မြန်မာနိုင်ငံကားလောကအပြောင်းအလဲကို
ဝင်ရောက်လာတာ ခုမှ ၂ နှစ်ကျော် ၃ နှစ်အတွင်း လောက် ပဲရှိပါသေးတယ်။ အများဆုံးရောက်လာတဲ့ကားများက
အော်တိုဂီယာကားများပါ။ သူတို့နဲ့ပတ်သက် တဲ့ အခေါ် အဝေါ်လေးများကိုလည်း တတ်နိုင်သလောက်
အတိအကျသိထားစေချင်တယ်။ ဂီယာထိုးပုံနည်း စနစ်ကိုလည်း စနစ်တကျသိထားစေချင်လို့ပါ။
P=Parking Position
ကားရပ်နားထားတော့မယ်ဆိုရင်
ဒီနေရာကိုဂီယာတံပြောင်းထားပါ။ သို့မှသာ ကားသော့ကိုဖြုတ်လို့ ရပါတယ်။ ဒီနေရာမရောက်မချင်း
သော့ချွတ်လို့မရပါ။ စတက်တာဆိုတဲ့ စက်နိုးလို့ရမယ့်နေရာတစ်ခုပါ။ ဟန်းဘရိတ်ဆွဲစရာမလိုအောင်
ကားဘီးများကိုလည်းချုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
R-Reverse Position
မြန်မာပြည်ကလူတိုင်းနီးပါးခေါ်နေကြတဲ့
Back Gear ပါ။ ကားနည်းပညာမှာတော့ ဘက်ဂီယာ ဆိုတာ မရှိပါ။ လည်နိုင်တဲ့အရာတစ်ခုခုကို နောက်ပြန်လှည့်ပေးလို့
Reverse လို့ အတိအကျခေါ် လိုက်ပါ တယ်။ သေချာသတိထားကြည့်ပါ။ ကားကနောက်ကိုပြန်လှည့်သွားတာမှ
မဟုတ်တာ။ ဘီးတွေကို ပြောင်းပြန် ပြန်လည် ခိုင်းလိုက်တာလေ။
N=Neutral Position
မြန်မာပြည်က
လူတိုင်းနီးပါးခေါ်နေကြတဲ့ ဂီယာဖရီးဆိုတာကြီးပေါ့။ တချို့စက်ပြင်များကိုယ်တိုင် Normal
လို့ ခေါ်ကြပြန်သေးတယ်။ ဒီနေရာမှာ ဘာဂီယာမှမရှိတော့ လွတ်လွတ်လပ်လပ်ကြီးဖြစ်နေလို့ ဖရီးဖြစ်နေတာကို
အတင်းမွေးစားစကားယူသုံးရင်းနဲ့ ၁၀၀ မှာ ၉၉ ယောက်လောက် ခုထိအမှား မှတ်၊ အမှတ်မှားနေကြတာပါ။
ကားဝေါဟာရဖရီးဆိုတာကို
မသုံးပါဘူး။ အရှိန်ပြောင်း Gear Position အမျိုးမျိုးရှိနေပေမယ့် ဒီနေရာ မှာ ဂီယာတံကိုထားလိုက်ရင်
ဘယ်နေရာကိုမှမရောက်ဘဲ ကြားမှာပဲနေလို့ Neutral လို့ ခေါ်ထားပါတယ်။ တစ်နည်းအားဖြင့် ဘက်မလိုက်ဘူးပေါ့။
နမူနာ-
ပါတီခေတ်တုန်းက မြန်မာနိုင်ငံသည်လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောဝါဒနဲ့ ကြားနေ နိုင်ငံအဖြစ်
Neutral Policy ကိုကျင့်သုံးသောအကြွေးထူဆုံးနိုင်ငံဖြစ်သည်ဟု ကြွေးကြော်သံကို သတင်းစာ
ထဲမှာ ကြားဖူးနေကြ ဒီစကားလုံးပါ။
D=Drive Position
ဒါကတော့
ရှင်းပါတယ်။ Drive ဆိုတာ မောင်းနှင်တော့မယ့်အချိန်မှာ သုံးပါတယ်။ ဂီယာနံပါတ် အချက်ရေရှိသလောက်
နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့်ပြောင်းပေးပါလိမ့်မယ်။
2=2 Speed
အများဆုံးအရှိန်ပြောင်း
၂ ခုပဲ ချိန်းပေးပါမယ်တဲ့။ ဒီနေရာမှာ ဂီယာစထိုးပြီးထွက်လည်းရပါတယ်။ ဘာထိုးထိုး စထွက်မှာ
၁ နဲ့ပဲ စထွက်မှာပါ။ အရှိန်ရလာရင် နောက်တစ်ချက် ထပ်ချိန်းပေးမယ်။ ဒါပါပဲ တောင်တက်တဲ့
လမ်းမျိုးမှာ သုံးသင့်တယ်။ မြေပြန့်မှာ မေ့ထိုးမိရင် ကားကလည်း တော်တော်ပြေးပေမယ့် မလိုအပ်ဘဲ
ဆီစားခြင်းကို ခံရပါမယ်။
L=Low Speed
အနိမ့်ဆုံး
ဂီယာပါ။ ဘုရားစူး မိုးကြိုးပွတ် No-1 ဆိုတဲ့ ဂီယာတစ်ချက်ပဲ ပြောင်းပေးထားပါတယ်။ အရှိန်ဘယ်လောက်ရောက်ရောက်
ဗွက်နစ်လို့ရုန်းတဲ့အခါ မလုပ်မဖြစ်လုပ်ရပါတယ်။ တချို့ကားလေးတွေ မှာ B လို့ ပြောင်းသုံးပါတယ်။ Basic ပဲလို့ နားလည်လိုက်ပါ။
အော်တိုဂီယာနဲ့ပတ်သက်လို့တော့
မသိမဖြစ်သိထားလို့ နောက်ထပ်ပြောစရာ ၂ ခုမက ကျန်သေး တယ်။ ကားဝေါဟာရမှာ ဂီယာတံကို အရှိန်မြှင့်တဲ့ဟာကို
လီဗာတဲ့ခြေထောက်နဲ့နင်းမှကားကို ပြေးခိုင်းတဲ့ အရာက အမှန်တော့ Acceleration လို့ခေါ်ပါတယ်။
ဒီလိုပြောပြီးကားပြင်ခိုင်းရင် ဘယ်သူမှ နားမလည်ကြ လို့ စိတ်ထဲက အဲဒီလိုခေါ် ပါးစပ်ကတော့
လီဗာလို့ခေါ်လိုက်ပါ။ ဂီယာတံကတော့ အမှန်က ဂီယာဘောက် ကိုထိုး ထားတဲ့ အတံမို့ခေါ်လိုက်တော့
နဲနဲတော့သဘာဝကျပေမယ့် အရှိန်အမျိုးမျိုးပြောင်းကာ ထုတ် လွှတ်ပေးနေတဲ့ Transmission ဆိုတဲ့
ထုတ်လွှတ်မှုဖြစ်စဉ်အမျိုးမျိုးကို ပြောင်းရွေ့ခိုင်းတဲ့ Shift ဆိုတဲ့ စကားကို သုံးပေးထားတဲ့
ကုတ်မောင်းတံကြီး Lever အားလုံးကိုပေါင်းခေါ်မှ ပိုမိုပြီးပြည့်စုံလို့ ဂီယာတံကို ပုံကျပန်းကျစတိုင်နဲ့
ကျွန်တော့် ကားက Transmission Shift Lever က သိပ်ထိုးလို့မကောင်းလို့ ကြည့်ပေးပါဆိုပြီး
စက်ဆရာကိုပြောကြည့် လိုက်ပါလား။
အွမ် လို့ ပြန်ပြောသံကြားရမယ်။ စိတ်တိုတဲ့ဆရာနဲ့ တွေ့ရင်လည်း
သူကိုင်နေတဲ့ဂွနဲ့ ကောက် ပေါက်တာခံရလိမ့်မယ်။ ဒါကိုလည်း သိသာသိစေ အသံမထွက်မိကြစေနဲ့
စိတ်ထဲကတော့ ဒီအတိုင်းပြော ပါးစပ်ကတော့ ဂီယာတံလို ပဲငပိသံနဲ့ ပယ်ပယ်နယ်နယ်တွယ်လိုက်ပါ။
အော်တိုဂီယာများမှာ
မပါမဖြစ်ပါနေကျ ဘုသေးသေးလေး တစ်ခုရှိသေးတယ်။ အနှီးသို့မဟုတ် အခြား အရောင် နဲ့လည်း ရှိတတ်တယ်။
ဒါလေးကိုတော့ အတိအကျ Shift Lock လို့ရေးထားတယ်။ ဒါလေးက အော်တို ဂီယာတပ်ကားများ စက်နှိုးလို့မရပဲဖြစ်ဖြစ်
ဘက်ထရီဒေါင်းနေတဲ့အခါပဲဖြစ်ဖြစ် ကားကိုတွန်းရတော့ မယ် ရွေ့ရတော့မယ် ဆိုပါစို့ ဒီအချိန်မှာ
ဂီယာတံကို P နေရာမှကြိုက်ရာတစ်ခုကိုရွေးဖို့ အရေးပေါ်လက်နဲ့ ဖြုတ်ခိုင်းတဲ့ မင်နူရယ်လော့ပါပဲ။
အရေးပေါ်ကားရွေ့ဖို့အတွက် လက်တစ်ဘက်နဲ့ ဘုလေးကိုအရင်နှိပ်ပြီးရင် ကျန်တစ်ဘက်နဲ့ ဘုကြီးကိုလည်းနှိပ်ပြီး
N-နေရာကိုသာပြောင်းလိုက်ပါ။ ကြားနေပေါ်လစီလေ အော်မေ့လို့ သော့ကိုတော့ စမနှိုးခင် နေရာအထိဖွင့်လိုက်ရတယ်။
ဘရိတ်ကိုလည်း ကလပ်လိုသဘောထားပြီး နင်းထားအုံး။ ဒါမှလိုအပ်တဲ့ မဂ္ဂနစ်တွေ တက်တောက်တွေပွင့်သွားမှာ
ဘုကြီးက Release ပြန်လုပ်နိုင်မှာလေ။ အဆန်း တစ်ခုပြောပါ့မယ်။ စက်ရပ်နေတဲ့အချိန်မျိုးမှာ
အော်တိုဂီယာမှာ P နေရာတစ်ခုပဲကားကိုချုပ်ထားပါတယ်။
P နေရာကနေ ကျန်နေရာ တစ်ခုခုကိုပြောင်းထားပြီး ကားကိုတွန်းကြည့်ရင် ကားကရွေ့ပါတယ်။ R
ရောက်နေ လည်း ဖရီး D ရောက်နေလည်း ဖရီး ၂ မှာထားလည်း ဖရီး ဒီသဘောမျိုးပါ။ စက်နိုးမှ
သက်ဆိုင် ရာအလုပ်ကို လုပ်ပါတယ်။ စက်သေနေရင် သူတို့လည်းသေနေတယ်ပေါ့။ အသက်မ၀င်ပါ။ စက်နှိုးရင်တော့
အသက်ဝင်မှာပါ။ ဒီတော့ ဒီနေရာတွေမှာ ဂီယာတံရောက်နေရင် စက်နှိုးမရအောင်လုပ် ပေးထားပါတယ်။
အဓိက P ဆိုတဲ့ နေရာ ရယ် N ဆိုတဲ့ဖရီးရယ်မှာ ဂီယာတံရှိမှ စတတ်တာခလုပ်ကို ဖွင့်ပေးပါတယ်။
တော်လိုက်တာ မယုံရင်စမ်းကြည့် …။
တချို့များ
ကားကိုမောင်းလာရင်းနဲ့ဆိုတော့ D မှာပေါ့။ လမ်းမှာအချစ်နဲ့တွေ့တော့ အချစ်ရေ နေလို့မှကောင်းရဲ့
လား ဘာညာကွိ ကွ ရပ်စကားပြောတော့ ဆီကုန်မှာဆိုးလို့ ဘရိတ်နင်းလျက်နဲ့ သော့ပိတ်စက်ရပ်လိုက်ပါ
တယ်။ ပြီးမှ စက်ပြန်နှိုးကြည့်တော့ စတတ်တာ လိုင်းအောက်သွားပါပြီ။ D ဆိုတဲ့နေ ရာမှာရှိနေလျက်ကိုး
…။
စောစောက
ဖွန်ကြောင်နေမိတော့ ပြာပြာသလဲဖြစ် နောက်ကားကလည်း ဟွန်းတီးတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့
ဟင်းန်ဘရိတ်ကိုဆွဲပြီး နီးစပ်ရာကို ပလိစ်ဟက်ပ်မီး လုပ်ကြပါဦးဗျာ။ ခုစက်နှိုးလို့မရတော့ဘူး။
ဘက်ထရီဒေါင်းသွားတာထင်ပါရဲ့ဆိုပြီး ဘက်ထရီးနဲ့ထောက်နှိုးဖို့ ကြိုးစားကြပါတယ်။ ဒါတွေက
တကယ်ကြုံဖူး တဲ့ ဖြစ်ရပ်များစွာထဲကတစ်ခုပါ။ တချို့ကမီးပွိုင့်မှာ ဆီစားမှာစိုးလို့
ဘရိတ်နင်းလျက်စက်သပ် D မှာတော့ထိုး လျက်ပဲ။ မီးစိမ်းတော့ ပြန်နှိုးကြည့် အထက်ကပြောတဲ့ဖြစ်စဉ်အတိုင်းပါပဲ။
ပြောမယုံကြုံဖူးမှသိလိမ့်မယ်။
တစ်ချို့ကလည်း
ဂီယာကို N မှာ ဖရီးရိုက်တယ်ဆိုပြီးထား ဟင်းန်ဘရိတ်ကိုဆွဲပြီးကားရပ် သော့ချွတ်လို့ မရတော့ပါဘူးရှင့်
လုပ်ကြပါအုံးဆိုပြီး သော့ပြင်ကုလားလည်းသွားခေါ်ကာ သော့ချွတ်ခိုင်းတဲ့အဖြစ်လည်း တွေ့ဖူးတယ်။
ဒီတော့ အပြီးသတ်အမိန့်ချမှတ်လိုက်မယ်။
၁။ ကားရပ်ရင်
P အမှတ်အမြဲထား၊ ဟင်းန်ဘရိတ် ထမင်းဘရိတ်ကိုဆွဲထားတဲ့အကျင့်ကိုတော့ မမေ့တတ် ရင်တော့လုပ်။
အမှန်က နေရာတကာဟင်းန်ဘရိတ်မလိုဘူး။ ကုန်းဆင်းကုန်းတက်မှာ ကားကြာကြာရပ်မှလို တယ်။ ဟင်းန်ဘရိတ်
ပြန်ဖြုတ်ဖို့မေ့တတ်တယ်။ တချို့ ဟင်းန်းဘရိတ်က လက်နဲ့မချတော့ဘူး။ ခြေထောက်နဲ့ချဖို့
ဘယ်ဘက် ခြေထောက်နားက ပေါင်ကြိုပေါင်ကြားနားမှာ ခြေနင်းပြားသေးသေးလေးနဲ့ ထားကြတယ်။ ကျန်တဲ့ရိုးရိုးလက်ကိုင်နဲ့ထားတဲ့ဟာလည်း
ထိုင်ခုံနှစ်ခုံကြားပေမယ့် ကျုပ်လည်းမေ့တတ်တယ် ခင်ဗျ။
၂။ ဆီကုန်မှာစိုးလို့ဆိုပြီး
မီးပွိုင့်မှာစက်မသတ်နဲ့ စက်သတ်ထားရင်တောင် P မှာ ထားလိုက်။ အာရုံများစွာနဲ့ပြန်နှိုးရင်
ချက်ချင်းနိုးမယ်။ ခုခေတ်မှာ လက်ကိုင်ဖုန်း ဖက်ရှင်ကိစ္စများကိုလည်းထည့်ပြောပေး ရသေးတယ်။ N မှာထား လည်းရတာပဲလို့ ပြန်မပြောနဲ့ ဘရိတ်နင်းမထားရင်
နောက်ပြန်ကားလိမ့်မယ်။
၃။ ကားပေါ်တက်တာနဲ့
ဘရိတ်ကိုအရင်နင်း သော့ထည့် ဒီအတိုင်းနှိုး။ လီဗာနင်းစရာမလိုဘူး။ Idel Speed ဆိုတဲ့ စလိုးအပတ်ရေကို
ဂါဗနာဆိုတဲ့ အရာများက ခင်ဗျားအစားလုပ်ပေးလိမ့်မယ်။
၎။ ဘရိတ်က
ကလပ်အလုပ်ကိုပါလုပ်နေတယ်ဆိုတာ ခင်ဗျား မှတ်ထားပါ။ ပိုင်ပိုင်နိုင်နိုင်နင်းထားမှလိုချင်တဲ့
နေရာကိုထိုးနိုင်မှာ။
၅။ ရိုးရိုး
AT ဂီယာတံပေါ်က ဘုကြီးကို ချုပ်ထားတဲ့ဟာတွေကို ပြန်ဖြေဖို့ Release Button လို့ခေါ်တယ်။
ဒါကိုနှိပ်ပြီးနောက်ကို စရွေ့လိုက်ရင် တီ-တီ-တီလို့ကြားလိမ့်မယ်။ အဲဒါ ဘက်ဂီယာအန္တရာယ်ရှိလို့
အသိပေး နေတာ။ အသံကြားလိုက်ရင် ဘုကိုမနှိပ်နဲ့တော့ ဒီအတိုင်းသာသာယာယာ နောက်ကိုတစ်ဆင့်ထပ်ရွေ့ကြည့်။
N
ဆိုတဲ့ ခင်ဗျားတို့ပြောနေကျ ဖရီးဘုကိုနှိပ်စရာမလိုဘူး။
နောက်ထပ်ရွေ့ကြည့်
ကားစမောင်းမယ့် D ကိုရောက်ပါပြီ။ ဘရိတ်ကိုစလွှတ်ကြည့် D အတိုင်းရွေ့ရ တယ်။ L အထိတော့မရပါ။
ဘုနဲ့တားထားပါတယ်ခင်ဗျာ။ မ၀င်သင့်တဲ့နေရာကို ၀င်သွားမှာစိုးလို့ပါ။ L ကတော့ လုံးဝရပ်လျက်
ဖြစ်စဉ်နီးပါးမှာအသုံးလိုမှ ဘုကြီးနှိပ်ပြီးထိုးရမှာ။
ဥပမာ-
တောင်တက်၊ တောင်ဆင်း၊ ဗွက်နစ်တဲ့အခါမျိုး။
၆။ D ကနေ
ဆီစားသက်သာအောင် ဖရီးရိုက်ချင်ပါသလား။ တက်စီမင်းအပေါင်းသူတော်ကောင်းတို့။ ဘုကြီးမနှိပ်ဘဲ
ဒီအတိုင်းရှေ့ကိုပို့လိုက်။ N ရောက်သွားမယ်။ ပြန်မောင်းချင်ရင် ဒီအတိုင်းပဲ နောက်ကိုပြန်ပို့။
D ပြန်ရောက်မယ်။ အတိုဆုံးပြောမယ် ဘုကြီးကိုအားယားတိုင်း အမြဲနှိပ်ပြီး ဂီယာမျိုးစုံကိုထိုးနေတဲ့သူများ
ခုကစလို့ သတိချပ်ကြပါ။ ဘုကြီးကိုကားလုံးဝရပ်သွားမှ စဉ်းစားပါ။ မ၀င်သင့်တဲ့နေရာကို လွယ်လွယ်ကူကူမ၀င်
အောင်တားထားပါတယ်ဆိုတာ D နဲ့မောင်းနေရင်း ဘုကိုနှိပ်ပြီးအရှေ့ကိုပို့လိုက်တယ်ဆိုပါစို့။
အားလွန်သွားရင် N နေရာကျော်တာနဲ့ R နဲ့စတွေ့မယ်။ R နေရာကျော်ရင် P ထိရောက်သွားလိမ့်မယ်။
ဒါကိုတော့ မျက်စိမှိတ်ပြီး ယုံလိုက်ပါ။ ယောင်လို့တောင်သွားမစမ်းပါနဲ့။ ဘာမဆိုကျွမ်းကျင်မှုဟူသည်
ကြိမ်ဖန်များစွာလေ့ကျင့်ခြင်းမှရရှိ လာသည်ဆိုတဲ့ စကားလေးကိုနှလုံးသွင်းကာ ကြိုတင်ခါအချိန်ရသလောက်
ဇာတ်တိုက်ခါလေ့ကျင့်ခြင်းအား ဖြင့် မိမိတို့ရဲ့ Driving Skill လေးများကို တိုးတက်အောင်
လေ့ကျင့်ထားဖို့ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း ကားမိတ်ဆွေများကိုခင်မင်လျက် …..။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment