ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ
လှုပ်ရှားသွားလာနေကြတဲ့ အသားအရေလှပမှုကို မြတ်နိုးသူ အမျိုးသား၊ အမျိုးသမီးတိုင်းက
Day Cream (သို့) Sunscreen ကို လိမ်းတတ်ကြပါတယ်။ နေရောင်ဒဏ် ကာကွယ်မှုနှုန်း (SPF) ဘယ်လောက်ပါတယ်၊
Sunscreen လို့ ရေးထားရင် နေရောင်ဒဏ်ကာကွယ် ပေးတယ်ဆိုတာနဲ့ မပြီးပါဘူး။ အသားအရေထိန်းသိမ်းသူအများစု
မသိသေးတဲ့ ပုန်းကွယ်နေသော သတိပြုစရာ လေးတွေ ရှိပါတယ်။ ဘာလဲဆိုတာ လေ့လာကြည့်ရအောင်
…
များလေကောင်းလေ
အများစုဟာ
Sunscreen ဝယ်တဲ့အခါမှာ SPF များများပါလေ ပိုကောင်းလေ ထင်တတ်ကြပါတယ်။ သာမန်ပြောရရင်တော့
မှန်ပါတယ်။ အမျိုးသား၊ အမျိုးသမီး အများစုက SPF 15 ဆထက် နည်းတာကိုလည်း မသုံးချင်ကြပါဘူး။ တကယ်တမ်းကျတော့
SPF 60,70 အဲဒီလောက်များတာ တွေလည်း မလိုအပ်ပါဘူး။ Environmental Working Group ကနေပြီး
Sunscreen ကို SPF 15 မှ 50 အတွင်းသာ သုံးစွဲကြဖို့ ထောက်ခံထားပါတယ်။
ကွဲပြားမှုကို သိပါသလား
Sweat
and Waterproof Formula နဲ့ Sweat and
Water Resistan Formula ဆိုပြီး ဝေဝါးနေပါသလား။
၂၀၁၁ ခုနှစ်မှာ FDA က Sweat and Waterproof Formula က မှားယွင်းတဲ့ ခေါ်ဆိုမှုဖြစ်တယ်ဆိုပြီး
၎င်းစာတမ်းပါတဲ့ ကုမ္ပဏီပစ္စည်းတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
နူးညံ့တဲ့အသားအရေ ပိုင်ရှင်တွေ
နူးညံ့တဲ့
အသားအရေရှိသူတွေ၊ ထိလွယ်ရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ ကလေးသုံး Sunscreen ကိုသာ
အသုံးပြုသင့်ပါတယ်။ Chemical ပစ္စည်းနည်းပါးပြီး ယားယံမှုကင်းဖို့ Alcohol နဲ့ ရနံ့မပါတဲ့
Sunscreen ကို အသုံးပြုဖို့ အကြံပြုထားပါတယ်။
ဒါပါရင် ပိုကောင်းတယ်
Physical
နဲ့ Sunscreen ဆိုပြီး (၂) မျိုးရှိပါတယ်။ Chemical Sunscreen ကတော့ အသားအရေပေါ် ကျရောက်လာတဲ့
နေရောင်ခြည်ကို စုစည်းပေးထားပါတယ်။ Physical Sunscreen ကတော့ အလင်းပြန်ခြင်းနည်းလမ်းနဲ့
တိုက်ထုတ်ပါတယ်။ အဲဒါကြောင့် Sunscreen ရဲ့ ဘူးခွံပေါ်မှာ Broad Spectrum
Protection လို့ စာတန်းပါဝင်တဲ့ Sunscreen က အကောင်းဆုံးဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ပါ
နေပူထဲမထွက်ခင်
(၁၅-၂၀) မိနစ်အလို Sunscreen ကို ကြိုပြီးလိမ်းထားရမှာ သိပြီးလောက်ပြီ ထင်ပါတယ်။
စနစ်တကျ လိမ်းတတ်ဖို့လည်း အရေးကြီးတယ်
Sunscreen
ပဲလိမ်းပြီး အပြင်ထွက်တတ်တဲ့လူဆို အေးဆေးပေါ့။ မိတ်ကပ်၊ ပေါင်ဒါတွေပါ လိမ်းတဲ့လူဆိုရင်
ဘယ် Product အရင်သုံးရမလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါလိမ့်မယ်။ Moisturizer ၊ Sun
–screen, Foundation, Powder, Color Product အစဉ်လိုက် အသုံးပြုပါ။
ဒါတွေရှောင်ရှားဖို့တော့ လိုမယ်
Sunscreen
ဝယ်တဲ့အခါမှာ ဘူးခွံနောက်ကျောမှာ ပါဝင်ပစ္စည်းတွေကို သေချာစွာဖတ်ကြည့်ပါ။
Oxybenzone ၊ Parabens နဲ့ Retinyl Palmitate တို့ဟာ လုံးဝရှောင်ရှားရမယ့် ပစ္စည်းတွေဖြစ်ပါတယ်။
Oxybenzone နဲ့ Parabens တို့ဟာ ခန္ဓာကိုယ်သွေးကြောထဲ စိမ့်ဝင်သွားပြီး Estrogen ဖြစ်သွားကြပါတယ်။
Retinyl Palmitate ကတော့ နေရောင်ခြည်နဲ့ ပေါင်းစပ်ပြီး အသားပို (Skin Tumor) ဖြစ်ပွားနှုန်းကို
မြန်ဆန်စေပါတယ်။
ပြန်လိမ်းဖို့ မမေ့ပါနှင့်
မိုးအုံ့နေလို့ဖြစ်စေ၊ တိမ်ထူနေလို့ဖြစ်စေ၊
နေမပူလို့ဖြစ်စေ အန္တရာယ်ရှိတဲ့ UVA, UVB တို့ဟာ ကမ္ဘာမြေကြီးပေါ်မှာ အမြဲတမ်းရှိနေပါတယ်။
အဲဒါကြောင့် (၂)နာရီခြားတိုင်း ပြန်လိမ်းပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ချွေးထွက်များတဲ့
လူတွေ၊ ရေကူးသမားတွေကိုတော့ ခဏခဏ ပြန်လိမ်းပေးဖို့ အကြံပြုပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment