ကားနဲ့ခရီးသွားတဲ့အခါ ကျောမနာဘဲ သက်သောင့်သက်သာရှိနေစေဖို့










လူအတော်များများက ကားထဲမှာ အချိန်ကြာအောင်ထိုင်နေရတာကို ကြောက်ကြပါတယ်။ ဘာကြောင့် လဲဆိုရင် သက်သောင့်သက်သာမရှိတဲ့ အတွေ့အကြုံတွေကို ကြောက်ကြလို့ပါ။ ဒါပေမဲ့ ကားထဲမှာ ဘယ်လို မှန်ကန်အောင်ထိုင်နေရမလဲဆိုတာ သိမယ်ဆိုရင် ကျောနာတဲ့ဒဏ်ကို ကာကွယ်နိုင် မှာပါ။ ဒါ့အပြင် ကားအတွင်း မှာ စမတ်တကျနဲ့ ပျော်ပျော်ရွှင်ရွှင်ခရီးသွားနိုင်လိမ့်မယ် ဆိုရင် လည်း မမှားပါဘူး။ ခရီးဝေးသွားတဲ့ခါ တိုင်း သက်သောက်သက်သာနဲ့ အနာရောဂါမရှိဘဲသွားနိုင်မယ်ဆိုရင် ဘယ်သူမှ ခရီးသွားဖို့ တုံ့ဆိုင်း နေတော့ မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောမနာအောင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခါးကိုင်းမထိုင်နဲ့
ကားရှေ့ကိုမြင်လိုဇောနဲ့ ရှေ့ကိုအရမ်းကြီး ကိုင်းညွတ်ပြီးထိုင်နေမယ်ဆိုရင် ကျောနာလာတတ်ပါ တယ်။ တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။ ကားနဲ့ ခရီးရှည် ထွက်တဲ့အခါ ရှေ့ကိုခန္ဓာကိုယ်အရမ်းယိမ်းပြီး လိုက်ပါသွားမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေခြင်း တစ်မျိုးဆိုတာ သတိထားသင့်ပါတယ်။


အလေးချိန်ကို ပေါင်ပေါ်မှာထားပါ
ကားထဲဝင်ပြီးထိုင်တဲ့အခါ စမတ်ကျကျနဲ့ နေရာတကျဖြစ်နေဖို့ လိုအပ်ပါတယ်။ ကားထဲကိုရောက်ပြီ ဆိုတာနဲ့ ထိုင်ခုံနဲ့အသားကျ နေရာကျအောင် ထိုင်ဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး ၀င်လိုက်တာမျိုးမဟုတ်ဘဲ တင်ပါးနှင့်ကားထဲအရင်ဝင်ပြီးမှ ကျန်တဲ့ခန္ဓာကိုယ်တစ်ခုလုံးကို နေရာတကျ ရှိနေစေ သင့်တာပါ။ ဒါဆိုရင် ကျောရိုးမကြီးအပေါ် အားပြုထိုင်နေတာမျိုးမဟုတ်ဘဲ ပေါင်အနောက်ဖက်ကို အားပြုနေ တာမျိုးဖြစ်လာလို့ ကျောနာသက်သာစေမှာဖြစ်ပါတယ်။

ခေါင်းအုံးဆောင်ထားပါ
ခရီးသွားတဲ့အခါ စောင်၊ တီရှပ်နဲ့ ခေါင်းအုံးတစ်ခုခုဆောင်ထား သင့်ပါတယ်။ ဒါတွေက ခုံနဲ့ကိုယ့် နောက်ကျောကြားမှာ အကာအကွယ်တစ်ခုအနေနဲ့ သက်သောက်သက်သာဖြစ်မှုကို ဖန်တီးပေးပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ့်ကားထိုင်ခုံအပေါ်မူတည်ပြီး ခေါင်းအုံး အထူအပါးကို ရွေးချယ်သင့်တာပါ။ ကျောချထားမယ့် နေရာတစ်လျှောက် တစ်ခုခုထားနိုင်ရင်အကောင်းဆုံးပေါ့။ ကိုယ့်ရဲ့အားနဲ့ ခန္ဓာကိုယ် ရှေ့ကိုင်းထားရမယ့် အစား ဒီအရာလေးတွေကြောင့် တောင့်တောင့် မတ်မတ်ထိုင်နေနိုင်ပါလိမ့်မယ်။  တကယ်လို့ ခေါင်းအုံး အထူကြီး တွေက ကိုယ်နဲ့မဖြစ်ဘူးဆိုရင်တော့ ခပ်ပါးပါးလေးတွေကို ရွေးချယ်ဖို့မနေသင့်ပါဘူး။ ကိုယ့်ကျောပေါ်မှာ တစ်စုံတစ်ရာမခံစားရဘဲ အဆင်ပြေနေရင် ပခုံးတွေသက်သောင့်သက်သာဖြစ်နေရင် ခရီးဝေးသွားဖို့မခက်တော့ပါဘူး။

ထိုင်ရမည့်ပုံစံ
ထိုင်ခုံနဲ့ကျောရိုးကြားမှာ ခေါင်းအုံးတွေမသုံးချင်ရင်တော့ တင်ပါးဆုံရိုးကို သက်သောင့်သက်သာဖြစ် စေဖို့ တစ်ခုခုအောက်က 'ခု'ပြီးထိုင်ရပါမယ်။ မြင်းခွာပုံသဏ္ဍာန်ဖန်တီးထားတဲ့အရာလေးတွေဟာ ဒီနေရာမှာ သင့်လျော်ပါတယ်။ ဒါပေမဲ့ မြင်းခွာပုံ အောက်ခံကို ရွေးချယ်မယ်ဆိုရင်တော့ ကိုယ်ထိုင်ထားတဲ့ပုံစံက တခြား တစ်မျိုးရွေ့မသွားအောင် ဂရုစိုက်သင့်ပါတယ်။

စိတ်ရှည်ပါ
ခရီးဝေးသွားတဲ့အခါ သက်သောင့်သက်သာရှိစေဖို့ ကိုယ့်အရပ်ပေါ်မူတည်ပြီး ထိုင်ခုံကိုလိုအပ်သလို ရှေ့တိုးနောက်ဆုတ်လုပ်တာ ထိုင်ခုံခေါင်းမှီကို သက်သောင့်သက်သာဖြစ်အောင် ပြင်ယူတာတွေအပြင် နောက်ဆုံးလိုအပ်တာ တစ်ခုကတော့ စိတ်ရှည်ရှည်ထားဖို့ပါပဲ။ ကားနဲ့ခရီးရှည်သွားရတာ ကိုယ်နဲ့ အသား မကျတာကို စိတ်ရှည်ဖို့ ထိုင်ခုံပေါ်မှာ နေသားတကျမထိုင်တတ်သေးတာကို စိတ်ရှည်ရှည် ပြင်ယူဖို့တွေပါ။ ဒါတွေက လုပ်ဖို့ခက်တယ်ထင်ရပေမယ့် အမှန်တကယ်လုပ်ကြည့်ရင် အချိန်အများကြီး ယူစရာမလိုတဲ့အရာ တွေဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment