ဒီတစ်ပတ်ပိတ်ရက်ကတော့
မောင်နှမ၀မ်းကွဲတွေပါ ထမင်းလာစားမယ်ဆိုတော့ ဟင်းကောင်းကောင်း လေးချက်မလားစိတ်ကူးထားတယ်။
နည်းနည်းတော့ အကုန်အကျများမယ်ပေါ့လေ။ မယ်တော်မားသားကတော့ သူ့တူမတွေ ကြိုက်တတ်တဲ့ ခရမ်းသီးနှပ်မယ်
ဖလံတောင်ဝှေးနဲ့ မန်ကျည်း ရွက်ကြော်မယ်ပေါ့။
တရုတ်တန်း ဘက်ရောက်ဖြစ်လို့ ၀ယ်လာတဲ့ကြာစွယ်ရှိနေတော့ ဗမာကြက် နဲ့ကြာစွယ်ကို
ဟင်းချိုချက်မယ်။ ပြီးတော့ ၀က် ခေါက်ကြော်နှပ်သုပ်မယ်ပေါ့။
သားအမိနှစ်ယောက် ကိုယ့်အစီအစဉ်နဲ့ကိုယ်တော့ အိုကေနေတာပဲဗျ။ ဧည့်သည်လာတယ်ဆိုလို့ ဟင်းကိုဒီတစ်ပတ်တော့
လေးမျိုးချက်ဖြစ်သွားတယ်ဆိုပါတော့။
ကြက်သားနဲ့ ကြာစွယ်ဟင်းချို
ကြက်သားနဲ့
ကြာစွယ်ဟင်းချိုကိုတော့ အဓိကဟင်းအနေနဲ့ ရွေးထားတယ်။ ကြက်သားဗမာ ကြက် ကို အတုံးကြီးကြီးလေးတုံးထားလိုက်မယ်။
ပြီးတော့ ပုဇွန်ငံပြာရည်၊ ကြက်သားမှုန့်နဲ့နယ်ပြီး ဆီလေးပါတယ် ဆိုရုံ ထည့်ပြီးလုံးလိုက်မယ်။
ပြီးမှ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်ထားလိုက်မယ်။ ကြာစွယ် ကိုတော့ အခွံလေး ခွာလိုက်မယ်။
ဓားလေးနဲ့ရှပ်ပြီးတော့ပေါ့။ အပေါ်ယံမှာရှိတဲ့အခွံကို ဓားနဲ့ခြစ်လို့ရပေမယ့် တတ်နိုင် သလောက် အသားမပါအောင်ထိန်းပြီး သေချာဂရုတစိုက်လေးခွာလိုက်တယ်။
ကြက်သားနူး ခါနီးပြီဆိုမှ ခုနကရေစိမ်ထားတဲ့ ကြာစွယ်လေးတွေထည့်ပြီး ဆယ့်ငါးမိနစ်လောက်တည်ထားလိုက်။
ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူလေးပါထောင်းထည့်လိုက်ပြီးမှ အရသာလေးမြည်းကြည့်လို့ ကြက်သားနဲ့ ကြာစွယ်အရသာ ချိုချိုလေးနဲ့
ကြက်သွန်ဖြူနဲ့ငရုတ်ကောင်း မွှေးမွှေးပူပူလေးနဲ့ဆိုတော့ မိုးအေးအေးနဲ့လိုက်မှလိုက်ပေါ့နော်။
ဖလံတောင်ဝှေးမန်ကျည်းရွက်ကြော်
ရာသီပေါ်ဖလံတောင်ဝှေးကို
မန်ကျည်းရွက်နဲ့အချဉ်လေးကြော်မယ်။ ပိုချိုအောင် ပုဇွန်လေးပါဟင်း ခတ်ထည့်လိုက်မယ်။ ခရမ်းသီးကိုလည်း
ပုဇွန်နဲ့နှပ်မှာဆိုတော့ မယ်တော်မားသားက ပုဇွန်လေးပါတစ်ခါ တည်း ၀ယ်လာလိုက်တယ်လေ။ ဖလံတောင်ဝှေးကို
ရင့်တာလေးတွေဖယ်။ အနုလေးတွေဓားပြားရိုက်၊ အစေးလေး တွေ စင်သွားအောင် ရေထဲထည့်ပြီးရေဆေး
ပြီးမှရေစင်အောင်ပြန်ညှစ်ထားလိုက်မယ်။ မန်ကျည်းရွက်လေး လည်း ရေဆေး ရေစင်အောင်စစ်ထားလိုက်ပေါ့။
ပုဇွန်လေးလည်းခွာထား ကြက်သွန်နီ တစ်ဥလောက်ကို မထူမပါးလှီးပြီး ဆီသတ် ကြက်သွန်စိမ်းနံ့ပျောက်ရင်
ပုဇွန်လေးနဲ့ပုဇွန်ငံပြာရည်လေး ပါထည့်ပြီးလုံး ပြီးမှ ဖလံ တောင်ဝှေးပါထည့်လုံး။ ဖလံတောင်ဝှေးကထွက်လာတဲ့ရေလေးခန်းပြီး
နူးခါနီး လာပြီဆိုမှ ရေစစ်ထားတဲ့ မန်ကျည်းရွက်လေးထည့်လိုက်။ မန်ကျည်းရွက်က အချဉ်လေးထွက်လာပြီး
ချဉ်ချဉ်လေးဖြစ်လာပြီ၊ အပေါ့ အငံလည်းအိုကေပြီဆိုရင် ရာသီပေါ်ဖလံတောင်ဝှေးနဲ့ မန်ကျည်းရွက်ကြော် ဟင်းတစ်ခွက်တော့
ရပြီပေါ့နော်။
ခရမ်းသီးနှပ်
ခရမ်းသီးနှပ်အတွက်ကတော့
ခရမ်းသီးအရှည်သီးကို နှစ်ပိုင်းပိုင်းပြီးတော့မှ လေးစိတ်မွှာထားလိုက် မယ်။ အရင်းဘက်ကိုတော့
ပြတ်တဲ့အထိ မလှီးဘူးပေါ့နော်။ ပုဇွန်ကိုတော့ စဉ်းထားလိုက်။ ကြက်သွန်နီနဲ့ အရောင်တင်မှုန့်ကိုရော
ထောင်းထားမယ်။ အိုးထဲကိုဆီထည့်ပြီး ဆီကျက်ရင် ခုနထောင်းထားတဲ့ ကြက် သွန်နီနဲ့ အရောင်တင်မှုန့်ကို
နနွင်းလေးနည်းနည်းထည့်ပြီး ဆီသတ်လိုက်မယ်။ ပြီးမှ စဉ်းထားတဲ့ပုဇွန်နဲ့ ပုဇွန်ငံပြာရည်
လေးထည့်ပြီး လုံးလိုက်မယ်။ ဒါဆိုရင်တော့ ခရမ်းသီးနှပ်အတွက် အဆာရပါပြီ။ အဆာကို ခုနလေးစိပ်မွှာထား
တဲ့ခရမ်းသီးထဲထည့်။ ရေလေးနည်းနည်းထည့်ပြီး မီးလျှော့လျှော့လေးနဲ့တည်ထား၊ တစ်ဖက်စီခပ်ဖြေးဖြေးလေး
ဟိုဘက်ဒီဘက် လှန်ပေးလိုက်မယ်။ ခရမ်းသီးလည်းနူး၊ ဆီလေးလည်းပြန် လာပြီ၊ အရသာလည်း စိတ်ကြိုက်
ရပြီဆိုမှ ပိုမွှေးသွားအောင် ငရုတ်သီးစိမ်းလေး အုပ်လိုက်မယ်။
ဝက်ခေါက်ကြော်နှပ်သုပ်
ဝက်ခေါက်ကြော်နှပ်သုပ်အတွက်ကတော့
ဝက်ခေါက်ကြော်ကို ခရုဆီ၊ သကြား၊ ဆားလေးနည်း နည်းနဲ့ ရေလေးနည်းနည်းထည့်ပြီး မီးဖိုပေါ်မှာ
ဆယ်မိနစ်လောက်နှပ်ထား။ ၀က်ခေါက်လေးထဲ အရသာလေးလည်း ပိုဝင်သွားတာပေါ့။ ၀က်ခေါက်ကြော်လေးတွေနူးပြီး
ထုတ်ထုတ်လေးဖြစ်လာပီဆိုရင် လက်တစ်ဆစ်လောက်စီ လှီးထားလိုက်မယ်။ သုပ်ဖို့အတွက်ကတော့ ကြက်သွန်နီပါးပါးလှီး
ခရမ်းချဉ်သီးလည်းမထူမပါးလေးလှီး မြေပဲလှော်လေးလည်းထောင်းထား ငရုတ်သီးစိမ်းလေးလည်းလှီးထား
အချဉ်အတွက်ကတော့ သံပုရာရည်ပဲသုံး မယ်။ အရင်ဆုံး ကြက်သွန်နီခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊
ပုဇွန်ငံပြာရည်ကိုရောနယ်လိုက်မယ်။ အချိုအတွက် သကြားနည်းနည်း ထည့်မယ်။
ချိုချဉ်ငံစပ်လေးဖြစ်ပြီဆိုမှ ထောင်းထားတဲ့မြေပဲလှော်နဲ့ ၀က်ခေါက်လေးထည့် လိုက်မယ်။ ဒါဆို ရင်တော့ ၀က်ခေါက်ကြော်နှပ်သုပ် ချိုချဉ်ငံစပ်မွှေးမွှေးလေးရပြီပေါ့။ ဒီတစ်ပတ်နားရက်မှာ အိမ်လာလည်ပြီး ထမင်းစားကြမယ့် မောင်နှမ၀မ်းကွဲတွေကတော့ မယ်တော်မားသားရဲ့လက်ရာ ဖလံတောင် ဝှေး မန်ကျည်း ရွက်ကြော်လေးနဲ့ ခရမ်းသီးနှပ်လေးရယ် ကြက်သားကြာစွယ်ဟင်းချိုနဲ့ ၀က်ခေါက်ကြော် နှပ်သုပ်လေးရယ်နဲ့ ခေါင်းမဖော်တမ်းစားကြမှာ မြင်ယောင်မိနေတယ်။ ဧည့်သည်ရောအိမ်ရှင်ပါ စားကောင်းမှာ အသေအချာ ပဲပေါ့။ ဆွေမျိုးတွေလည်း ဒီတစ်ပတ် ပိတ်ရက်လေးမှာ မိသားစုစုံစုံလင်လင်လေးနဲ့ ဖွယ်ဖွယ်ရာရာ လေးချက်ပြီး စားကောင်းကြပါစေလို့…
Royal
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
ချိုချဉ်ငံစပ်လေးဖြစ်ပြီဆိုမှ ထောင်းထားတဲ့မြေပဲလှော်နဲ့ ၀က်ခေါက်လေးထည့် လိုက်မယ်။ ဒါဆို ရင်တော့ ၀က်ခေါက်ကြော်နှပ်သုပ် ချိုချဉ်ငံစပ်မွှေးမွှေးလေးရပြီပေါ့။ ဒီတစ်ပတ်နားရက်မှာ အိမ်လာလည်ပြီး ထမင်းစားကြမယ့် မောင်နှမ၀မ်းကွဲတွေကတော့ မယ်တော်မားသားရဲ့လက်ရာ ဖလံတောင် ဝှေး မန်ကျည်း ရွက်ကြော်လေးနဲ့ ခရမ်းသီးနှပ်လေးရယ် ကြက်သားကြာစွယ်ဟင်းချိုနဲ့ ၀က်ခေါက်ကြော် နှပ်သုပ်လေးရယ်နဲ့ ခေါင်းမဖော်တမ်းစားကြမှာ မြင်ယောင်မိနေတယ်။ ဧည့်သည်ရောအိမ်ရှင်ပါ စားကောင်းမှာ အသေအချာ ပဲပေါ့။ ဆွေမျိုးတွေလည်း ဒီတစ်ပတ် ပိတ်ရက်လေးမှာ မိသားစုစုံစုံလင်လင်လေးနဲ့ ဖွယ်ဖွယ်ရာရာ လေးချက်ပြီး စားကောင်းကြပါစေလို့…
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment