ဆီလိုအပေါက်ရှာပြီး
အပြစ်ပြောတတ်တာ လူတွေရဲ့ သဘာဝတစ်ခုပါ။ ပိန်တော့လည်း ပိန်လို့၊ ဝတော့လည်း ဝလို့။ ဘယ်လိုနေနေ
နေလို့မရ။ အဲဒီထဲကမှ ပါးဖောင်းဖောင်းကလည်း ပြဿနာတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာပြင်က
ဖောင်းဖောင်းကားကားလေးဖြစ်တဲ့အခါ လူတွေအတော် များများက စိတ်ထဲမှာ တစ်ခါတည်း မှတ်ယူထားလိုက်ကြတယ်။
ဒီလူ ဝတယ်ပေါ့။ မျက်နှာပြင်က ပါးဖောင်းဖောင်းကို လျော့ချဖို့ တစ်ခုတည်းသော နည်းလမ်းတစ်ခုကတော့
ခန္ဓာကိုယ်တစ်ခုလုံးက အလေးချိန်ကို အကြမ်းဖျင်းအားဖြင့် လျော့ချပစ်ဖို့ပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကိုပဲ ပစ်မှတ်ထားပြီး လျော့ချလို့တော့ မရပါဘူး။ ပါးဖောင်းဖောင်း
ပြဿနာက အဝလွန်နေတဲ့ လက္ခဏာချည်း သက်သက်တော့ မဟုတ်ပါဘူး။ ရေဓာတ်ပြည့်ဝနေခြင်းကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ဖောင်းဖောင်းကားကားအလှကို နှစ်သက်သူရှိသလို မနှစ်သက်တဲ့လူလည်း
ရှိတယ်။ အဲဒီတော့ မနှစ်သက်သူတွေအနေနဲ့ ပါးဖောင်းဖောင်း ပြဿနာကို ဘယ်လိုအဖြေရှာမလဲ။
အရက်သောက်သုံးခြင်း လျော့ချပါ
ပါးဖောင်းဖောင်းပြဿနာကို
ဖယ်ရှားဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အရက်သောက်သုံးခြင်း ကို လျော့ချပစ်ဖို့ပဲ ဖြစ်ပါတယ်။
ဝိုင်သောက်သုံးသူတွေလည်း လိုက်နာရမှာပါ။ အရက်ကတော့ ထိပ်ဆုံးက ဖယ်ရှားပစ်ရမယ့်ပစ္စည်းတွေထဲက
တစ်ခုအပါအဝင်ပေါ့။ အရက်သောက်တဲ့အတွက် မျက်နှာကို နီရဲပြီး ဖူးယောင်သကဲ့သို့ ဖြစ်စေနိုင်ပါတယ်။
အရက်က ကိုယ်ခန္ဓာရေဓာတ်ကို ဆုံးရှုံးခမ်းခြောက်စေတဲ့အပြင် ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့
ကယ်လိုရီတွေလည်း များစွာပါဝင်နေပါတယ်။
အနေအထိုင် လေ့ကျင့်ပါ
နောက်ထပ်
ပါးဖောင်းဖောင်း ပြဿနာဖြေရှင်းစရာ နည်းလမ်းတစ်ခုကတော့ ကိုယ်နေဟန်ထားကို လေ့ကျင့်ပေးဖို့
ဖြစ်ပါတယ်။ မေးစေ့နှစ်ထပ်၊ လည်ပင်းမှာ အဆီတွေ ရစ်နေတဲ့ ကိုယ်နေဟန်ထားက မျ က်နှာပြင်ကို
ပိုပြီးကြီးမားသွားသယောင် ဖြစ်စေပါတယ်။ အဲဒါကြောင့် မေးစေ့၊ လည်ပင်းတစ်ဝိုက် လေ့ကျင့် ခန်းတွေ
ပုံမှန်လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ စာကြည့်စားပွဲမှာ ထိုင်နေတဲ့အခါ ဦးခေါင်းမော့၊
ငုံ့၊ ဘယ်၊ ညာ လေ့ကျင့်ခန်းကို သတိရတိုင်း လုပ်ပေးပါ။
ရေပုံမှန်သောက်သုံးပေးပါ
ရေကို
ပုံမှန်မသောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုနဲ့အတူ ရေဓာတ်သိုလှောင်မှု
ဆိုတာ ဖြစ်ပေါ်လာပါတယ်။ မကြာခဏ ရေဓာတ်ဆုံးရှုံးတဲ့အတွက် ခန္ဓာကိုယ်က ရေကို သိုလှောင်လာ ပါတယ်။
အဲဒီအခါ ပါးဖောင်းဖောင်းပြဿနာ အစပြုလာပါတော့တယ်။ ရေကို ပုံမှန်သောက်ပေးပါ။ အရွယ်ရောက်သူတွေအနေနဲ့
တစ်နေ့ကို ရေ(၂)လီတာနဲ့အထက် သောက်သုံးပေးနိုင်ပါတယ်။
အချို၊ အငန်စားသုံးခြင်း လျော့ချပါ
အချိုဓာတ်၊
အငံဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်း ရှောင်ပါ။ အချိုနဲ့ အငန်က အရက်ကဲ့ သို့ပင်
အရေပြားကို နီရဲပြီး ခမ်းအမ်းအမ်းဖြစ်စေနိုင်ပါတယ်။ အသင့်စားအချိုဓာတ်၊ အငံဓာတ်တွေကို
အတတ်နိုင်ဆုံး လျော့ချဖို့လိုပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက် များများစားပေးပါ။ ရေဓာတ်ဆုံးရှုံးမှု ကိုလည်း
နည်းစေပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။
အသင့်စား အစားအသောက်တွေ ရှောင်ကြဉ်ပါ
မျက်နှာပြင်က
ပါးဖောင်းဖောင်းပြဿနာ လျော့ချဖို့ နည်းလမ်းနောက်တစ်ခုကတော့ အသင့်စား အစားအသောက်တွေကို
ဖြတ်တောက်ပစ်လိုက်ဖို့ပါပဲ။ ဒီအစားအသောက်တွေထဲမှာ အဆီပါဝင်နှုန်းမြင့် မားပြီး တစ်ခါတစ်ရံမှာ
အချိုဓာတ်၊ အငန်ဓာတ်ပါဝင်နှုန်း မြင့်မားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အလေးချိန်ကိုပါ တိုးစေနိုင်ပါတယ်။
ကယ်လ်ဆီယမ်စားသုံးပေးပါ
ကယ်လ်ဆီယမ်က
အဆီတွေကို လောင်ကျွမ်းစေနိုင်ပြီး မျက်နှာပြင်မှာ ရေဓာတ် သိုလှောင် ထားခြင်းကြောင့်
ဖောင်းအစ်နေခြင်းကို သက်သာစေပါတယ်။ အဲဒါကြောင့် နေ့စဉ်စားသုံးနေတဲ့ အစား အသောက်တွေထဲမှာ
အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။
ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ကိုလျော့ချပါ
မျက်နှာပြင်က
ဖောင်းအစ်နေတဲ့ပြဿနာတစ်ခုတည်း လျော့ကျသွားစေဖို့အတွက်တော့ လေ့ကျင့် ခန်းလုပ်လို့ မရပါဘူး။
မျက်နှာပြင်က အဆီပိုတွေကို လျော့ချဖို့အတွက် ခန္ဓာကိုယ်တစ်ခုလုံးက အလေး ချိန်ကို လျော့ချပစ်ဖို့လည်း
လိုအပ်ပါတယ်။
မျက်နှာလေ့ကျင့်ခန်းလုပ်ပါ
မျက်နှာပြင်ပေါ်က
ဖောင်းအစ်နေတဲ့ ပြဿနာတွေ လျော့ချဖို့ နည်းလမ်းတစ်ခုကတော့ မျက်နှာယော ဂ ဒါမှမဟုတ် မျက်နှာလေ့ကျင့်ခန်းလုပ်ပေးဖို့ပါပဲ။
ဒီလိုလုပ်ပေးခြင်းက မျက်နှာပြင်ပေါ်က အဆီပိုတွေကို လျော့ကျသွားစေရုံသာမက ယခင်ကထက်ပိုပြီး
ပေါ့ပါးနုပျိုစေပါလိမ့်မယ်။
မိတ်ကပ်ကို ကျွမ်းကျင်စွာ လိမ်းခြယ်ပါ
မျက်နှာပြင်ပေါ်က ဖောင်းဖောင်းအစ်အစ်ပြဿနာတွေကို
ဖယ်ရှားပေးနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ မျက်နှာပြင်ကို ကျွမ်းကျင်လိမ္မာစွာ
မိတ်ကပ်လိမ်းခြယ်တတ်ဖို့ပါပဲ။ ဖောင်ဒေးရှင်း လိမ်းခြယ်တဲ့အခါ မျက်နှာအလယ်ပိုင်းကို
ပေါ့ပေါ့ပါးပါးအရောင် အသုံးပြုပြီး မျက်နှာပြင်ဧရိယာတွေကို အရောင်ရင့်အသားပေးပြီး အသုံးပြုပါ။
အသုံးပြုတဲ့အရောင်တွေကိုလည်း သေချာနှံ့စပ်သွားအောင် ကိုင်တွယ်အသုံးပြုတတ်ဖို့ကလည်း
လိုအပ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment