
ပုံမှန်လည်ပတ်စေပြီး အမာရွတ်များရဲ့ အသွင်အပြင်၊ အရွယ်အစားကို မှေးမှိန် ပျောက်ကွယ်စေပါတယ်။
အဲဒါရဲ့ အစိုဓာတ်ဖြည့်ဆည်းပေးနိုင်စွမ်းနဲ့ ဝေဒနာသက်သာစေနိုင်စွမ်းတို့က အမာရွတ်တစ်သျှူးတွေရဲ့
ကျုံ့နိုင်ဆန့်နိုင်အားကို တိုးပွားစေပြီး ရောင်ရမ်းခြင်းကို လျော့ချပေးပါတယ်။
-
ရှားစောင်းလက်ပတ်ဂျယ်ကို
ထုတ်ယူပါ။
-
၎င်းအနှစ်ကို
အမာရွတ်အပေါ် မိနစ်အနည်းငယ်ခန့် လိမ်းပေးပါ။
-
ခြောက်သွေ့သွားပါက
ရေနွေးနွေးလေးဖြင့် ဆေးချပါ။
-
နေ့စဉ် ပုံမှန်လုပ်သွားပေးပါ။
ဗီတာမင်အီး
ဗီတာမင်အီးကလည်း အမာရွတ်တစ်သျှူးတွေကို ပျောက်ကင်းစေတဲ့
ဆေးတစ်လက်ဖြစ်တယ်။ အဲဒီမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်နဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့
ဂုဏ်သတ္တိတွေက အရေပြားကို ပြန်လည်ရှင်သန်လာစေပြီး အားဖြည့်ပေးပါတယ်။ အရေပြားရဲ့ အရည်အသွေးနဲ့
ကြံ့ခိုင်နိုင်မှုကို တိုးပွာစေဖို့ ထောက်ပံ့ပေးတဲ့ကိုလာဂျင်ကိုလည်း တိုးပွားစေပါတယ်။
-
ဗီတာမင်အီးခရင်မ်
ဒါမှမဟုတ် ဗီတာမင်အီးအတောင့်ကို အမာရွတ်ဒဏ်ရာပေါ်မှာ တစ်နေ့ (၂) ကြိမ်၊ (၃) ကြိမ်ခန့်
လိမ်းပေးပါ။
-
ဗီတာမင်အီး
ကြွယ်ဝတဲ့ ဗန်ဒါစေ့၊ မြေပဲထောပတ်တို့လို အစားအစာမျိုး များများစားပေးပါ။
သံပုရာရည်
သံပုရာအရည်ကလည်း အမာရွတ်တွေကို ဖယ်ရှားပေးရာမှာ
ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သံပုရာမှာ Alpha Hydroxy Acid (AHA) ပါဝင်ပြီး
အဲဒါက အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ပျက်စီးနေတဲ့အရေပြားတွေကို ကုသရာမှာ ကူညီပေးပါတယ်။
ဒါ့အပြင် သံပုရာအရည်ကို အရေပြားတွေကို ကြေးချွတ်ပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးအဖြစ်လည်း
အသုံးပြုနိုင်ပါတယ်။
-
အမာရွတ်ဖြစ်တဲ့နေရာတစ်ဝိုက်မှာ
အဲဒီသံပုရာရည်ကိုလိမ်းပေးပါ။
-
(၁၀)
မိနစ်လောက် ခြောက်သွေ့အောင်ထားပြီး ရေဖြင့်ဆေးလိုက်ပါ။
-
အစိုဓာတ်ထိန်းခရင်မ်
လိမ်းပေးပါ။
-
အမာရွတ်ပျောက်ကင်းသည်အထိ
တစ်နေ့ (၂) ကြိမ် အသုံးပြုပေးနိုင်ပါတယ်။
လာဗင်ဒါအဆီ
လာဗင်ဒါအဆီမှာ
အရေပြားဆဲလ်တွေကို နုပျိုစေတဲ့ ဂုဏ်သတ္တိပါဝင်ပြီး အဲဒါက အမာရွတ်တစ်သျှူးတွေ ကုသရာမှာ
ကူညီပေးပါတယ်။
-
လာဗင်ဒါအဆီကို
အမာရွတ်ပေါ် အနည်းငယ် သုတ်လိမ်းပေးပါ။ (၁၀-၁၅) မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးပါ။
အသားထဲစိမ့်ဝင်သွားအောင် ပွတ်ပေးပါ။
-
လာဗင်ဒါအဆီကို
သံလွင်ဆီနဲ့ ဆတူရောစပ်ပြီး အထက်ပါနည်းလမ်းအတိုင်း ပွတ်ပေးနိုင်ပါတယ်။
ပျားရည်
သဘာဝအစိုဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့
အဆီတစ်ခုဖြစ်တဲ့ ပျားရည်ကိုလည်း အမာရွတ်တွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ပျားရည်က
အမာရွတ်ဖြစ်ပြီးသွားရင် ဖြစ်တတ်လေ့ရှိတဲ့ အသားပိုဘုဖြစ်တာကို ကာကွယ်ပေးပြီး အရေပြားဆဲလ်အသေတွေကို
ဖယ်ရှားပေးပါတယ်။
-
ပျားရည်ကို
အမာရွတ်ဖြစ်တဲ့ နေရာတစ်ဝိုက်မှာ အသားထဲစိမ့်ဝင်အောင် လိမ်းထားပေးပါ။ (၃၀) မိနစ် (၁)နာရီလောက်ကြာမှ
ရေဖြင့် ဆေးချလိုက်ပါ။ တစ်နေ့နှစ်ကြိမ် ပုံမှန်လုပ်ပေးသွားနိုင်ပါတယ်။
-
နောက်ထပ်
ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောစပ်ပြီး အမာရွတ်ပေါ် လိမ်းပေးထားပါ။ အပေါ်ကနေ နွေးနေတဲ့
အဝတ်သန့်သန့်တစ်ထည် ဖုံးပေးထားပါ။ အဲဒီအဝတ်အေးသွားတဲ့အခါမှ အဝတ်ကို ဖယ်လိုက်ပါ။ အဲဒါကိုလည်း
တစ်နေ့ (၃-၄) ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။
နောက်ထပ် သိမှတ်ဖွယ်ရာနည်းလမ်းလေးတွေအနေနဲ့ကတော့
-
Aspirin
နှစ်ပြားကိုချေပြီး ရေအနည်းငယ်ရောစပ်ကာ အဲဒီအမာရွတ်ဒဏ်ရာပေါ်မှာ တစ်နေ့ (၂) ကြိမ် နေ့စဉ်လိမ်းပေးထားနိုင်ပါတယ်။
-
အဖြူရောင်သွားတိုက်ဆေးကိုလည်း
အမာရွတ်ကိုကုသဖို့ အသုံးပြုပေးနိုင်ပါတယ်။
-
ဗီတာမင်စီဖြည့်စွက်အာဟာရ
ဆေးသောက်သုံးပေးခြင်းကလည်း အမာရွတ်ကို ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
-
ဘီတာကယ်ရိုတင်း၊
ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးပါ။
-
ရေဓာတ်မခန်းခြောက်စေဖို့အတွက်
နေ့စဉ်ပုံမှန်ရေများများ သောက်သုံးပေးပါ။
ချွန်ထက်တဲ့ လက်သည်း၊ ခြေသည်း၊
ချွန်ထက်တဲ့ အရာဝတ္ထုများနဲ့ အမာရွတ်များကို ထိုးဆွခြင်း ရှောင်ပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment