မိုးကလည်းဖြိုင်ဖြိုင်ကျပြီဆိုတော့
မိုးအေးအေးလေးမှာ အသုပ်လေးတစ်မျိုးရယ်၊ ဟင်းခါးပူပူလေး ရယ်နဲ့ ဆွဲလိုက်ရရင်ကျန်တဲ့ဟင်းတောင်
မလိုတော့ဘူး။ ဒီတစ်ပတ်ပိတ်ရက်မှာတော့ မယ်တော်မားသားနဲ့ နှစ်ယောက် သား အသုပ်ချဉ်ချဉ်စပ်စပ်လေးလေးနဲ့
ဟင်းခါးပူပူလေးတစ်ခွက်ပဲချက်မယ် စိတ်ကူးတယ်။ ရာသီစာအသုပ် လေး စဉ်းစားလိုက်တော့ မိုးရာသီမှာစားရတဲ့မိုးကျလက်ဖက်သုပ်လေးသုပ်ဖို့
သဘော တူညီချက်ရသွားတယ်။ ဟင်းခါးကတော့ဒန့်သလွန်သီးကိုပဲ ပုဇွန်လေးနဲ့ဟင်းခါးချက်တော့မယ်။
ဒါဆိုရင် မိုးအေးအေးလေးမှာ စားလို့ ကောင်းမှာ သေချာသလောက်ပါပဲ။ မယ်တော်မားသား ဈေးကပြန်လာတော့
မုန့်ဆန်းတွေပါ ၀ယ်လာတယ်။ ရာသီစာမဟုတ်ပေမယ့် ရောင်းနေတာတွေ့တော့ စားချင်စိတ်ဖြစ်လာ တာနဲ့ဝယ်လာတာတဲ့။
အဲဒီတော့ ပိုအဆင် ပြေသွားတာပေါ့နော်။ အချိုပွဲအတွက်ပါ အဆင်ပြေသွားတာပေါ့။ ပြောတာလေးရပ်ပြီးတော့
ချက်ကြရအောင် လား ဆွေမျိုးတို့ရေ။
မိုးကျလက်ဖက်သုပ်
မိုးကျလက်ဖက်သုပ်ဆိုတာ
နယ်ဘက်မှာ မိုးတွင်းဆိုစားနေကျ ရာသီစာလေးပေါ့။ ဒန့်ကျွဲရွက် လို့ခေါ်တဲ့ မိုးကျလက်ဖက်ရွက်က
မိုးဦးကျမှပေါက်တာ။ အဲဒီဒန့်ကျွဲရွက်ကို မန်ကျည်းရည်နဲ့ ဆားလေး နည်းနည်းထည့်ပြီး ပြုတ်လိုက်မယ်။
ပြီးရင် သူ့အရည်လေးနဲ့ သူအအေးခံထားလိုက်မယ်။ ဆီချက်ကတော့ ကြက်သွန်နီဆီချက် လေးနဲ့ပဲသုပ်မှာမို့
ကြက်သွန်နီဆီချက်လေးပဲ ချက်ထားလိုက်မယ်။ ကြက်သွန်နီ ခပ်ပါးပါးလေးလှီး ရေဆေးပြီး ရေကုန်အောင်ညှစ်ထား၊
ငရုတ်သီးစိမ်းလေးလှီး၊ ပုဇွန်ခြောက်မှုန့်လေး ထောင်းထား၊ မန်ကျည်းမှည့်လေးလည်း ရေနွေးလေးနဲ့
စိမ်ထားပေါ့။
ခုနကအအေးခံထားတဲ့ မိုးကျလက်ဖက်ရွက်လေးတွေကိုအရည်ညစ်ပြီး ခပ်ပါးပါး လှီးထားတဲ့အထဲ ကိုအသင့်ပြင်ထားတဲ့
ကြက်သွန်နီနဲ့ငရုတ်သီး စိမ်းပါးပါးလှီးထားတာရယ်၊
ကြက်သွန်နီ ဆီချက်ရည်၊ မန်ကျည်းမှည့်ရည်၊ ပုစွန်ငန်ပြာရည်၊ ပုစွန်ခြောက်မှုန့်၊
ငရုတ်သီးအကျက်မှုန့်နဲ့ သကြားလေးနည်း နည်း ထည့်ပြီးရင် နယ်လိုက်မယ်။ အရသာက ချိုချဉ်ငံစပ်ရပြီဆိုမှ
နှစ်ပြန်ကြော်လေးထည့်နယ်လိုက်မယ်။ အားလုံးအဆင်ပြေပြီဆိုမှ အပေါ်ကကြက်သွန်နီ ဆီချက်ဖက်လေးတွေဖြူးလိုက်ရုံပါပဲ။
ဒါဆိုရင်တော့ မိုးရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ မိုးကျလက်ဖက်သုပ်လေးတစ်ပွဲရပြီပေါ့။ ရာသီမဟုတ် တဲ့အခါ
စားချင်ရင် ဒန့်ကျွဲရွက် လွယ်လွယ်ဝယ်လို့မရရင်တော့
ပေါက်ပန်းဖြူရွက်ကိုအစားထိုးသုံးလို့တော့ ရပါတယ်။ ဒါပေမယ့် ဒန့်ကျွဲရွက်နဲ့ သုပ်စားတဲ့
မိုးကျလက်ဖက်သုပ်ကိုတော့ မမီဘူးပေါ့နော်။ သူကတော့ ရာသီမရွေးစားလို့ရတာပေါ့။
ဒန့်သလွန်သီးဟင်းခါး
ဒန့်သလွန်သီးဟင်းခါးချက်ဖို့အတွက်ကတော့
ဒန့်သလွန်သီးတွေကို အသားခြစ်ရမှာဆိုတော့ ခြစ်လို့ လွယ်အောင် မီးနဲ့အပူနည်းနည်းပေးလိုက်မယ်။
ဒါဆိုရင် ဒန့်သလွန်သီးလေးတွေက ပျော့သွားပြီးခြစ်ရလွယ် တာပေါ့။ ဒန့်သလွန်သီးပျော့ပြီဆိုမှခွဲပြီး
အစေ့လေးတွေအရင်ထုတ်ပြီး သပ်သပ်ဖယ်ထား သူ့အသားမြောင်း အလိုက်ကို သခွားခြစ်လေးနဲ့ အသာလေးတွေခြစ်ယူရုံပေါ့။
ပုစွန်လှော်လေးကို နဲနဲလက်လေးနဲ့ ဖျစ်လိုက်ပြီး ရေနွေးဆူဆူထဲထည့်၊ ပုစွန်ငံပြာရည်လေး
သင့်ရုံထည့်၊ ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းရောထောင်း ထားတာ ထည့် ပြီးရင် ခုနကသပ်သပ်ဖယ်ထားတဲ့
ဒန့်သလွန်သီးအစေ့လေးတွေကို အရင်ထည့်၊ သူ့ထည့်ပြီးလို့ ငါးမိနစ် လောက်နေမှ အသားခြစ်ထားတာလေးတွေကိုထည့်ပြီး
ငါးမိနစ်လောက်ဆို အရသာအပေါ့ အငံမြည်းကြည့်ပြီး မီးဖိုပေါ်ကချလို့ရပါပြီ။ ဒါဆိုရင်တော့
မိုးကျလက်ဖက်သုပ်ချိုချဉ်ငံစပ်လေးနဲ့တွဲစားဖို့ ဒန့်သလွန်သီး ဟင်ခါး ပူပူမွှေးမွှေးလေးရပြီပေါ့။
အသားဟင်းမပါပေမယ့် ထမင်းဖြူလေးနဲ့ တွဲစားရင်တော့ စားကောင်းမှာအသေချာပဲ ပေါ့။
မုန့်ဆမ်းထပ်ကြော်
အချိုပွဲအတွက်ကတော့
မုန့်ဆန်းလေးသန့်စင်ပြီး ရေအရင်ဆေးလိုက်မယ်။ ပြီးမှ ရေနွေးအဖြူ ပူပူ လေးနဲ့ ခဏနှပ်ထားလိုက်မယ်။
ဒါမှ မုန့်ဆန်းလေးကအိပြီး မမာတော့အောင်ပေါ့နော်။ ပြီးမှ အချိုအတွက် သကြားကြိုက်သလောက်ထည့်
အရသာလေးအောင် ဆားလေးနည်းနည်းထည့် အုန်းသီးခြစ်ထားတာလေး တွေထည့်ပြီး သမအောင်နယ်လိုက်ရုံပါပဲ။
ပြီးမှ မကပ်တဲ့အိုးထဲကိုဆီလေးနည်းနည်းထည့်ပြီး အပူပေး ဆီကျက် ပြီဆိုမှ ခုနနှပ်ထားတဲ့မုန့်ဆမ်းထပ်ကို
ပြန့်အောင်ဖြန့်ထည့်ပြီး မီးမျှင်းမျှင်းလေးနဲ့မီးဖိုပေါ်တင်ထား ဒယ်အိုး အောက်ဖက်အခြမ်းက
ရွှေညိုရောင်လေးဖြစ်ပြီး အနံ့လေးလည်း မွှေးလာပြီဆိုမှ တစ်ဖက်ကိုပြန်လှန်လိုက်ပေါ့။
နှစ်ဖက်စလုံး
ရွှေညိုရောင်လေးဖြစ်ပြီးမွှေးလာပြီဆိုရင်တော့ အချိုပွဲအတွက်မုန့်ဆန်းထပ်ကြော် ရပါပြီ။
ဒီအပတ်ကတော့ မိုးအေးအေးလေးမှာမိုးကျလက်ဖက်သုပ် ချိုချဉ်ငံစပ်လေးနဲ့ ဒန့်သလွန်သီးဟင်းခါး
ပူပူမွှေးမွှေးလေးကို ထမင်းဖြူလေးနဲ့ တွဲစားလို့ကောင်းမှာ သေချာပါတယ်။ ပြီးရင်တော့ အချိုတည်းဖို့
မုန့်ဆမ်းထပ်ကြော် ချိုချိုမွေးမွေးပူပူလေးကလည်းရှိနေတော့ အိုကေမှာစိုပြေပြီပေါ့။ နောက်တစ်ပတ်မှ
နောက်တစ်မျိုး ချက်ကြတာပေါ့ ဆွေမျိုးတို့ရာ ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ဖြစ်လိုက်တယ်။
ဆွေမျိုးအားလုံး မိသားစုထမင်းဝိုင်းလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားကောင်းကြပါစေလို့
ဆုတောင်းပေးလိုက်ပါ တယ်။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment