ရုတ်တရက်ကားထိုးရပ်သွားလို့ စိတ်ညစ်နေသလား…













မောင်းနှင်နေချိန်အတွင်းမှာ ကားတစ်စီးကိုထိုးရပ်သွားစေဖို့ လုံလောက်တဲ့အကြောင်းအရာတွေ အများအပြားရှိနေပါတယ်။ အကြောင်းကြောင်းကြောင့် ကားတစ်စီးထိုးရပ်သွားတဲ့အခါ ကြီးကြီးမားမား ထိခိုက်သွားတာမျိုးတွေရှိတတ်ပေမယ့် ကံကောင်းရင်တော့ သာမန်ပြုပြင်လိုက်ရုံနဲ့ ပြန်ကောင်းနိုင်သလို ပေါ့ပေါ့ပါးပါးပြင်ဆင်မှုမျိုးလောက်နဲ့ အဆင်ပြေသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ကားတစ်စီး ဒီလို ထိုးရပ်သွားခဲ့မယ်ဆိုရင် ဘာတွေလုပ်သင့်တယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

အဆင့်(၁)
ကိုယ့်ကားက ဘယ်လို Function မျိုးနဲ့လည်ပတ်နေတယ်ဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်။ ကားအင်ဂျင်အသီးသီးရဲ့ ဖွဲ့စည်းပုံတွေဟာရှုပ်ထွေးသလို တစ်စီးနဲ့တစ်စီးမတူဘဲ ကွဲပြားနေတာကြောင့် ဒီအချက်ကိုအရင်ဆုံး စေ့ငမိဖို့လိုအပ်တာပါ။ ခေတ်ပေါ်ကားတွေမှာ အင်ဂျင်ဟာ ကွန်ပျူတာစနစ်အပေါ် အဓိက အားပြုတည်ဆောက်ထားတာကြောင့် ဒီလိုကားမျိုးတွေတစ်ခုခုဖြစ်ရင် ကိုယ်တိုင်ပြင်ဆင်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါ တယ်။ ဒါကြောင့် ကွန်ပျူတာစနစ်ကိုအခြေပြုပြီး တည်ဆောက်ထားတဲ့ ကားတစ်စီး အင်ဂျင်ပိုင်း ပြဿနာတွေ့ပြီ ဆိုရင် ဆိုင်ကိုပြေးပြီး ဘာဖြစ်တယ်ဆိုတာ အရင်ဆုံး အဖြေရှာဖို့လိုအပ်မှာပါ။

အဆင့်(၂)
အင်ဂျင်ချွတ်ယွင်းပြီး ကားတစ်စီးထိုးရပ်သွားခြင်းဟာ ပြဿနာနှစ်ခုကြောင့် ဖြစ်လာနိုင်စရာ ရှိပါ တယ်။ နံပါတ်(၁)က လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တစ်ခုခုချွတ်ယွင်းသွားတာကြောင့်ဖြစ်ပြီး၊ နံပါတ်(၂)ကတော့ လောင်စာ ပိုင်းမှာ ပြဿနာတစ်ခုခုပေါ်လာလို့ပဲဖြစ်ပါတယ်။ စလင်ဒါထဲမှာ အင်ဂျင်လည်ပတ်လာအောင် လောင်စာကို လောင်ကျွမ်းစေမယ့် ဂက်စ်မရှိတော့ရင် ထိုးရပ်သွားနိုင်သလို ဒီစနစ်မှာလျှပ်စစ်ပိုင်းက အလုပ်မလုပ်တော့ရင် လည်း အလားတူပြဿနာမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

အဆင့်(၃)
တောင်တက်၊ တောင်ဆင်းလမ်းတွေကို မောင်းနှင်တာများရင် အင်ဂျင်ထိခိုက်ပြီး ရုတ်တရက်ထိုး ရပ်သွားတာမျိုးဖြစ်တတ်သလားဆိုတဲ့ မေးခွန်းမျိုးတွေလည်းရှိတတ်ပါတယ်။ ဒါမျိုးကဖြစ်တတ်ပေမယ့် ဆီစစ် ထဲမှာ ကြေးတွေနဲ့ပိတ်ဆို့သွားတာမျိုးကြောင့်သာ အဖြစ်များပါတယ်။ ဆီစစ်ကို အသစ်လဲ တပ်ဆင် လိုက်မယ် ဆိုရင် ဒီပြဿနာကပြေလည်သွားမှာဖြစ်ပြီး အကုန်အကျလည်းနည်းတာကြောင့် ပြဿနာမရှိ နိုင်ပါဘူး။ လွယ်လည်းလွယ် ကူလွန်းပါတယ်။

အဆင့်(၄)
ကားတစ်စီးကို ကာလရှည်မမောင်းဘဲပစ်ထားပြီးမှ မောင်းနှင်မယ်ဆိုရင်လည်း ရုတ်တရက်ရပ်တန့် သွားတာမျိုးဖြစ်တတ်တာ သတိပြုရပါလိမ့်မယ်။ ဒါကလည်း ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေထဲက မေ့ထား လို့မရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်နေတာပါ။ သေသေသပ်သပ်ကားကို ကိုင်တွယ်ပြုပြင်နိုင်စွမ်းရှိတဲ့ စက်ပြင် ဆရာတစ်ဦး ဦးဆီမှာ တိုင်မင်(Timing) ချိန်လိုက်မယ်ဆိုရင် ဒီပြဿနာက ပြေလည်သွားနိုင်စရာရှိပါတယ်။

အဆင့်(၅)
တချို့ကတော့ ကာဘရိုက်တာ(Carburetor) က ကကြိုးကကြောင်ထလုပ်လို့ ထိုးရပ်တာမျိုးတွေပါ။ ဒီလိုကားမျိုးတွေဟာ ရုတ်တရက်တိခနဲရပ်မသွားတတ်သေးဘဲ စက္ကန့်အနည်းငယ်လောက် ရှေ့ဆက်သွားနေ တတ်ကြပါတယ်။ အသုံးပြုနေတဲ့ ဆီတွေမသန့်ရှင်းရင် ပလပ်(Plugs)တွေ အလုပ်ကောင်းကောင်း မလုပ်တော့ ရင် ဒီလိုထိုးရပ်သွားတတ်တဲ့ ပြဿနာမျိးတွေဖြစ်တတ်ကြောင်း သတိပြုမိဖို့လိုအပ်မှာပါ။

အဆင့်(၆)
နောက်တစ်ခုကတော့ ဖြစ်တောင့်ဖြစ်ခဲဖြစ်တတ်တဲ့ ဖြစ်စဉ်မျိုးဖြစ်ပါတယ်။ Vapor Lock လို့ ခေါ်ပြီး အင်ဂျင်ကို ဂက်စ်ထောက်ပံ့ပေးတဲ့လောင်စာလိုင်းတွေ အပူချိန်မြင့်တက်နေတဲ့အခါမျိုးမှာ ဖြစ်တတ်တာပါ။ ဒီလိုအခြေအနေမျိုးမှာ ဂက်စ်တွေဟာအပူရှိန်လွန်ကဲလွန်းတာကြောင့် ပိုက်လိုင်းထဲမှာငွေ့ရည်ဖွဲ့ သွား တတ်ကြ ပြီး ဒုက္ခပေးတတ်တာမျိုးဖြစ်ပါတယ်။ လောင်စာတွန်းပို့ပေးတဲ့ပန့်(Pump) တွေဟာ အရည်ကို တွန်းပို့ပေးနိုင်ဖို့ ဒီဇိုင်းဖန်တီးထားတာဖြစ်ပြီး ရေငွေ့လိုအရာတွေအတွက် အလုပ်လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် လုံ လောက်တဲ့ဖိအားမျိုး လောင်စာအပေါ်မသက်ရောက်နိုင်တော့ဘဲ ထိုးရပ်သွားတာမျိုးတွေဖြစ် လာတတ် တာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကားမောင်းနှင်နေချိန်အတွင်း ထိုးရပ်သွားတာမျိုးတွေက အထူး သဖြင့် ကား အဟောင်းတွေမှာအဖြစ်များပြီး ကြီးကြီးမားမား ပြုပြင်နေစရာမလိုတာောကာင့် စိတ်အနှောင့် အယှက် ဖြစ်နေစရာတော့ မလိုတာအမှန်ပါပဲ။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment