အလှယာဉ်တစ်စီးဖြစ်အောင်
ကိုယ့်ကားကိုတည်ဆောက်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါး ကို မဖြစ်မနေ ဖတ်ကြည့်ဖို့
လိုအပ်နေပါပြီ။ ပြီးမှ အမှန်တကယ်လုပ်ဖြစ်လား၊ မလုပ်ဖြစ်လားတော့ ကိုယ့်ရဲ့ ဆုံးဖြတ်
ချက်ပဲဖြစ်တာကြောင့် အရင်ဖတ်ကြည့်ဖို့တော့ လိုအပ်ပါတယ်။ ကားချစ်သူအတော်များများက သူတို့ကားတွေ
ကို တန်ဆာဆင်ချင်ကြတယ်။ ဒါပေမဲ့ ဘတ်ဂျက်ကန့်သတ်ထားမှု အခက်တွေ့နေရတာ မျိုးတွေရှိနေပါတယ်။
ဒါ ကြောင့် ကိုယ့်ရဲ့အကြားအမြင် ဗဟုသုတရယ်၊ ရှိခဲ့မယ်ဆိုရင် စက်ဆရာ အသိတ ချို့ရယ်၊ ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ကားကိုအလှဆင်နိုင်တာပါ။
ကိုယ့်အားကိုယ်ကိုးဖို့ အရေးကြီးဆုံး
ဘယ်လိုအကြောင်းကိစဿစမျိုး ဆောင်ရွက်ရသည်ဖြစ်စေ လုပ်ငန်း
ပြီးမြောက်အောင်မြင်ဖို့ အဓိကကျ တဲ့အရာကတော့ ကိုယ့်အားကိုယ်ကိုးဖို့ပါပဲ။ ကားတွေနဲ့နေရတာ
ပျော်ရွှင်သူတွေအနေနဲ့ ပထမဆုံးကား ၀ယ်ကတည်းက ကိုယ့်စိတ်ကြိုက်ကို ရွေးချယ်ရပါလိမ့်မယ်။
ဒီနေရာမှာ နောက်တက်လာမယ့် ပြင်ဆင် စရိတ်တွေကို ကာကွယ်နိုင်ဖို့ မ၀ယ်ယူခင်ကတည်းက ကိုယ့်ကားကောင်းမကောင်းအရင်စစ်ဆေး
ဝယ်ယူသင့်တာပါ။ နောက်ပိုင်းမှာလည်း စက်ဆရာတစ်ယောက်လောက်ကို မိတ်ဆွေဖွဲ့ရင်း အမြဲ စစ်ဆေးနေသင့်ပါတယ်။
ကိုယ့် ကားကအဆင်/အပြင်တွေကြောင့် ဘယ်လောက်ပဲထူးခြားနေပါစေ ခဏခဏပျက်နေရင် ခေါင်းရှုပ်ရတာကြောင့်
မော်ဒယ်အမြင့်ကားဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
မျက်စိဖွင့်နားစွင့်ထားပါ
ခေတ်မီအောင်
အထူးပြုပြင်တပ်ဆင်ထားတဲ့ ကားတစ်စီးဖြစ်လာဖို့
နောက်ထပ်လိုအပ်တာ တစ်ခု က တော့ ကားမဂ္ဂဇင်းတွေ၊ အင်တာနက်စာမျက်နှာတွေကတစ်ဆင့် အဆက်မပြတ်လေ့လာနေဖို့ပါပဲ။
နောက်ပြီး ကားပြပွဲတွေဘာတွေကိုလည်းတက်ရောက်ပြီး သူများတွေကားကိုဘယ်လိုပြင်ဆင်ထား တယ်ဆိုတာ
လေ့လာရ မှာပါ။ ဒီလိုမျက်စိဖွင့်ထားမယ်ဆိုရင် ကိုယ်ကဘယ်လိုကားမျိုးကို အကြိုက် ဆုံးဖြစ်နေလဲ၊
ကိုယ်ကြိုက်တဲ့ကားကို တခြားသူတွေဆိုရင် ဘယ်လိုဆင်ထားလဲဆိုတာသိနိုင်လို့ ကိုယ့်အတွက်
အဖိုးတန်အိုင်ဒီယာတွေရလာမှာ အသေအချာပါ။ ဒါ့အပြင် ကောင်းနိုးရာရာလေးတွေကို ကိုယ် ပိုင်စိတ်ကူးစိတ်သန်းနဲ့
တည်ဆောက်ကြည့်မယ် ဆိုရင်လည်း တခြားသူတွေလို ဆွဲဆောင်နိုင်တဲ့ ဒီဇိုင်းမျိုးတွေထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဘော်ဒီနဲ့အတွင်းပိုင်းတွေအတွက်
ရှေ့ဘန်ဘာ၊
နောက်ကြည့်မှန်၊ ရှေ့မီးလုံး၊ Spoles ရှေ့ဘောနက်စ် အဖုံးစတာတွေက ကိုယ်ဆင် တတ်ရင် ဆင်တတ်သလောက်လူအများအာရုံ
စိုက်ခံရမယ့်နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေမှာ သမားရိုး ကျဖန်တီးမှုတွေဖြစ်တဲ့ စတစ်ကာကပ်တာ၊
ဆေးသားပြောင်းတာတွေအပြင် တချို့ကတော့ ဘောနက်စ်တွေ ဘာတွေ အသစ်လဲတတ်တာမျိုးတွေတောင် ပြုလုပ်တတ်ကြတာပါ။
အတွင်းပိုင်းမှာလည်း ဆန္ဒရှိရင်ရှိသလို ကိုယ့်စိတ်တိုင်းကျ ဒီဇိုင်းဖန်တီးနိုင်မယ့်နေရာတွေ
အမြောက်အများ ရှိနေပါတယ်။ ထိုင်ခုံ၊ ဒက်စတော့၊ ခေါင်း အုံး၊ ကြမ်းခင်း၊ အမိုးစတာတွေက
အဓိကကျတဲ့ နေရာတွေပါ။ တချို့ကတော့ ကားအတွင်းပိုင်းကို ကိုယ့် အကြိုက်ဆုံးအရောင်တွေတောင်
ရွေးသုံးကြတာမျိုးရှိပါတယ်။
I.C.E ကို မေ့မထားဖို့လိုတယ်
In
Car Entertainment လို့ အလွယ်ခေါ်ကတဲ့ ကားအတွင်းပိုင်းဖျော်ဖြေရေးစနစ်ကလည်း ခေတ်မီကားတစ်စီးအဖြစ်သတ်မှတ်ခံရဖို့
အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်နေပါတယ်။ ပြိုင်ကားအများ စုကတော့ I.C.E ကို အလေးထားကြလေ့ရှိပြီး
Sound Box ကောင်းကောင်းနဲ့ ကားကိုတန်ဆာဆင်ကြ လေ့ရှိတာပါ။ ဒါပေမဲ့ ဒီနေရာမှာ သတိထားသင့်တာက
ကားအတွင်းပိုင်းကို ဒီလိုပစ္စည်းမျိုးတွေ ထည့်သွင်းတော့ မယ်ဆိုရင် ဖြစ်နိုင်သမျှ Brand
တစ်ခုတည်းကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။
အင်ဂျင်ဆိုင်ထိန်းစနစ်၊ ဘရိတ်
ရုပ်လုံးကြွပြီး ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိအောင်
တန်ဆာဆင်ထားတဲ့ကားဖြစ်ပါစေ၊ အင်ဂျင်က သူများတွေလောက်မကောင်းရင် အလကားပါပဲ။ တကယ်တော့
ကားဒီဇိုင်းလေးဆန်းတယ်ဆိုတာကလည်း ''ရထားနဲ့တံခွန်''ဆိုသလို အင်ဂျင်အပေါ်အခြေပြုပြီးမှ
အသိအမှတ်ပြုခံရတယ်ဆိုတာ မေ့မနေသင့်ပါဘူး။ ဒါ့အပြင် ကားတစ်စီးကိုအကောင်းဆုံး ထိန်းချုပ်မောင်းနှင်နိုင်ဖို့
ဆိုင်ထိန်းစနစ်နဲ့ ဘရိတ်ကိုလည်း အမြဲ ဂရုစိုက်နေရမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment