ကားတင်သွင်းခွင့်မူဝါဒ
အပြောင်းအလဲတွေကြောင့် လူတိုင်းနီးပါးက ကားဝယ်စီးဖို့ စိတ်အား ထက်သန်နေကြပါတယ်။ ဒါပေမဲ့
ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာ က လူအတော်များများဟာ ကား ၀ယ်ယူဖို့လောက်ပဲ စိတ်အားတက်ကြွတတ်ကြပြီး
ကိုယ့်ကားကိုဘယ်လို ပြုပြင်သင့်တယ်။ ရေရှည်အတွက် ဘယ်လိုထိန်းသိမ်းထားရမယ်ဆိုတာကို လျစ်လျူရှုထားလေ့
ရှိကြတာကိုပါ။ မျက်မှောက်ခေတ် မော်တော် ကားတွေဟာ ခေတ်ဟောင်းကကားတွေနဲ့ လုံးဝမတူတော့ပါဘူး။
ကားတချို့မှာဆိုရင် တစ်စီးလုံးကို မတူကွဲပြားခြားနားတဲ့ အစိတ်အပိုင်း (၇၅၀၀၀)လောက်နဲ့
တည်ဆောက်ထားတာမျိုးတောင် ရှိနေပါတယ်။ ဒါကြောင့်ကိုယ့်ကားက တစ်ခုခုဖြစ်မှပြုပြင်မယ်ဆိုရင်
အပြစ်လိုက်ရှာနေရတာကိုက အတော်လေးခေါင်းစား ရမှာပါ။ ဒီတော့ ဘာမှမဖြစ်ခင်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနဲ့
ကိုယ့်ဘက်က ပြုပြင်ပြီးနေနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့်
ကိုယ့်အန္တရာယ်ကို ကြိုတင် ကာကွယ်ထားပြီးဖြစ်နေစေသလို ကားလည်းရေရှည်အထားခံမယ်။ နောက်ဆုံး
ကိုယ်မလိုအပ်တော့လို့ ပြန်ရောင်းချင်တယ်ဆိုရင်တောင် တန်ဖိုးအများကြီး ဆုံးရှုံးမသွားစေမယ့်
အခွင့်အရေးမျိုးတွေ ရရှိလာ စေမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကကားပိုင်ရှင်ဖြစ်နေရင် ဘယ်လိုပြုပြင်ထိန်းသိမ်းမှုလေးတွေ
ပြုလုပ်သင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်ပါ။
အရေးကြီးတဲ့ T.O.W.B.L.E
ကားတစ်စီးကို
အခြေခံပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်တော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် စကားလုံး(၆)ခုပဲ
ဖြစ်ပါတယ်။ ဒီအင်္ဂလိပ်စကားလုံးတစ်ခုချင်းစီမှာ အရေးပါတဲ့အနက်အဓိပ္ပါယ်တစ်ခုစီရှိနေပြီး
သူတို့အားလုံးက ကားတစ်စီးရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်နေပါတယ်။ အတိအကျပြောရရင်တော့
တာယာ၊ ဆီ၊ ပြတင်းပေါက်၊ ဘရိတ်၊ အတွင်းခန်း၊ လောင်စာ စတဲ့ အရာတွေကို ဆိုလိုတာပါ။
တာယာ
ကားတစ်စီးရွေ့လျားဖို့နဲ့
စီးနင်းလိုက်ပါလာသူတွေ အန္တရာယ်ကင်းကင်းရှိနေစေဖို့ တာယာတွေက အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။
တာယာက တစ်ခုခုမှားယွင်းနေလို့ ထဖောက်ရင် ကားရောလူပါ ပျက်စီးကြရမှာ ပါ။ ဒီတော့ သူ့ကိုအမြဲတမ်း
ဂရုဓမဿမ ထားပြီး စစ်ဆေးနေ ဖို့လိုအပ်သလို
ထိုက်သင့်တဲ့ လေပေါင်ချိန်ပြည့်နေစေဖို့ စဉ်ဆက်မပြတ် စစ်ဆေးမှု ပြုလုပ်နေသင့်ပါတယ်။
ဒီနေရာမှာ လေပေါင်ချိန်တိုင်းတဲ့ကိရိယာတွေက ဈေးသိပ်မကြီးလို့ ၀ယ်ဆောင်ထားနိုင်ရင်
ပိုပြီးနေရာကျ မှာပါ။ ကား လေပေါင်ချိန်မှန်ဖို့ သတိပြုနေသင့်သလို တာယာပုံသဏ္ဍာန်က ပုံမှန်မဟုတ်ဘဲ
ပုံစံပျက် ယွင်းနေပြီဆိုရင်လည်း အသစ်လဲလှယ်ဖို့ မေ့လျော့မနေသင့်ပါဘူး။ ဒီအချက်တွေကတော့
ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ ကနဦး အရေးပါတဲ့ အချက်တွေပါပဲ။
ဆီ
အခုပြောတဲ့
''ဆီ''က လောင်စာ ''ဆီ''ကို ဆိုလိုတာ မဟုတ်ပါဘူး။ အင်ဂျင်ဝိုင်ကိုရည်ရွယ်တာ ဖြစ်ပါ တယ်။
အင်ဂျင်ဝိုင်ဟာ ကားတစ်စီးအတွက် အလွန်အရေးပါပါတယ်။ လူ့ခန္ဓာကိုယ်မှာ သွေးက အရေးပါ သလို
သူ့အခန်းကဏ္ဍကို လျစ်လျူရှုမထားသင့်တာပါ။ အင်ဂျင်ဝိုင်အရည်အသွေး မပြည့်ဝတော့ရင်၊ မလဲ လှယ်တာကြာလို့
ကျဲနေပြီဆိုရင် ကားရဲ့လျင်မြန်စွာ ရွေ့လျားနိုင်မှုလျော့နည်းလာမှာဖြစ်သလို ဝေးဝေးလံလံ လည်း
သွားနိုင်တော့မှာမဟုတ်ပါဘူး။ ဒီတော့ အင်ဂျင်ဝိုင်ကို စစ်ဆေးနေဖို့ လိုပါတယ်။ မိုင်(၃၀၀၀)၊
ဒါမှ မဟုတ်(၃၅၀၀၀)မောင်းနှင်ပြီးတိုင်း အသစ်လဲလှယ်ပေးသင့်တယ်လို့ မှတ်ယူထား သင့်တာပါ။
ဒါ့အပြင် အင်ဂျင်ဝိုင်အရောင်းဆိုင်က သူ့ကုန်ပစ္စည်းဟာ မိုင် (၁၀၀၀၀) လောက်အထိ အသုံးပြုခံတယ်လို့
အာမခံချက်ပေးရင်တောင် မိုင် (၅၀၀၀) ထက်ပိုအသုံးမပြုသင့်ပါဘူး။ အင်ဂျင်ဝိုင်ရောင်းသူတွေကို
ယုံကြည် မိလို့ ပျက်ဆီးရတဲ့ကားတွေလည်း မနည်းတော့ပါဘူး။ အကောင်းဆုံးကတော့ တစ်ပတ်တစ်ခါလောက်
ကိုယ်တိုင် စစ်ဆေးကြည့်ပြီး လိုအပ်ရင်ခြေသွက်သွက် လဲလိုက်တာပါပဲ။
ပြတင်းပေါက်
ရှေ့လေကာမှန်၊
နောက်မှန်၊ ပြတင်းပေါက်ကမှန်တွေ အပါအ၀င် ကားတစ်စီးလုံးမှာ ပါဝင်နေတဲ့ မှန် တွေအားလုံးကို
သန့်ရှင်းနေအောင်နဲ့ ကွဲကြေမသွားအောင် ဂရုစိုက်ထားသင့်ပါတယ်။ အက်တာ၊ ကွဲတာ မျိုးတွေရှိလာပြီဆိုရင်တော့
တုံ့ဆိုင်းမနေဘဲ အသစ်လဲလိုက်တာ အကောင်းဆုံးပါပဲ။ ကားတစ်စီးမှာ မှန်ဆိုတဲ့ အစိတ်အပိုင်းက
ရုပ်ထွက်ပိုင်းအရအရေးပါနေရာက ပါဝင်နေလို့ သူ့ကိုသထားနိုင်ခဲ့ရင် ကားပြန်ရောင်းတဲ့အခါ
အဖိုးဆုံးရှုံးမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဘရိတ်၊ ခါးပတ်၊ ဘက်ထရီ
“B”
ဆိုတဲ့ အက္ခရာကတော့ ဒီနေရာမှာနည်းနည်းဘောင်ကျယ်လာပါတယ်။ ''ဘရိတ် (Brakes) ခါးပတ်(Belt)နဲ့
ဘက်ထရီ (Battery) ကို စစ်ဆေးနေဖို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ဈေးကွက်ထဲကို နောက်ဆုံးရောက်လာတဲ့ကားတွေမှာ
အမြင့်ဆုံးစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့ အချိန်အတိုင်း အတာ တစ်ခုချင်းစီအလိုက်
အသစ်လဲလှယ်ပေးရမယ့် ဘရိတ်စနစ်မျိုးကို တပ်ဆင်ထားတာပါ။ နောက် ဆုံးပေါ် ကားတွေကို စီးနင်းနေကြသူတွေအနေနဲ့
ဘရိတ်နဲ့ပတ်သက်လို့ စိတ်ထဲမှာ သံသယမကင်းဖြစ်နေ တယ် ဆိုရင်တော့ မဖြစ်မနေဆိုင်ကိုသွားတာ
အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မဟုတ်ဘဲ ပေကပ်စီးနေရင် အားလုံးကိုယ် ကျိုးနည်းကုန်မှာကြောင့်ပါပဲ။
ခါးပတ်နဲ့
ဘက်ထရီက အရမ်းအရေးကြီးတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်မနေပေမယ့် ကားမောင်းတဲ့ အခါတိုင်း
နည်းစနစ်တကျနဲ့ ခါးပတ်ပတ်ထားဖို့လိုအပ်သလို တစ်လတစ်ခါလောက် ဘက်ထရီနဲ့ပတ်သက်ပြီး စစ်ဆေး၊လဲလှယ်မှုတွေတော့
ပြုလုပ်နေသင့်ပါတယ်။
အတွင်းပိုင်း
သန့်ရှင်းပြီး
သပ်သပ်ရပ်ရပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ကားအတွင်းပိုင်း အခြေအနေတစ်ရပ်ကို ကားမောင်းသူတိုင်း
လိုချင်ပါလိမ့်မယ်။ ကားအတွင်းပိုင်းသန့်ရှင်းနေတာက စီးနင်းလိုက်ပါသူအားလုံးကို စိတ်ချမ်းသာမှုပေးစွမ်းနိုင်သလို
ပြန်ရောင်းချင်တယ်ဆိုရင်လည်း ကိုယ့်ကားအတွင်းပိုင်းက အပြစ် အနာ အဆာကင်းနေရင် ဈေးပိုရနိုင်ပါတယ်။
တချို့လူတွေက အင်ဂျင်ဝိုင်၊ တာယာစတောတွေကို ဂရုစိုက်ကြပေ မယ့် အတွင်းပိုင်းကို ''သ''ထားဖို့
မေ့လျော့နေတတ်ကြတာပါ။ ဒါကြောင့် ကားအတွင်းပိုင်းဟာ ကားတစ်စီး ကို ပြုပြင်ထိန်း သိမ်းမှုတွေပြုလုပ်တဲ့နေရာမှာ
အရေးပါတဲ့နေရာက ပါဝင်နေလို့ပစ်မထားသင့်ပါဘူး။ CD Player တွေက ကောင်းကောင်းဖွင့်ရ၊ မရ
စတဲ့ အချက်တွေကအစ ဂရုစိုက်နေသင့်ပါတယ်။
လောင်စာ
T.O.W.B.F ရဲ့ နောက်ဆုံးတစ်ခုက Fuel (လောင်စာ)ဖြစ်ပါတယ်။
ကားတစ်စီးကို ရုန်းအားပို ကောင်းလာအောင်၊ ဆန့်ငင်ဆန့်ငင် အခြေအနေမျိုးနဲ့ တုံ့ဆိုင်းနေအောင်ပြုလုပ်နိုင်တဲ့အထဲမှာ
ဆီသန့် မသန့်ကလည်း အရေးပါလို့ ဂရုစိုက်သင့်တာပါ။ ကားအင်ဂျင်သက်တမ်းရှည်မှု၊ တိုမှုကို
တိုင်းတာရာမှာ လည်း ဆီသန့်မှုက အရေးပါလို့ ဖြစ်နိုင်ရင် လောင်စာဆီကောင်းကောင်းကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
နောက်ထပ်
''F''မှာ ပါဝင်လာတာတွေကတော့ စတီယာရင် ဆီ၊ ရေသုတ်တံဝါရှာတွေအတွက် အသုံးပြုတဲ့ ဆီ၊ ဘရိတ်ဆီစတ
ဲ့(Fluids) အမျိုးမျိုးကို ရည်ညွှန်းပါတယ်။ ဒီ''F''လေးတွေကလည်း ကားတစ်စီးကို ထိန်းသိမ်းမှုတွေ
ပြုလုပ်ရာမှာ အရေးပါလို့မေ့မထားသင့်တဲ့အထဲမှာ ပါဝင်နေတာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment