ပြိုင်ကားကိုကျွမ်းကျင်မြန်ဆန်စွာ
မောင်းနှင်ရတာကို ဂုဏ်ယူတတ်ကြသလို အများနဲ့မတူအောင် Drift ဆွဲတတ်ရင်လည်း ပေါ်ပြူလာဖြစ်လာမှာမလွဲပါဘူး။
ဒါကြောင့် ကိုယ့်ကားကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်း ရင်း အကာင်းဆုံး Drift ဆွဲပြနိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်
Drift
ဆွဲ တာဟာ Fast and Furious ဇာတ်ကားထဲက ဇာတ်ဝင်ခန်းလည်း
မဟုတ်ပါဘူး။ ကိုယ်တိုင်အသက်နဲ့ရင်းပြီး လုပ်ရတာမျိုးဖြစ်တာကြောင့် ကျွမ်းကျင်တဲ့အဆင့်အထိရောက်မလာခင်
အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ထားဖို့ လိုအပ်နေမှာဖြစ်ပါတယ်။
အထာကျကျ Drift ဆွဲနိုင်ဖို့
အရှိန်ပြင်းပြင်း
စီးဆင်းလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူလက်ရှိအချိန်မှာ လူငယ်တွေရဲ့စိတ် အာရုံ ကို အဖမ်းစားနိုင်ဆုံးဖြစ်နေတာကတော့
ပြိုင်ကားတွေပါ။ မြို့ပြဘ၀ရဲ့လူနေမှုပုံစံထဲမှာ လူငယ်နဲ့ပြိုင်ကား၊ ပြိုင်ကား နဲ့ လူငယ်ဆိုတာ
ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို့ ခွဲခြားမရလောက်အောင် တစ်သားတည်းရှိနေ တာဖြစ်ပါ
တယ်။ အပေါင်းအသင်းတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားလိုတဲ့ လူငယ်တွေဖြစ်တာကြောင့် ပြိုင်ကားကိုကျွမ်း
ကျင်မြန်ဆန်စွာ မောင်းနှင်ရတာကို ဂုဏ်ယူတတ်ကြသလို အများနဲ့မတူအောင် Drift ဆွဲတတ်ရင်လည်း ပေါ်ပြူလာဖြစ်လာမှာမလွဲပါဘူး။
ဒါကြောင့် ကိုယ့်ကားကို ပိုင်ပိုင်နိုင်နိုင်ထိန်းသိမ်းရင်း အကောင်းဆုံး Drift ဆွဲပြနိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ
တစ်ခုသိထားရမှာကတော့ ကားတစ်စီးကို Drift ဆွဲတယ်ဆိုတာ
ပန်းခြံထဲမှာ လမ်း လျှောက်ရတာမဟုတ်လို့ ထင်သလောက် မလွယ်ကူဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Drift ဆွဲတာဟာ Fast and Furious ဇာတ်ကားထဲက ဇာတ်ဝင်ခန်းလည်းမဟုတ်ပါဘူး။
ကိုယ်တိုင်အသက်နဲ့ ရင်းပြီး လုပ်ရတာမျိုး ဖြစ်တာကြောင့် ကျွမ်းကျင်တဲ့အဆင့်အထိရောက်မလာခင်
အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ထားဖို့ လိုအပ်နေ မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့
နှလုံး သွင်းထားရပါလိမ့်မယ်။
ပထမဆုံးလုပ်သင့်တာတွေ
Drift
ဆွဲဖို့ လေ့ကျင့်တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာကတော့ အန္တရာယ်ကင်းပြီး ကျယ်ဝန်းတဲ့ နေရာလွတ်တစ်ခုရှာဖွေဖို့ပဲဖြစ်ပါတယ်။
ပြီးရင် ဒီနေရာရဲ့အလယ်ဗဟိုတည့်တည့်မှာကတော့ ပုံစံအရာ တစ်ခုချ ထားပြီး ကားပတ်မောင်းနိုင်အောင်
လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကားမောင်းတဲ့နေရာမှာ
HandBrake ကို ဖမ်းထားဖို့လိုအပ်ပြီး အလယ်မှာချထားတဲ့ကတော့ပုံကို ၁၈၀ ဒီကရီတိတိနဲ့
လှည့်ပတ်နေ နိုင်ဖို့ လိုအပ်မှာပါ။ ကိုယ်ဗဟိုပြုထားတဲ့နေရာကို ၁၈၀ ဒီဂရီတိတိနဲ့ လှည့်ပတ်မောင်းနှင်နိုင်တဲ့အထိ
လေ့ကျင့်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ
နောက်ထပ်သတိထားရမှာက ကီလို ၄၀၊ ၅၀ နဲ့ Hand
Brake ဖမ်းပြီးမောင်နှင်နေချိန်တွေမှာ လက်ကိုင်ဘီးကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ
လေ့လာထားဖို့ပဲဖြစ်ပါတယ် ကားကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်ပြီး ဒီအဆင့်ကို
သက်သောင့်သက်သာမောင်းနှင်နိုင်ပြီဆိုရင်တော့ အရှိန်နည်းနည်းမြှင့်ပြီး နောက်တစ်ဆင့်လေ့ကျင့်ရမှာပါ။
နောက်ဘီးယက်၊ Manual Gear ကိုရွေး
Drift
ဆွဲတော့မယ်ဆိုရင် သုံးဖို့အကောင်းဆုံးကားတွေက နောက်ဘီးယက်စနစ်အသုံးပြုထားတဲ့ Manal Gear ကားတွေဖြစ်ပါတယ်။ နောက်ဘီးနှစ်ဘီးရဲ့မျှတတဲ့
ယက်အားကိုအသုံးပြုပြီး ဆိုင်ထိန်းစနစ် ကောင်းမွန်တဲ့ကားတွေကို အသုံးပြုတာဟာ Drift ဆွဲရာမှာ ပိုပြီးအဆင်ပြေစေမှာဖြစ်သလို ပြိုင်ကားဖြစ်
နေရင်တော့ အကောင်းဆုံးဖြစ်နေမှာပါ။ Drift ဆွဲတဲ့လူငယ်တွေအနေနဲ့
သတိထားသင့်တဲ့ အချက် တစ်ချက် ကတော့ ယာဉ်ထိန်းရဲတွေနဲ့ဝေးတဲ့နေရာဆိုရင် လေ့ကျင့်မှုတွေပြုလုပ်ဖို့
ပိုကောင်းမွန်မယ် ဆိုတာပဲဖြစ်ပါတယ်။
Hand Brake Tecknique
လီဗာကိုခပ်ဆတ်ဆတ်ပုတ်လိုက်ပြီး
နံပတ် ၁ ဂီယာနဲ့ ကားစထွက်ဖို့ မဖြစ်မနေလိုအပ်မှာဖြစ်ပေ မယ့် Drift ဆွဲဖို့အသင့်တော်ဆုံးကတော့ နံပါတ် ၂ ဂီယာပဲ
ဖြစ်ပါတယ်။ အကြောင်းကတော့ နံပါတ် ၂ ဂီယာက အကောင်းဆုံး ရုန်းအားကိုထုတ်ပေးနိုင်သလို
အင်ဂျင်ဆီကအမြင့်ဆုံးစွမ်းဆောင်ရည်ကိုလည်း ဒီအဆင့်မှာ ရရှိနိုင်လို့ ဖြစ်ပါတယ်။ နံပါတ်
၂ ဂီယာနဲ့ မောင်းနှင်နေချိန်မှာ ရုတ်တရက်ကလပ်ကို နင်းလိုက် ရင်း လက်ကိုင် ဘီးကို တစ်ဖက်ဖက်ဆီလှည့်လိုက်ပါ။
တစ်ချိန်တည်းမှာ Hand Brake ကို ဖမ်းလိုက် ဖို့လည်း
လိုအပ်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Drift ဆွဲတာ
စတင်ပြီပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကား ကိုဆီကျစ်မထား ဖို့လည်း လိုအပ်ပါတယ်။ ဆီကို
ထိန်းချုပ်မထားရင် အချိုးအကွေ့တွေမှာ ကားကိုပိုပြီး အရုန်းအဆွဲကောင်းစေ မှာဖြစ်ပြီး
ဆီကျစ်ထားမိရင်တော့ အာရုံနောက်ရမှာမလွဲပါဘူး။
ရှေ့ဘီးယက်ဖြင့်မောင်းခြင်း
ရှေ့ဘီးယက်ကားတွေနဲ့ Drift ဆွဲတော့မယ်ဆိုရင်တော့ ပိုကျယ်ပြီး လွတ်လွတ်လပ်လပ်ရှိမယ့်
နေရာမျိုးကို အရင်သွားသင့်တာပါ။ နောက်ပြီး
Hand Brake ဒါမှမဟုတ် Parking Brake တွေ ကိုလွှတ်လိုက် ပြီး ကြောက်စိတ်ပျောက်သွားအောင်
အရင်အားထုတ်သင့်ပါတယ်။ စိတ်ငြိမ်သွားပြီဆိုရင်တော့ ကိုယ်ဗဟိုပြု ထားတဲ့ အရာတစ်ခုဆီ
ဦးတည်မောင်းသွားပြီး အရှိန်ရလာမှ Hand Brake ကိုဆွဲရင်း တစ်ဆစ်ချိုးကွေ့ချရမှာ ဖြစ်ပါတယ်။
ရှေ့ဘီးယက်ကားတွေနဲ့ Drift ဆွဲဖို့ပြင်ဆင်တဲ့အခါမှာလည်း
လေ့ကျင့်မှုက အဓိကဖြစ်လို့ ရက်သတ္တပတ် ပေါင်းများစွာ လေ့ကျင့်မှုမှန်မှန်လုပ်ဖို့ လိုအပ်မှာပါ။
ဘယ်လို Modify လုပ်မလဲ
ကားကို
Modify လုပ်ခြင်းက ပိုကောင်းတဲ့ ပါဖောမင့်ရစေလို့ တချို့က Modify လုပ်ကြပါတယ်။ ဒါပေမဲ့
Modify လုပ်တာဟာ လက်တွေ့မှာ ငွေကုန်ကြေးကျများစေနိုင်သလို အချိန်လည်းကုန်လွန်းပါတယ်။
ဒါကြောင့် ကိုယ်တိုင် အင်ဂျင်ပါဝါပိုကောင်းလာအောင် ပြုလုပ်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
ကားတစ်စီးရဲ့အင်ဂျင်ပါဝါကို လေပမာဏနဲ့ ဆီလောင်ကျွမ်းနိုင်မှုအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
ဒါကြောင့် ကားအင်ဂျင်ပိုင်းနဲ့ပတ်သက် လို့ အခြေခံအချက်တွေကို ကိုယ်တိုင်လေ့လာထားဖို့
လိုအပ်သလို အင်တာနက်စာမျက်နှာတွေက တစ်ဆင့် လည်း Modify လုပ်တဲ့ နည်းစနစ်တွေကို အတုယူနိုင်တာပါ။
ကိုယ်တိုင်ကလည်း လေ့ကျင့်မယ်၊ လေ့လာ သင်ယူမှုတွေလည်း လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံး
Drift ဆွဲသူဖြစ်လာမှာမလွဲပါဘူး။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment