မြန်မာဆန်ဆန်ဝတ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ် အမရာငြိမ်း










လတ်တလော အနုပညာ လှုပ်ရှားမှုလေးအကြောင်းလည်း ပြောပြပေးပါဦး။
          ညီမ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေအတွက် Cover ရိုက်နေပါ တယ်။ နောက် Commercial လေးတွေ ရိုက်ထားတာ ရှိပါတယ်။

ဒီ Model အလုပ်အပြင် သရုပ်ဆောင်ဘက်ကိုရော ခြေချဖို့အစီအစဉ်ရှိပါသလား။
          သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ညီမ အမြဲပြောလေ့ရှိပါတယ်။ ညီမ အဲလောက်ထိ ကိုယ့်ကိုယ်ကိုယ် Talent ရှိတယ်၊ အရည်အချင်းမီတယ်လို့ မထင်သေးပါဘူး။ အများကြီး လေ့လာရဦးမှာပါ။ အခွင့်အရေးရမယ်ဆိုရင်တော့ ကြိုးစားကြည့်ချင်ပါတယ်။

အမရာ စိတ်ဖိစီးမှုတွေ များ လာရင် ဘယ်လို Relax ပြန်လုပ်ပါသလဲ။
          ညီမ စိတ်ပင်ပန်းလာရင် အများဆုံးလုပ်ဖြစ်တာကတော့ အမေ့ကို ဂျီကျတယ်။ အမေ့ကို ဘာတွေ စိတ်ညစ်တယ်၊ ဘာတွေဖြစ်တယ်ဆိုတာ ပြောပြတယ်။ ပြီးတော့ အမေက Idea တွေ ပေးတယ်။ အမေပေးတဲ့ Idea တွေကို နားထောင်ဖြစ်တဲ့အခါလည်း နားထောင်တယ်။ နားမထောင်တဲ့အခါလည်း မထောင်ဘူး။ ပြောပြလိုက်ရရင်ပဲ စိတ်ထဲက ပေါ့သွားတယ်။ စိတ်ဖိစီးမှုများလာပြီဆိုရင် သွားချင်တာကတော့ ကမ်းခြေပဲ။ တကယ်လည်း စိတ်ညစ်တဲ့အခါမျိုးမှာ ချောင်းသာကို ခဏခဏသွားဖြစ်ပါတယ်။

ဒီမော်ဒယ်လိုင်းပေါ်ကို ညီမ လျှောက်လှမ်းဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါ။
          ဒီလိုင်းပေါ်ကို မမျှော်လင့်ဘဲရောက်ခဲ့တယ်လို့ ပြောလို့ရတယ်။ ငယ်ငယ်တုန်းကတော့ Miss Universe တို့ ဘာတို့ အဲဒါတွေကိုကြည့်ပြီးတော့ အရမ်းရူးသွပ်တာ၊ Model ဖြစ်ချင်တယ်ဆိုပြီးတော့။ ဒါပေမယ့် အိမ်က လုံးဝအားမပေးဘူး။ နောက် ညီမ မော်ဒယ်သင်တန်းကို ခိုးတက်ဖြစ်တယ်။ ၂၀၁၂ မှာ တက်နေရင်းနဲ့ Idea က ဦးမျိုးက Cover အတွက် ရိုက်ဖို့ကမ်းလှမ်းရင်းကနေစပြီး ဒီလိုင်းပေါ်ကို ရောက်ခဲ့ပါတယ်။ ငယ်ငယ်ထဲက ရူးသွပ်ခဲ့တာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ ရောက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။

ညီမပြိုင်ခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံလေးတွေနဲ့ မမေ့နိုင်တဲ့ အမှတ်တရလေးတွေရှိရင်လည်း ပြောပြပေးပါ။
          ပြိုင်ပွဲကတော့ ညီမ မော်ဒယ်သက်တမ်းမှာ ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲပေါင်းက (၂)ပွဲ ရှိပါတယ်။ သူများတွေ ထက်စာရင် အရမ်းနည်းပါတယ်။ မမေ့နိုင်ခဲ့တဲ့ အမှတ်တရဆိုရင်တော့ ညီမပြိုင်ခဲ့တဲ့ Miss Universe Myanmar ၂၀၁၃ အဲဒီပွဲမှာ ညီမတို့ Organization နဲ့ အတူတူမိဘမဲ့ကလေးဂေဟာတွေရယ်၊ ကင်ဆာ Foundation ရယ် သွားခဲ့ရတယ်။ ညီမ လုံးဝမေ့လို့မရပါဘူး။ မိဘမဲ့ကလေးတွေဆီ သွားလှူတာက Family နဲ့လည်း သွားဖြစ်တယ်ဆိုတော့ သိပ်မထူးဆန်းဘူး။ Cancer Foundation ဆို တစ်ခါမှ မရောက်ဖူးပါဘူး။ အဲဒီကိုရောက်သွားတဲ့အချိန်မှာ သနားပြီးတော့ ငိုမိတယ်။ အမှတ်တရတစ်ခုပါပဲ။ အဲဒီနောက်ပိုင်းမှာလည်း Cancer Foundation ကို ညီမတတ်နိုင်တဲ့အပိုင်းကနေ တတ်နိုင်သလောက် Donate လုပ်ဖြစ်ပါတယ်။

ဒီ Miss Universe Myanmar ပြိုင်ပွဲအတွေ့အကြုံကနေ ဘာတွေကို ပြင်သင့်တယ်လို့ သိရှိခဲ့ရပါသလဲ။ ပြီးတော့ကော ဘယ်လိုလေ့လာပြောင်းလဲမှုမျိုးတွေ လုပ်ခဲ့ပါသလဲ။
          နောက်နှစ်ထဲမှာတော့ International ပြိုင်ပွဲတွေကို သေချာ Prepare လုပ်ပြီး ပြိုင်ဖို့ရှိပါတယ်။ ညီမ ကိုယ့်ကိုယ်ကိုယ် လိုအပ်တယ်လို့ထင်တာကတော့ ခန္ဓာကိုယ်အချိုးအစားပါ။ သူတို့ဆီမှာက သူတို့တိုင်းပြည်ရဲ့ Culture အရ မွေးကတည်းက အားကစားနဲ့အမြဲထိတွေ့ဖြစ်နေတာ။ သူတို့ရဲ့ Body Beauty ကို အရမ်း ဂရုစိုက်ကြတာ။ ညီမတို့ဆီမှာကျတော့ ဒါမျိုးသိပ်မရှိဘူး။ အခုနောက်ပိုင်း ပြိုင်ပွဲတွေ ၀င်တဲ့အခါကျမှ ညီမတို့မှာ အမြန်လုပ်ရတယ်။ တစ်လ၊ နှစ်လနဲ့ အမြန်လုပ်ရတဲ့အခါမျိုးမှာကျတော့ လိုအပ်ချက် တွေရှိပါတယ်။ ညီမကတော့ သြိပ နြကေအပ ပိုင်းပဲ အဓိကထားပြီး ပြင်ဆင်ဖြစ်ပါတယ်။

ညီမ ဒီမော်ဒယ်လိုင်းပေါ်ကို မရောက်ဖြစ်ခဲ့ဖူးဆိုလို့ရှိရင် နောက်ထပ် ညီမ၀ါသနာပါတဲ့ ဘာအလုပ်များ လုပ်ဖြစ်နေမလဲ။
          မော်ဒယ်မလုပ်ဖြစ်ခဲ့ဘူးဆိုရင်တော့ ညီမ Make-up Artist တစ်ယောက်များ ဖြစ်နေမလားမသိဘူး။ ငယ်ငယ်လေးတည်းက အလှအပကို စိတ်ဝင်စားတော့ Make-up Artist ဖြစ်ချင်တယ်ဆိုတာလည်း စိတ်ကူး ရှိခဲ့ဖူးတဲ့အတွက် အကယ်၍ မော်ဒယ်မလုပ်ဖြစ်ဘူးဆိုလို့ရှိရင် အဲဒီလိုင်းဘက်ကိုများ ရောက်နေမလားမသိဘူး။

ညီမလုပ်သမျှ အလုပ်တွေတိုင်းမှာ အဓိက ပံ့ပိုးပေးတဲ့သူက ဘယ်သူဖြစ်မလဲ။
          အဲဒါဆိုရင်တော့ ညီအမေပေါ့။ ဖေဖေက သဘောမကျဘူးဆိုပေမယ့်လည်း လုပ်ခွင့်ပေးခဲ့လို့ မေမေက ပံ့ပိုးပေးခွင့်ရတာပါ။ ညီမ မိဘနှစ်ပါးကတော့ စလုပ်တဲ့အချိန်ကနေ အခုချိန်ထိ သူတို့သဘောမကျတဲ့ အလုပ် ဖြစ်ခဲ့သည့်တိုင်အောင် ပံ့ပိုးပေးခဲ့ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ်ဆိုလို့ရှိရင် ညီမက ဘယ်လိုပုံစံ မိန်းကလေးလဲ။
          ကိုယ့်ကိုယ်ကိုယ် အမြင်ကတော့ တော်တော်လေးကို ယောက်ျားဆန်ပါတယ်။ မိန်းကလေးလည်း မဆန်ဘူး။ ချွဲချွဲနွဲ့နွဲ့ပြောတတ် ဆိုတတ်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့် စိတ်ထိခိုက်လွယ်တယ်။ တစ်ခုခုဆိုရင် တနုံ့နုံ့ ခံစားနေတတ်တာ မပြီးတော့ဘူး။ ခံစားမှုပိုင်းနဲ့ပတ်သက်ရင်တော့ Sensitive ဖြစ်တဲ့သူလို့ ပြောလို့ ရပါတယ်။

အမရာရဲ့ အချစ်ရေးအကြောင်းလေးလည်း သိခွင့်ရှိမလား။
          အချစ်ရေးကတော့ ချစ်သူရှိပါတယ်။ ညီမကို တကယ်လည်း စိတ်ချမ်းသာအောင်ထားပြီး တကယ် လည်း ချစ်တဲ့၊ ညီမလည်းပြန်ပြီးတော့ ချစ်ရတဲ့ ချစ်သူရှိပါတယ်။

ညီမ ချစ်ရတဲ့ ချစ်သူနဲ့ ကိုယ်ပိုင် Family လေးတစ်ခုတည်ထောင်ရပြီဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ။
          ညီမက ကလေးအရမ်းချစ်တယ်ဆိုတော့ ကလေးတွေ အများကြီးနဲ့ လုံးဝ Big Family ပေါ့။ အဲလို ခြံအကျယ်ကြီးထဲမှာ ကလေးတွေအများကြီးနဲ့ တစ်ယောက်တစ်ပေါက် ဆူညံပြီးတော့ အိမ်အကြီးကြီးထဲမှာ နေချင်ပါတယ်။ အဲလိုနေရတာကို အရမ်းသဘောကျပါတယ်။ စိတ်ကူးထားတာလည်း အဲဒီအတိုင်းပါပဲ။
ကလေးတွေ အများကြီးနဲ့ဆိုတော့ ဒီအနုပညာအလုပ်တွေကို ဆက်လုပ်နိုင်ပါဦးမလား။
          အင်းပေါ့။ ညီမ မိသားစုဘ၀တစ်ခုတည်ထောင်ပြီဆိုရင်တော့ ဒီအလုပ်တွေကို လုပ်ဖြစ်တော့မယ် မထင်ပါဘူး။ ညီမ Family ကိုပဲ ဦးစားပေးပြီးတော့ Family အတွက်ပဲ နှစ်မြှပ်လိုက်မယ့်လူမျိုးထဲမှာ ပါပါတယ်။

အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ဘယ်လိုစိတ်ဓာတ်မျိုးထားပြီး လုပ်လေ့ရှိပါသလဲ။
          အဓိကကတော့ ရိုးသားမှုပါ။ ပြီးတော့ အလုပ်တစ်ခုလုပ်တဲ့အခါ အလုပ်အပေါ်မှာ လေးစားမှုပေါ့။ ပြီးတော့ ရိုးသားမယ်၊ ကြိုးစားမယ်၊ ကိုယ့်အလုပ်ပေါ်မှာလည်း လေးစားမှုရှိမယ်ဆိုရင် ဘယ် Professional Career မှာပဲဖြစ်ဖြစ် ဘ၀ကို ဘယ်လိုပဲရပ်တည်သည်ဖြစ်စေ အဆင်ပြေမယ်လို့ ယူဆပါတယ်။

ညီမလေးကို အားကျအတုယူနေတဲ့ လူငယ်ပရိသတ်လေးတွေအတွက် ပေးချင်တဲ့ Message လေးများရှိရင် ပြောပြပေးပါဦး။
          ပေးချင်တဲ့ Message ဆိုရင်တော့ အခုနောက်ပိုင်း လူငယ်တော်တော်များများ အရင်တုန်းက ညီမ အပါ အ၀င်ပဲ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်မှန်း သေချာမသိကြဘူး။ အဝေးကြီး မကြည့်နဲ့ ညီမ အိမ်က ညီမလေး ဆိုလို့ရှိရင် သူအရမ်းစာတော်တယ်။ စာလည်း အရမ်းကြိုးစားတယ်။ ဒါပေမယ့် (၁၀)တန်းအောင်ပြီး ဘာလုပ် ချင်လဲလို့မေးရင် သူမဖြေတတ်ဘူး။ ဘာလုပ်ချင်မှန်းမသိဘူး ဖြစ်နေတယ်။ သူ့မှာ Ambition လုံးဝမရှိဘူး။ အဲလိုမျိုးဖြစ်နေတာတွေ တွေ့ရပါတယ်။ လူငယ်တစ်ယောက် ကိုယ့်ဘ၀မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သေချာသိပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ Carrier အပေါ်  Respect ထားပြီး ကြိုးစားရင် သေချာပေါက် ပန်းတိုင် ရောက်မှာပဲဆိုတဲ့ Message တစ်ခုတော့ ပေးချင်ပါတယ်။

ညီမ ပရိသတ်ကို ပြောချင်တဲ့ စကားလေးတွေရှိရင်လည်း ပြောပြပေးပါဦး။
          ညီမကိုသိတဲ့ ပရိသတ်က နည်းဦးမှာပါ။ ဒါပေမယ့် ဒီထက် ပရိသတ်တွေအများကြီး ရလာအောင် လည်း ညီမကြိုးစားနေပါတယ်။ နောက်ပြီးတော့ ညီမကိုမြင်ချင်သေးတဲ့ ပရိသတ်တွေရှိနေသေးသရွေ့ ညီမ ရှေ့ဆက်ပြီး ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

Cover Story မှာ ပါဝင်ရိုက်ကူးပေးတဲ့အခါ ညီမစိတ်ထဲမှာ ပေါ်လာတဲ့ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။
          Cover ရိုက်ရတဲ့အခါ မော်ဒယ်တိုင်းလိုလို သဘောကျပြီးတော့ ပျော်ကြတာပေါ့နော်။ ဂျာနယ် Cover တစ်ခုခုမှာ၊ မဂ္ဂဇင်း ဃသလနမ တစ်ခုခုမှာ မြင်မြင်ချင်း ကိုယ့်ပုံကို အရင်တွေ့ရတာဆိုတော့ ပျော်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment