ဒီဘက်ခေတ်မှာ
ကားတွေ ဗုံးပေါလအောပေါများလာမှုနဲ့အတူ ဆယ်ကျော်သက်အရွယ် လူငယ်တွေ လည်း ယခင်ကထက်ပိုပြီး
ကားမောင်းဖို့ပြင်ဆင်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွဲကူး ရေပါဆို သလို မိဘတွရဲ့
စိုးရိမ်ပူပန်မှုတွေလည်း အရင်ကထက်ပိုပြီးမြင့်မားလာတာပါ။ အခုမှ ကားစတင်မောင်း နှင်ဖို့
ကြိုးစား နေကြတဲ့ လူငယ်တွေအနေနဲ့ အချိန်များများယူပြီး အကြိမ်ကြိမ်အထပ်ထပ် ကားမောင်းလေ့ ကျင့်ဖို့
လိုအပ်ပါ တယ်။ ဒီလိုမောင်းနှင်နေတဲ့အချိန်မှာလည်း သာမန်အမောင်းကျင့်နေရုံမျိုးတင်မဟုတ်ဘဲ
ဘရိတ်အပေါ် ဖိအားဘယ်လောက်ထားရှိသင့်တယ်။ ဘယ်လိုအချိန်အဆမျိုးတွေနဲ့ ကားစထွက်သင့် တယ် ဆိုတာမျိုးတွေကိုပါ
တစ်လက်စတည်း မှတ်သားထားသင့်တာပါ။ ကားစတင်မောင်းနှင်ဖို့ကြိုးစားနေကြတဲ့ လူငယ်တွေအတွက်
မှတ်သားထားသင့်တဲ့ အချက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
စိတ်ငြိမ်ငြိမ်ထားပါ
ပထမဆုံးစတီယာယင်နောက်မှာ
ထိုင်မိတဲ့အတွေ့အကြုံက ကားမောင်းသမားအသစ်တိုင်း ကိုအ တိုင်း အတာတစ်ခုအထိ စိုးရိမ်စိတ်ဝင်စေမှာမလွဲပါဘူး။
ဒီလိုအခြေအနေမျိုးမှာ ကားမောင်းဖို့ဖြစ်ပါတော့ မလားဆိုတဲ့ အတွေးမျိုးဝင်လာတတ်ပါတယ်။
ဒါဆိုရင်တော့ အဲဒီအတွေးတွေကိုမောင်းထုတ်ပြီး စိတ်ငြိမ်နေအောင်အရင် ကြိုးစားလိုက်ပါ။
ကားမောင်းတယ်ဆိုတာ အခုရေတွင်းတူး၊ အခုရေကြည်သောက် လုပ်လို့မရဘဲ အချိန်ယူပြီး အတွေ့အကြုံယူရတဲ့အလုပ်မျိုးဆိုတာ
အရင်သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် စစချင်းမှာ အမှားတော့ လုပ်မိကြမှာပါပဲ။ မိဘတွေအနေနဲ့ကလည်း
ကိုယ့်သားသမီးကို ပထမဆုံးအကြိမ် ကားသော့အပ်ရမယ့် အလုပ်အတွက် အစိုးရိမ်လွန်တတ်ကြလေ့ရှိပါတယ်။
မဖြစ်သင့်ပါဘူး။ ကိုယ်စိုးရိမ်မှုလွန်ကဲစိတ်က သားသမီး တွေဆီကိုပါကူးစက်သွားတတ်တာကြောင့်
သက်သောင့်သက်သာနဲ့ သူတို့ကိုယုံကြည်မှုပေးထားသင့်ပါတယ်။
နေရာယူမှန်ပါစေ
အဦးဆုံးပြုလုပ်နေတဲ့
လေ့ကျင့်မှုတွေအတွင်း လုံခြုံမှုရှိတဲ့နေရာ၊ လင်းလင်းရှင်းရှင်းရှိမယ့်အချိန်နဲ့ ရာသီဥတုသာသာယာယာရှိမှုတွေကို
ဦးစားပေးရွေးချယ်ထားသင့်ပါတယ်။ အထိအရှမရှိနိုင်မယ့်နေရာမျိုးမှာ ပါကင်ထိုးလေ့ကျင့်တာ၊
ကြိမ်ဖန်များစွာ စတီယာရင်၊ လီဗာနဲ့ ဘရိတ်တွေကိုအချိုးညီညီ ထိတွေ့ရင်း ကားကိုကိုယ်နဲ့ပိုပြီး
လမိုင်းကပ်လာအောင်လေ့ကျင့်ထားတာမျိုးတွေက အခါအခွင့်သင့်တိုင်း ကိုယ့်ဘက်က ပြုလုပ်နေသင့်တာပါ။
လမ်းတွေ၊ အကွေ့အကောက်နေရာတွေအတွက် အယူအဆတွေနဲ့ လူနဲ့ကား တစ်သား တည်းကျသွားအောင် လေ့ကျင့်ရမှာဆိုပေမယ့်
အစဦးဆုံးအတွေ့အကြုံမရှိသေးသူတွေအနေနဲ့ ပုံမှန်အရှိန်နဲ့ သာ ဒီလိုလေ့ကျင့်မှုမျိုးပြုလုပ်ဖို့
မေ့မနေသင့်ပါဘူး။ ဒါ့အပြင် ကားစတင်မောင်းနှင်သူတွေ အနေနဲ့ လူရှုပ်တဲ့နေရာ၊ အချိုးအကွေ့များတဲ့နေရာ၊
မြစ်ကမ်းနံဘေးလိုနေရာစတဲ့ ကိုယ့်အတွက် အသင့် မဖြစ် သေးတဲ့နေရာမျိုးတွေကိုတော့ ရှောင်ထားသင့်ပါတယ်။
လေ့ကျင့်ဖို့ အစီအစဉ်ဆွဲပါ
ကားစတင်မောင်းနှင်သူတစ်ဦးအနေနဲ့
စက်ဘယ်လိုနှိုးရမယ်ဆိုတာကအစ လေ့လာရမှာဖြစ်ပါ တယ်။ နောက်ပြီးဘက်မှန်ကို ဘယ်လိုချိန်ညှိမလဲ၊
ထိုင်ခုံကိုဘယ်လိုနေရာပြောင်းမလဲ စတာတွေအပြင် အစမှာ ပုံမှန်အရှိန်နှုန်းနဲ့ စထွက်တတ်ဖို့လည်း
လေ့လာရမှာပါ။ ဒီလို ကိုယ်အသေးစိတ်လေ့လာနေ တာတွေကိုလည်း စီနီယာကျတဲ့ ကားမောင်းသူတစ်ဦးက
စောင့်ကြည့်နေသင့်ပါတယ်။ အဲဒီအတိုင်း တစ်ဆင့်ချင်းရှေ့ဆက် သွားနိုင်မယ်ဆိုရင် နောက်ဆုံးမှာ
ကျွမ်းကျင်တဲ့ ကားမောင်းသူတစ်ယောက် ဖြစ်လာမှာမလွဲပါဘူး။
ကိုယ်ကသင်ပြသူဖြစ်နေရင် ဘာလုပ်မလဲ
ကားမောင်းသင်စ
လူငယ်တစ်ယောက်ကို ပထမဆုံးလမ်းညွှန်ဖို့လိုအပ်တာက စိတ်တည်ငြိမ်အောင် ထားဖို့ဆိုတာပါပဲ။
ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးနဲ့ကြုံတွေ့လာရင် ဘယ်လိုတိန်းရှောင်ရမယ်ဆိုတာမျိုး ကိုလည်း
ဘေးကနေလမ်းညွှန်ပေးရင်း မမျှော်လင့်ဘဲကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေကို ရှောင်ရှား နိုင်ပါတယ်။
''ဥပမာ ရှေ့မီးပွိုင့်ရောက်ရင် ညာဘက်ကွေ့ရမယ်၊ ဘယ်လမ်းကမောင်းရမယ်'' ဆိုတာမျိုး ပြောထားသင့်တာပါ။
ဒါဟာရုတ်တရက် အတွေ့အကြုံနုနယ်သူတွေ ဝေခွဲရခက်တဲ့အခြေအနေမျိုးထဲ ရောက်သွားခြင်းက လွတ်မြောက်အောင်
လုပ်ပေးတာတစ်မျိုးလည်းဖြစ်ပါတယ်။
ဟာသပြောပါ
အခြေအနေအရပ်ရပ်က စိတ်လှုပ်ရှားစရာတွေနဲ့
ပြည့်နှက်နေတယ်ဆိုတာကို နားလည်ထားရပါမယ်။ ဒီတော့ ကားမောင်းစသင်သူတွေ စိတ်ဖိစီးမှုဒဏ်ကရရန်းထွက်နိုင်အောင်
ဘေးက ဟာသတွေပြောပြတတ်ဖို့ လိုပါတယ်။ ရယ်မောခြင်းက အကောင်းဆုံးအားဆေး တစ်ခွက်ဖြစ်လို့
သူ့ကိုမေ့မထားသင့်ပါဘူး။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment