ချစ်သူများနေ့မှာ ကားတွေပြောတဲ့ အချစ်အကြောင်း










ဗယ်လင်တိုင်းဒေးကို တချို့လူတွေက အမှတ်တရကဒ်ပြားလေးတွေရောင်းချချင်လို့ Hallmask က တီထွင်လိုက်တဲ့ နေ့တစ်နေ့လို့ ယူဆကြပါတယ်။ Hallmask ဆိုတာကတော့ ၁၉၁၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အမေရိကန်အခြေစိုက် အမှတ်တရကဒ်ပြားတွေ လိုက်လံရောင်းချတဲ့ ကုမ္ပဏီပါ။ တကယ်တော့ ဒီထင်မြင် ယူဆချက်က မှားယွင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ဗယ်လင်တိုင်းဒေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀၀) ကျော်လောက်က သူတော်စင်ကြီး စိန့်ဗာလင်တိုင်းကို ပူဇော်ထဲ့အထိမ်းအမှတ် အဖြစ် ပေါ်ပေါက်ခဲ့တာကြောင့် ပါပဲ။ စိန့်ဗယ်လင်တိုင်းဟာ အချစ်နဲ့ပတ်သက်တဲ့ သူတော်စင်တစ်ပါးဖြစ်ပါ တယ်။ သူ့ကို လူတွေက ချစ်ခင် မြတ်နိုးခြင်းသင်္ကေတတစ်ခုအဖြစ် အမှတ်တရရှိချင်ကြတာကြောင့် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ သကြားလုံးတွေ၊ ပန်းစည်းတွေနဲ့ လက်ဆောင်ပစ္စည်းတွေ တစ်ယောက်နဲ့ တစ်ယောက်ပေးကြရင် ''ချစ်သူများနေ့'' ဆိုပြီး အမည်တွင်လာခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ခါတိုင်းပေးနေ ကျလက်ဆောင်မျိုးမဟုတ်ဘဲ ကိုယ့်ချစ်သူကို တန်ဖိုးကြီးကားတစ်စီးလောက် အမှတ်တရလက်ဆောင်ပေးဖို့ ကြိုးစားကြည့်ရအောင်ပါ။ အထူးသဖြင့် ကိုယ်ကနိုင်ငံတကာမှာ ထိပ်တန်းရောက်နေတဲ့ကားတွေကို အလွယ် တကူဝယ်ယူနိုင်သူဖြစ်နေရင်၊ တကယ် လည်း ၀ယ်ယူပြီးလက်ဆောင်ပေးနိုင်တဲ့အထိ လက်တံရှည်သူဖြစ်နေမယ်ဆိုရင်တော့ အောက်မှာ မိတ်ဆက် ပေးမယ့် ကားတွေလောက်ကိုတော့ ၀ယ်ယူဖို့စဉ်းစားထားသင့်တာပါ။

Audi A7
စာအုပ်တစ်အုပ်ကိုအဖုံးကြည့်ပြီး ကောင်းတယ်၊ မကောင်းဘူး ဆုံးဖြတ်နေလို့မရသလို Audi A7 ကိုလည်း ဘယ်လိုကားဖြစ်တယ်ဆိုတာ အလွယ်တကူ မှတ်ချက်ပြုနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြည်တွင်း ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ရင်တောင် ရှိနေနိုင်တဲ့ အမျိုးအစားဖြစ်မှာပါ။ အကယ်၍ မရှိဘူးဆိုရင်တောင် ဘယ်သူနဲ့မှ မတူတာကိုမှ ချစ်သူကိုပေးချင်တယ်ဆိုရင် ကိုယ့်ရဲ့ငွေကြေးအင်အား ကလည်း ဗုံးပေါလအောဖြစ်နေလို့ နောက်ကလိုက်နိုင်တယ်ဆိုရင် နိုင်ငံခြားကို အလွယ်တကူလှမ်းမှာနိုင်မှာ ဖြစ်ပါတယ်။  နတ်သမီးတစ်ပါး မတ်တပ်ရပ်နေသလို အမြဲတမ်းကြွရွလှပနေစေမှာ မလွဲပါဘူး။ ဒါ့အပြင် အလှ ပေါ် အယဉ်ဆင့်ဆိုသလို စီးနင်းသူကိုလည်း ဂုဏ်ရှိန်မြင့်နေစေမှာ အသေအချာပါ။

Chervolet Sonic
''ပစ္စည်းကောင်းတွေက အထုပ်အပိုးအသေးစားလေးတွေနဲ့ လာတတ်တယ်'' ဆိုတဲ့ ပညာရှိ အဆိုအမိန့် တစ်ခုလိုပါပဲ။ Soni ကလည်းတည်ဆောက်ပုံဟန်ပန် သေးသွယ်ကျစ်လျစ်ပေမယ့် အရည်အသွေးပိုင်းမှာတော့ ထိပ်တန်းမှာရှိနေတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီဇိုင်းဖန်တီးမှုအရ အနည်းငယ်သေးငယ်နေပေမယ့် Soni က ဆွဲဆောင်မှုရှိတယ်။ ထိန်းကျောင်းရ လွယ်ကူတယ်။ လျင်မြန်တယ်။ နောက်ထပ်တစ်ချက်က အတွင်းပိုင်း တည်ဆောက်ထားမှု အဆင့်မြင့်ပြီး သေသပ်ကျနတယ်။ Sonic ကိုရွေးချယ်သူတွေအနေနဲ့ သည့်ပြင် စိတ်ချမ်းသာရမှာက ကားကသေးငယ်လို့ ဘယ်နေရာမှာဖြစ်ဖြစ် အလွယ်တကူ ပါကင်ထိုးနိုင်တဲ့ အချက်ပါပဲ။ နိုင်ငံတကာပေါက်ဈေးအရ ဒေါ်လာ (၁၉၀၀၀)ရှိလို့ ပြည်တွင်းမှာဆိုရင်တော့ အတိုင်းအတာတစ်ခု အထိ ဈေးကြီးပေးရနိုင်ပါတယ်။

Ford Flex
နူးညံ့မှုတွေနဲ့ ညတစ်ညကို ဖြတ်သန်းချင်သူတွေအတွက်တော့ Flex က အဖြေတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ မျှော်လင့်မထားနိုင်တဲ့ ခရီးလမ်းကြမ်းတွေနဲ့ ကျေးလက်ဒေသလိုနေရာမျိုးတွေကိုမှ ခရီးသွားချင်တဲ့ စုံတွဲမျိုးတွေအတွက် ဒီကားက အထူးသင့်လျော်ပါတယ်။ SUV (Sport Utility Venhicle) အမျိုးအစား မော်တော်ကားမျိုးဖြစ်တာကြောင့် လမ်းမကောင်းပေမယ့် ညှာနေစရာမလိုလောက်အောင် ဒူပေတာပေခံတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ ၂၀၀၈ခုနှစ်မှာ စတင်ထုတ်လုပ်တဲ့ကားအမျိုးအစားဖြစ်ပြီး တံခါး(၅)ပေါက်နဲ့ ကျယ်ပျံ့တဲ့ ပုံစံကြောင့်ကားကိုမြင်လိုက်ရုံနဲ့ အဆင့်အတန်းရှိတဲ့ လွတ်လပ်မှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ V.6 အင်ဂျင်တပ်ဆင်ထားလို့ ဖွဲ့စည်းပုံနဲ့မလိုက်အောင် ဆီစားလည်းသက်သာမှာပါ။ လူ(၇)ယောက် တစ်ပြိုင်တည်း လိုက်ပါနိုင်အောင် စီစဉ်ပေးထားတဲ့ကားလည်းဖြစ်ပါတယ်။

Jeep Grand Cherokee
နာမည်ကျော်ကားကုမ္ပဏီဖြစ်တဲ့ ခရိုက်စလာနဲ့ ဖိယက်တို့ရဲ့ပေါင်းစပ်မှုကနေ ထွက်ပေါ်လာခဲ့တဲ့ ထိပ်တန်းကားတစ်စီးဖြစ်ပါတယ်။ တိကျခိုင်မာမှုကို ကိုယ်စားပြုတဲ့ ဂျာမနီနဲ့ ဒီဇိုင်းပိုင်းမှာရှေ့ပြေးဖြစ်တဲ့ အီတလီ တို့ရဲ့ အကောင်းဆုံးပေါင်းစပ်မှုတစ်ခုဖြစ်ပြီး SUV အမျိုးအစားကားတွေထဲမှာတော့ ပြီးပြည့်စုံမှုအရှိဆုံးလို့ သတ်မှတ်ခံထားရတာပါ။ ဝေးလံခေါင်ဖျားနေရာဒေသတွေကို ကာလရှည်နှစ်ဦးတည်း ခရီးသွားချင်တယ်ဆိုတဲ့ ချစ်သူအတွက် အမှတ်တရဖြစ်အောင် ၀ယ်ပေးသင့်တဲ့ ဗယ်လင်တိုင်းလက်ဆောင် တစ်ခုဖြစ်ပါတယ်။

KIA Optima
ကားဝယ်ယူတဲ့နေရာမှာ ချေးများလွန်းသူတစ်ယောက်ကို တစ်ထိုင်တည်း ခေါင်းညိတ်သွားစေလောက် တဲ့အထိ ဆွဲအားပြင်းလှတဲ့ ကားတစ်စီးဖြစ်ပါတယ်။ အချိုးအစား ကျနလှပတဲ့ပုံရိပ်၊ Sport type ဆန်တဲ့ အတွင်းပိုင်းတည်ဆောက်ပုံတွေက နှစ်စီးမရှိနိုင်လောက် အောင်ကောင်းမွန်လို့ ချစ်သူကို လက်ဆောင်ပေး မယ်ဆိုရင် တစ်ချက်တည်းနဲ့ ခွေကျသွားလောက်တဲ့အထိ တာသွားလှမှပါ။ ၀ယ်ယူလက်ဆောင်ပေးသင့်တဲ့ ကား(၅)မျိုးထဲက တစ်ခုတည်းသော အာရှအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဈေးကလည်း နည်းနည်းတော့ပြင်းပါ တယ်။ ဒေါ်လာ (၂၀၀၀၀)လောက် ကျသင့်မှာမို့ပါပဲ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment