ကလီယိုပါထရာရဲ့
အလှအပက အမျိုးသား၊ အမျိုးသမီးတိုင်း အသက်အရွယ်မရွေးကို ဆယ်စုနှစ်၊ ရာစုနှစ်ပေါင်းများစွာကတည်းက
စိတ်ဝင်စားစရာတစ်ခု ဖြစ်နေခဲ့ပြီး ယခုအချိန်အထိ ရှင်သန်နေဆဲဖြစ်ပါ တယ်။ သူမရဲ့လှပမှုဆိုင်ရာလျှို့ဝှက်ချက်က
ဘာများဖြစ်နိုင်ပါသလဲ။ သူမရဲ့နာမည်အကြီးဆုံး လှပမှုဆိုင်ရာ လျှို့ဝှက်ချက်တစ်ခုကတော့
ရွှေရောင်မျက်နှာဖုံးဝတ်ပြီး ညအိပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလှအပကို စိတ်ဝင်စားတဲ့
အမျိုးသမီးများအဖို့ ဒီထက်ပိုပြီး လေ့လာချင်စရာတွေက ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ ကတော့
…
နုပျိုတဲ့ အသားအရေလျှို့ဝှက်ချက်
နို့၊ ပျားရည်ဖြင့် ရေချိုးခြင်း
မင်းသမီး
ကလီယိုပါထရာဟာ နို့နဲ့ပျားရည် ရောစပ်ပြီး ရေချိုးလေ့ရှိပါတယ်။ ခရီးထွက်စဉ် အခါ မှာတောင်မှ
မြည်း (၂) ကောင်ကို ယူဆောင်သွားပြီး မြည်းနို့၊ ပျားရည်၊ ဗန်ဒါဆီတို့ကို ရောစပ်ပြီး
ရေချိုးလေ့ ရှိပါတယ်။ ဒါကတော့ သူမရဲ့အဆုံးမရှိ နုပျိုစိုပြေခြင်းရဲ့လျှို့ဝှက်ချက်တစ်ခု
ဖြစ်ပါတယ်။
မင်းသမီးရဲ့ Body Scrub (ခန္ဓာကိုယ်ကြေးချွတ်ခြင်း)
ပျားရည်၊
မြည်းနို့တို့နဲ့ ရေချိုးခြင်းရဲ့ရလဒ်တွေကို ပိုမိုကောင်းမွန်ပြည့်စုံစေဖို့အတွက် မင်းသမီးရဲ့
ကျေးကျွန်တွေဟာ သူမရဲ့ခန္ဓာကိုယ်ကို ပင်လယ်ဆား၊ အနည်းငယ်စပ်ထားတဲ့ ခရင်မ်နဲ့ နှိပ်နယ်ပေးရပါ တယ်။
ဒါကတော့ သူမခန္ဓာကိုယ်အသားအရေ ထိန်းသိမ်းတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။
မျက်နှာပြင်အသားအရေ
ထိန်းသိမ်းမှုအနေနဲ့ မင်းသမီးကလီယိုပါတရာက ရှားစောင်းလက်ပပ် ဂျယ်လ်၊ နှင်းဆီပန်းအဆီအနှစ်၊
ဗာဒံဆီ၊ ပျားဖယောင်းတို့ကို ရောစပ်ပြီး အသုံးပြုပါတယ်။
မင်းသမီးရဲ့ အသားအရေကို ပြန်လည်လန်းဆန်းလာစေမယ့်
အသားအရေထိန်းသိမ်းနည်း
မင်းသမီးဟာ
ခရီးထွက်ပြီး ပြန်လာတဲ့အခါ ညစ်နွမ်းနေတဲ့ အသားအရေကို ပြန်လည် လန်းဆန်း လာဖို့အတွက် ပေါင်းတင်လေ့ရှိပါတယ်။
ရွှံ့စေးအဖြူ၊ နို့၊ ပျားရည်၊ သံလွင်ဆီတို့ကို ရောစပ်ပြီး အသားအရေ ထိန်းသိမ်းမှုကို ပြန်လည်ပြုလုပ်ပါတယ်။
သူမဟာ
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဖြစ်တဲ့အတွက် မျက်နှာသစ်တဲ့အခါ သဘာဝပစ္စည်း တစ်မျိုးဖြစ်တဲ့
အုတ်ဂျုံမှုန့်ကို အသုံးပြုပါတယ်။ ရေနွေးနွေးနဲ့ အုတ်ဂျုံမှုန့်များကို ပျော့ပျောင်းစေပြီး
မျက်နှာ သစ်တဲ့အခါ အသုံးပြုပေးပါတယ်။ ၄င်းက အညစ်အကြေးတွေကို ဖယ်ရှားပေးရုံသာမက အသားအရေ ယားယံခြင်းကိုလည်း
ကာကွယ်ပေးပါတယ်တဲ့။
ဆံသားထိန်းသိမ်းမှု
သဘာဝပစ္စည်းတွေနဲ့
အသားအရေထိန်းသိမ်းသလို သူမရဲ့ဆံသားထိန်းသိမ်းမှု လျှို့ဝှက်ချက် ကလည်း ရိုးရှင်းပါတယ်။
ကြက်ဥအနှစ်ကို အသုံးပြုပြီး ခေါင်းလျှော်ပေးခြင်းဖြင့် ဆံသားတွေကို သန် စွမ်းအောင် ပြုလုပ်ပေးပါတယ်။
သူမရဲ့
ပိုးသားလိုနူးညံ့ပြီး တောက်ပတဲ့ဆံသားကို ထိန်းသိမ်းဖို့အတွက် သံလွင်ဆီ၊ ကြက်ဆူဆီ တို့ကို
အနည်းငယ် ပူနွေးအောင် ပြုလုပ်ပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါတယ်။ ဆံသားတွေပျက်စီးမှုမှ
ကာကွယ်ရန်အတွက်လည်း ပျားရည်၊ ကြက်ဆူဆီတို့ကို ရောစပ်ပြီး ဆံသားတွေကို သုတ်လိမ်းပေးပါတယ်။
ဒါကတော့ ကလီယိုပါထရာမင်းသမီးရဲ့ဆံသားထိန်းသိမ်းမှုလျှို့ဝှက်ချက်ဖြစ်ပါတယ်။
အလှအပရဲ့နောက်ကွယ်
ကလီယိုပါထရာမင်းသမီးဟာ
ရုပ်ပိုင်းဆိုင်ရာအလှအပက မည်သူ့ကိုမဆို ဆွဲဆောင်နိုင်ကြောင်း ဆိုလာသူ ဖြစ်ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး
ထက်မြက်မှုကလည်း စိတ်ဝင်စားစရာကောင်းတဲ့ သံတမန် ဆက်ဆံရေးမှာ အရေးကြီးပါတယ်တဲ့။ အဲဒါကြောင့်
သူမဟာ စာအုပ်စာပေတွေကို စိတ်ဝင်စား နှစ်သက်သူ၊ သဘာဝတရားအသစ်တွေကို လေ့လာရတာ စိတ်ဝင်စားသူတစ်ဦးလည်း
ဖြစ်ပါတယ်။ ဆွဲဆောင်နိုင်စွမ်းဟာ မိန်းမသားတစ်ယောက်ရဲ့ သဘာဝတရားက ပေးအပ်ထားတဲ့ လက်နက်တစ်ခုအဖြစ်
သိထားသူပီပီ သဘာဝတရားနဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို အလှဆင်ပြီး စာအုပ်စာပေနဲ့ စိတ်ပိုင်းဆိုင်ရာ
တည်ငြိမ်ရင့်ကျက်မှုကို အလှဆင်ထားသူ ဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment