''ကားထဲဝင်ထိုင်လိုက်တာနဲ့ ပေပွနေတဲ့
မျက်နှာကျက်ကိုမြင်ပြီး စိတ်ပျက်ရတဲ့အခိုက်အတန့်မျိုးက လွတ်မြောက်နိုင်ဖို့''
ကားတစ်စီးကို
တောက်တောက်ပြောင်ပြောင်နဲ့ သန့်ရှင်းနေတယ်လို့ သတ်မှတ်ခံရဖို့ အတွင်းရော အပြင်ဘက်ပါ
သန့်ရှင်းနေဖို့တင်မကဘဲ မျက်နှာကျက်တွေပါ ကြေးညှော်ကင်းနေဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကားမျက်နှာကျက်တွေဟာ များသောအားဖြင့် လက်နဲ့ထိခိုက်မိတာများလို့၊ ဆံပင်က ဆီတွေပေကျံလို့စတဲ့
ခေါင်းစဉ်တွေအပြင် တခြားအကြောင်းအရာ အတော်များများကြောင့်လည်း ညစ်ပတ်ပေရေနေတတ်တာပါ။
ဒါကြောင့် ကားထဲဝင်ထိုင်လိုက်တာနဲ့ ညစ်ပတ်ပေပွနေတဲ့ မျက်နှာကျက်ကိုမြင်ပြီး စိတ်ပျက်ရတဲ့အခိုက် အတန့်
မျိုးက လွတ်မြောက်နိုင်ဖို့ မဖြစ်မနေ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ
ကားမျက်နှာကျက်ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ပြုလုပ်ထားတာဖြစ်လို့ ကိုယ့်ကားအတွင်းပိုင်းက
ပစ္စည်းတွေ အပျက်အစီးအထိ အခိုက်မရှိအောင် သန့်ရှင်းရေးလုပ်နည်းတွေလည်း ကွဲပြားသွားမှာ
မလွဲပါ ဘူး။ ကိုယ့်ကားမျက်နှာကျက်က ခေါင်မိုးကိုကော်နဲ့တွဲပြီး ကပ်ထားတာမျိုးဆိုရင်တော့
အမိုးနဲ့မျက်နှာကျက် ကွာဟသွားတာမျိုးမဖြစ်အောင် စိတ်ရှည်ရှည်နဲ့သတိထားပြီး သန့်ရှင်းရေးလုပ်ရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် အထိအရှသိပ်မခံတဲ့ မျက်နှာကျက် တွေကို ဘယ်လိုသန့်ရှင်းရေးလုပ်သင့်တယ်ဆိုတာ
ဖော်ပြပေးလိုက် ပါတယ်။
နူးညံ့တဲ့ အ၀တ်စလေးတွေ သုံးမယ်
ကိုယ့်ကားမျက်နှာကျက်ပေါ်မှာ ပေကျံစွန်းထင်းနေတဲ့ အညစ်တွေကို ဖယ်ရှားသန့်စင်ဖို့
နူးညံ့တဲ့ အ၀တ်စလေးတွေကို အသုံးပြုသင့်ပါတယ်။
ဒီအ၀တ်စ (Microfibercloth) တွေဟာ ကားမျက်နှာ ကျက်လို နေရာမျိုးတွေမှာတင်နေတဲ့ ဖုန်တွေ၊
အစွန်းအထင်းတွေနဲ့ အမှိုက်သရိုက်စတွေကို သုတ်သင် ဖယ်ရှားဖို့ စီမံထားတဲ့အရာဖြစ်တာကြောင့်
သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အသုံးပြုရင်တော်တော်အဆင်ပြေ ပါတယ်။ နူးညံပြီး ခြောက်သွေ့သန့်ရှင်းတဲ့
အ၀တ်စ (Microfibercloth) တစ်ခုနဲ့ မျက်နှာကျက်ကို
သုတ် သင့် တာသုတ်၊ ပုတ်ပက်ခါ သင့်တာခါလိုက်ရင် မျက်နှာကျက်ပေါ်ရှိနေတဲ့ အညစ်အကြေးတွေကို
သန့်ရှင်းပေး နိုင်မှာပါ။ ဒါပေမယ့် ဒီအ၀တ်စနဲ့ မျက်နှာကျက်ကို သုတ်တော့မယ်ဆိုရင်တော့
မျက်နှာ ကျက်သားအဖြစ် အသုံးပြုထားတဲ့ အစမှာရှိနေတဲ့ လားရာ(Direction) တွေ အတိုင်းပဲ
အလိုက်သင့် အလျားသင့် ညင်ညင်သာသာ ပွတ်ပွတ် တိုက်သင့်ပါတယ်။
လေစုပ်စက်အသုံးပြုပါ
အ၀တ်စ
((Microfibercloth) ကို အသုံးမပြုချင်ဘူးဆိုသူတွေအနေနဲ့ကတော့ ကားမျက်နှာတွေ ကို သန့်ရှင်းရေးလုပ်ဖို့
လေစုပ်စက် ဒါမှမဟုတ် ကားမျက်နှာကျက်တွေ၊ ချည်သားနဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံတွေကို သန်ရှင်းရေးလုပ်ဖို့
ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးရည် (Shampoo)ကို အသုံးပြုနိုင်ပါတယ်။ လေစုပ်စက် ကို ရွေးချယ်အသုံးပြုသူတွေကတော့
အ၀တ်စနဲ့ လိုက်ပွတ်နေတာထက်ပိုပြီး အလုပ်တွင်ကျယ်မှာဖြစ်သလို ချောင်ကြိုချောင်ကြား လက်မရောက်နိုင်တဲ့နေရာအထိ
သန့်ရှင်းရေးလုပ်နိုင်မှာပါ။ ဒါအပြင် လေစုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ခြင်းက ချည်သားနဲ့ပြုလုပ်ထားတဲ့
ကားမျက်နှာကျက်တွေကို ထိခိုက်ပျက်စီးမှုမရှိဘဲ သစ်လွင်တောက်ပသွားအောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ ကိုယ့်ကားမျက်နှာကျက်က ပလတ်စတစ်အမာစားနဲ့ လုပ်ထားတာဆိုရင်တော့ ဒီလိုအမျိုးအစားအတွက်
ရည်ရွယ်ထုတ်လုပ်ထားတဲ့ သန့် ရှင်းရေးပစ္စည်းသီးသန့် ရှိပါတယ်။ ကိုယ်နဲ့နီးစပ်ရာဆိုင်တစ်ဆိုင်ကိုသွားပြီး
မေးမြန်းဝယ်ယူနိုင်သလို ကားအပို ပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာလည်း သူ့ကိုဝယ်ယူရရှိနိုင်မှာပါ။
Shampoo သုံးပြီး သန့်ရှင်းမယ်
ချည်သား၊
ဖျင်သားနဲ့လုပ်ထားတဲ့ မျက်နှာကျက်ကို Shampoo သုံးပြီးတော့လည်း သန့်ရှင်းရေး လုပ်နိုင်ပါသေးတယ်။
ကူရှင်ရှန်ပူ (Upholstery Shampoo) လို့ခေါ်တဲ့ ရှန်ပူမျိုးဟာ ကားမျက်နှာတွေကို သန့်ရှင်းရေးလုပ်ရာမှာ
ဖုန်တွေ၊ သဲတွေအပြင် အစွန်းအထင်းတွေကိုတောင် ပျောက်သွားစေနိုင်လို့ အသုံးပြုသင့်တဲ့
အရာတစ်ခုပါ။ ဒါ့အပြင် ဒီရှန်ပူကိုသုံးပြီး သန့်ရှင်းရေးလုပ်တာဟာ အ၀တ်စနဲ့ပုတ်လိုက်၊
ရိုက်လိုက်လုပ်ရင်း သန့်ရှင်းရေးလုပ်တာထက်ပိုပြီး တာသွားသလို ကားပိုင်ရှင်တွေ ကျေနပ်သွားလောက်တဲ့
အထိ သိသာထင်ရှားအောင် မျက်နှာကျက်ကို ဖြူစင်သန့်ရှင်းစေလို့ အကြိုက်တွေ့သူ များပါတယ်။
စိတ်ရှည်ဖို့လည်း လိုအပ်တယ်
နူးညံ့တဲ့အ၀တ်စကိုအသုံးပြုပြီး
ကားမျက်နှာကျက်ကို နောက်တစ်ခါ သန့်ရှင်းရေးလုပ်လိုက်ပါဦး။ ဒီလို ပြောလို့ အမျိုးမျိုးပြောနေတယ်လို့တော့
မယူဆစေချင်ပါဘူး။ ရှန်ပူကိုအသုံးပြုပြီး မျက်နှာကျက်ကို သန့်ရှင်း ရေးလုပ်လိုက်လို့
အတိုင်းအတာတစ်ခုအထိ အမှန်တကယ် သန့်ရှင်းသွားမှာ မှန်ပေမယ့် မျှော်လင့်မထားဘဲ အကျအပေါက်ဖြစ်ပြီး
ကျန်ခဲ့တတ်တဲ့နေရာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီလိုလစ်ဟာမှုကြောင့် ကြွင်းကျန်ခဲ့မယ့်
အကွက်ကလေးတွေ၊ ဖုန်မှုန့် သဲမှုန့်တွေကို အ၀တ်စအသုံးပြုရင်း လက်နဲ့အသာအယာ လိုက်သုပ်လိုက်မယ်ဆိုရင်
အားလုံးသန့်ရှင်းသွားမှာမို့ပါ။
ရေနဲ့ ဗနီကာကလည်း အသုံးဝင်
ကားမျက်နှာကျက်တွေကို
သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရေနဲ့ဗနီကာရည်တွေကလည်း လျစ်လျူရှု မထားသင့်တဲ့အရာတွေထဲမှာ
ပါဝင်နေပါတယ်။ ဆိုလိုတာက သူတို့နှစ်မျိုးကို သီးခြားစီအသုံးပြုခိုင်းတာ မဟုတ်ဘဲ ရောနှောသုံးစွဲခိုင်းတာဖြစ်ပါတယ်။
ရေ(၃)ဆ၊ ဗနီကာရည် (၁)ဆကိုရောနှောပြီး သန့်ရှင်းရေး လုပ်ခြင်းက ကားအမိုးနဲ့ မျက်နှာကျက်မှာ
ပေကျံနေတဲ့ စက်ဆီတွေကို တိုက်ချွတ်ဖယ်ရှားနိုင်မှာဖြစ်ပြီး ကားအမိုးနဲ့ မျက်နှာကျက်ကြားက
ကော်တွေကွာကျမှာလည်း စိုးရိမ်စရာမလိုတာကြောင့် လူအတော်များများ က တော့ ဒီနည်းလမ်းကို
အသုံးပြုကြတာပါ။ အ၀တ်စတစ်ခုကိုယူ ရေနဲ့ဗနီကာရောစပ်တဲ့ အရည်ထဲကို စိမ်ပြီး မျက်နှာကျက်တွေကို
အသာအယာ လိုက်ပွတ်သတ်လိုက်ရင် ဒီနည်းက ဘယ်လောက်အထိ တာသွားတယ် ဆိုတာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ခြောက်သွေ့နေပါစေ
လေစုပ်စက်ကိုအသုံးပြုပြီး
ကားမျက်နှာကျက်ကို သန့်ရှင်းရေးလုပ်သူတွေအနေနဲ့ တစ်ခုတော့ သတိ ထားရပါလိမ့်မယ်။ အဲဒါကတော့
လေစုပ်စက်နဲ့ မျက်နှာကျက်ကို သန့်ရှင်းရေးမလုပ်ခင် မျက်နှာကျက်ကို ခြောက်သွေ့အောင်ထားဖို့ပဲ
ဖြစ်ပါတယ်။ အထူးသဖြင့် ဗီနကာ၊ ရေရောထားတာမျိုးနဲ့ သန့်ရှင်းရေးလုပ်ပြီး တဲ့အချိန်မျိုးမှာ
လေစုပ်စက်နဲ့ထပ်ပြီး သန့်ရှင်းရေးလုပ်လိုသူတွေအတွက်ပါ။ ဒီလိုအခြေအနေမျိုးမှာ မျက်နှာ
ကျက်ပေါ်က ရေတွေကတဆင့် ကော်တွေလည်း စိုစွတ်နေတတ်တာကြောင့် ချက်ချင်းလေစုပ်စက်နဲ့ သွားစုပ်လိုက်ရင်
ကွာကျလာမှာစိုးလို့ပဲ ဖြစ်ပါတယ်။
စပရေး(Spray) ဖြန်းပါ
အထက်နည်းလမ်းတွေနဲ့
ကိုယ့်ကားမျက်နှာကျက်ကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ နောက်ဆုံး စပရေး(Spray) လေးဖြန်းပြီး
အဆုံးသတ်လိုက်ဖို့လိုပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သန့်ရှင်းရေးလုပ် ရင်းကျန်နေခဲ့မယ့်
မကောင်းတဲ့အနံ့အသက်တွေကို ဖယ်ရှားနိုင်မှာပါ။ ဒါ့အပြင် သန့်ရှင်းရေးလုပ်ထားခြင်း ကအမြင်အားဖြင့်
တောက်ပြောင်သွားဖို့သာ တိုက်ချွတ်ထားတာဖြစ်လို့ ဆေးလိပ်နံ့တွေလို ဆွဲကျန်ခဲ့မယ့် အနံ့မျိုးတွေကို
စပရေး (Spray)ဖြန်းပြီး မောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကားမျက်နှာကျက်လေးအမြင် အားဖြင့်လည်း
သန့်ရှင်းလှပနေသလို မွှေးရနံ့တွေနဲ့လည်း သင်းပျံ့နေရင် အကောင်းဆုံးဖြစ်နေမှာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment