ကားတစ်စီး
ပုံမှန်ဆေးကြော သုတ်သင်နေခြင်းက ကားကိုသန့်သန့်ရှင်းရှင်းနဲ့ အမြဲတမ်းရုပ်ထွက် ကောင်းမွန်စေသလို
ဘော်ဒီပေါ်က ဆေးသားတွေရဲ့ သက်တမ်းကိုလည်းဆွဲဆန့်ထားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကားလေး
အမြဲတမ်းသန့်ရှင်းတောက်ပြောင်နေအောင် ဘယ်လိုဆေးကြောရမလဲ။ ဘယ်လို ပေါလစ်တင်ရမလဲဆိုတာ
လေ့လာထားသင့်တာပါ။ အကြောင်းကတော့ စီးနင်းနေချိန်တွေမှာ ဂုဏ်ယူဝင်ကြွား စွာနဲ့အမြဲတမ်းစမတ်ကျဖို့နဲ့
ငွေကုန်သက်သာစေတာကြောင့်ပါပဲ။
ဘာတွေလိုအပ်မလဲ…
ကားတစ်စီးကိုကိုယ်တိုင်ဆေးကြောသန့်စင်ဖို့
ဘာတွေလိုအပ်မလဲလို့ အမေးရှိခဲ့ရင်တော့ စက်ပေါ လစ် တစ်ခုလို့ ပထမဆုံးဖြေပေးရပါလိမ့်မယ်။
ကိုယ်က တစ်နိုင်တစ်ပိုင်လောက်ပဲ ငွေသုံးဖို့ စဉ်းစားထား တာဆိုရင် ဈေးအချိုဆုံးအဖြစ်
ဒေါ်လာ (၄၀)တန်လောက်ကိုရွေးချယ်သင့်ပါယ်။ ဒီထက်ပိုပြီးမြန်နှုန်းမြင့် တာကိုမှ သုံးချင်တယ်ဆိုရင်တော့
အနိမ့်ဆုံး ဒေါ်လာ(၅၀)တန်ကနေ (၅၀၀)တန်အထိအသုံးပြုပြီး ကြိုက်နှစ်သက်ရာ အမျိုးအစားကိုရွေးချယ်နိုင်တာပါ။
စက်ပေါလစ်နဲ့အတူ အသုံးပြုမယ့် Guffing Pads
သားရေအပျော့စားလေး တွေနဲ့ ပေါလစ်ဆီတွေကတော့ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။
ဒီနေရာမှာအကြံပေးချင်တာက
အရှိန်မြန်မြန်နဲ့ အသုံးပြုနိုင်တဲ့စက်တွေက ပိုပြီးရလဒ်ကောင်း ထွက်အောင် စွမ်းဆောင်ပေးနိုင်တာကြောင့်
သူ့တို့ကိုဝယ်ယူသင့်တယ်ဆိုတဲ့အချက်ကိုပါ။ ဒါပေမဲ့ သတိ ထားရမှာတစ်ခုကတော့ ဒီလိုစက်တွေဟာကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့သူတွေနဲ့မှ
ပိုပြီး သင့်တော် တယ်လို့ မှတ်သားထားရပါမယ်။ ကိုင်တွယ်သူရဲ့ အချိန်အဆပေါ်မူတည်ပြီး ပိုကောင်းလာနိုင် သလို
ဆေးသားတွေကိုပါ ပျက်ဆီးစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ကိုယ်ကဒီနေရာမှာ အတွေ့ အကြုံနည်းပါး သူဖြစ်
နေရင်တော့ ဈေးနှုန်းလည်းချိုသာသလို ကားကိုပါအထိအရှနည်းစေမယ့်စက်ပေါလစ်ကိုရွေးချယ်တာ
အကောင်းဆုံးပါပဲ။
ဘယ်လိုလက်တွေ့လုပ်မလဲ
ပွန်းရာ၊
ခြစ်ရာတွေထင်နေတဲ့ မျက်နှာပြင်ကိုပဲဖြစ်ဖြစ် ရာသီဥတုဆိုးရွားတဲ့နေရာဒေသကိုရောက် နေရင်ပဲဖြစ်ဖြစ်
Buffing Compound ကို ခြွေတာမနေဘဲ ခပ်များများအသုံးပြုသင့်ပါတယ်။ ကားကို စက်ပေါလစ်တင်ခြင်းဟာ
ဘော်ဒီအပေါ်ပိုင်းက ချေးညှော်တွေကို အကောင်းဆုံးဖယ်ရှားပစ်တာဖြစ်သလို ကားရဲ့မူလဆေးသားကို
မြင်သာအောင်လုပ်ယူရခြင်းလည်းဖြစ်လို့ စိတ်ရှည်ရှည်နဲ့တော့ ဆောင်ရွက်သင့် တာပါ။ ဒါပေမဲ့
မျက်ချည်မပြတ်သင့်တာကတော့ ကားကို Buffing လုပ်ပြီးပြီဆိုတာနဲ့ ချက်ချင်း လည်သာ ပေါလစ်
(Waring) တင်ဖို့ဖြစ်ပါတယ်။ ဒီလိုချက်ချင်းလုပါနိုင်မှ မူလကသန့်ရှင်းထားတဲ့ အခြေအနေကို
ဆက်ထိန်းနိုင်မှာကြောင့်ပါ။
ပထမဆုံး
Buffing Compound တွေကို ကားဘော်ဒီနေရာ အနှံ့အပြားမှာ နှံ့စပ်အောင်လိုက် သုတ်လိုက်ပါ။
ပြီးရင်တော့ စက်ပေါလစ်နဲ့ နာရီလက်တံပုံစံအတိုင်း အချိုးညီအောင် ပွတ်တိုက်ပေးရပါ လိမ့်မယ်။
စက်ပေါလစ်တင်ခြင်းက လွယ်ကူတယ်လို့ထင်ရပေမယ့် ကိုယ်တိုင်လုပ်ကြည့်တဲ့အခါ အဆင် မပြေတာတွေ
ပေါ်လာတတ်ပါတယ်။ ကိုယ်ကကားကို တောက်ပြောင်သွားအောင် လောဘတကြီး အရမ်းဖိမတွန်းမိဖို့တော့
ဂရုစိုက်ရပါလိမ့်မယ်။ ဖိအားလွန်သွားတာ၊ Balance မညီပဲ ပွတ်တိုက်မိတာမျိုးတွေ က ကားဆေးသားကို
ထိခိုက်စေတာကြောင့်ပါပဲ။
အချောကိုင်ခြင်း
နောက်ဆုံးအဆုံးသတ်အနေနဲ့ လည်သာပေါလစ်တင်တာကလည်း
အထက်က ပုံစံအတိုင်းပါပဲ။ သန့် ရှင်းတဲ့ Buffer Pad တစ်ခုကိုယူပြီး အသုံးပြုသင့်ပါတယ်။
လည်သာပေါလစ်ဟာ ကားဘော်ဒီပေါ်မှာ အစိုင်အခဲ ဖွဲ့ပြီးရှိနေတတ်တဲ့ အရာတစ်ခုမဟုတ်တာကြောင့်
သူ့ကြောင့်ဆေးသားတွေ ထိခိုက်သွားမှာ ကိုတော့ ပူပန်စရာ မလိုပါဘူး။ ဒါပေမဲ့ တချို့ပေါလစ်တွေက
ချက်ခြင်း Buffer Pad နဲ့ သုတ်ပြီးချောကိုင်လို့ မရဘဲ အချိန်ပေးပြီး စောင့်ရသေးတာပါ။
ဒီလိုအမျိုးအစားပေါလစ်မျိုးဆိုရင်တော့ Buffer Pad အပြင် နူးညံ့တဲ့အ၀တ်စတစ်ခုပါ ဆောင်ထားနိုင်မှ
အစဉ်ပြေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ နောက်ဆုံးမှာ ကိုယ့်ကားလေးက သန့်ရှင်း တောက်ပြောင်နေတော့မှာ
အသေအချာပါပဲ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment