ဒီတစ်ပတ်တော့
မိုးကုတ်မြို့ကိုရောက်တုန်းက အဒေါ်ချက်ကျွေးတဲ့ ဟင်းလေးတွေကို စားချင်နေ တယ်။ မယ်တော်မားသားကလည်း
ကောင်းသားပဲ မစားရတာကြာနေပြီ။ အိမ်မှာလည်း ဆီတို့ဟူးတွေ အဆင်သင့်ရှိ နေတာပဲ။ လိုတာလေးတွေကိုတော့
ငါဈေးသွားဝယ်လိုက်မယ်လေဆိုပြီး ဈေးခြင်းတောင်းလေးကိုင် ထွက်တော့ တာပဲ။ အမေပြန်လာတော့
လိုချင်တဲ့ ၀က်အူချောင်းသေးသေးလေးတွေက မရခဲ့ဘူး။ မိုးကုတ်မှာတုန်းကတော့ အစိမ်းကြော်ထဲကို
မိုးကုတ် ၀က်အူချောင်းသေးသေးလေးတွေထည့်ကြော်ထားတာ အရမ်းစားကောင်းတယ်။ မိုးကုတ်မြို့က
အရမ်းအေး ချမ်းပြီး အသီးအရွက်တွေကလည်း အရမ်းလတ်ဆတ်တာ။ နေရတာလည်း အရမ်း အေးချမ်းတာပဲ။
သား ငါးဈေးကတော့ နည်းနည်းဈေးကြီးတာပေါ့။
အခုကတော့ အစိမ်းကြော်ကို အိမ်မှာရှိတဲ့ CP
ကြက်ကြော လုံးလေးနဲ့ပဲ ကြော်လိုက်တော့မယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။ အသားတွေ အသီး
အရွက်တွေ လိုချင်တာတွေအားလုံးရှိမှ ဟင်းတစ်ပွဲ ကိုကောင်းအောင်ချက်တတ်တယ်ဆိုတာတော့ မဖြစ်သင့်
ဘူးလေ။ ရှိတာလေးနဲ့စားကောင်းအောင် ချက်တတ်မှ ပိုအဆင်ပြေတာ။ တောရွာတွေမှာဆို ရန်ကုန်လို
လိုချင် တာတော့ အကုန်ဘယ်ရှိမလဲ။ ဒါပေမဲ့တော့ ဟင်းလေးတွေကလည်း သူ့နည်းသူ့ဟန်နဲ့ချက်ထားပေမယ့်
စားလို့တော့ကောင်းတာ ပဲမလား။ ပြောတာလေးတွေလျှော့ပြီး ချက်လိုက်ကြရအောင်လား။
ကြက်သားဆီတို့ဟူးဆီပြန်
အဓိကဟင်းကိုတော့
ကြက်သားဆီတို့ဟူးဆီပြန်ဟင်း ရွေးထားတယ်။ ဆီတို့ဟူးလေးနဲ့ဆိုတော့ ငံငံ ဆိမ့်ဆိမ့်လေးပေါ့။
ကြက်သားကိုတော့ CP ကြက်ပဲရွေးလိုက်မယ်။ အသားတွေ နွင်ပြီး အသားကို အတုံးလေး တွေ တုံးရမှာဆိုတော့
အသားများတဲ့ CP ကြက်ကို သုံးရတာအဆင်ပြေတယ်လေ။ ကြက်သား ကိုအတုံးလေး တွေတုံး သကြားလေးနည်းနည်းနဲ့နယ်ထား။
ကြက်သွန်ဖြူတစ်တက်လောက်ကို ဓားပြား ရိုက်စဉ်းထား၊ ဆီပူလာ ရင် ခုနစင်းထားတဲ့ ကြက်သွန်ဖြူလေးဆီသတ်
အရောင်လေးလှအောင် အရောင်တင်မှုန့်လေးပါ နည်းနည်း ထည့်လိုက်မယ်။ ပြီးရင် ခုနကြက်သားတုံးလေးတွေထည့်။
ကြက်သားလေးစိမ်းနံ့ပျောက်မှ ဆီတို့ဟူးလေးတွေ ထည့်။ အငံကိုတော့ ဆီတို့ဟူးပဲ သုံးမယ်။
တခြားဆားတို့ ကြက်သားမှုန့်တို့ မသုံးတော့ဘူး။ ကြက်သားလည်း နူး၊ အရသာကလည်း ဆီတို့ဟူးအရသာလေးနဲ့
ကြက်သားကအချိုလေးနဲ့ ပေါင်းလိုက်တော့ ချိုငံဆိမ့်လေးပေါ့။ အနံ့လေးမွှေးသွားအောင် ငရုတ်သီးတောင့်လေးတွေအုပ်လိုက်မယ်။
ဒါဆိုရင်တော့ အရသာလေးလည်းရှိ ငရုတ် စိမ်းနံ့မွှေးမွှေးလေးနဲ့ ကြက်သားဆီတို့ဟူးဆီပြန်လေးတစ်ပွဲရပြီပေါ့။
အစိမ်းကြော်
အစိမ်းကြော်အတွက်ကတော့
မုန့်ညင်းထုပ်၊ မုန်လာဥနီ၊ ရွှေပဲသီးနဲ့ Baby Corn လောက်ပဲ သုံးတော့ မယ်။ CP ကြက်ကြောလုံးလေးပါထည့်လိုက်မယ်။
ကြက်သွန်ဖြူ ဓားပြားရိုက်စဉ်းထားတာကို အရင်ဆီသတ် ပြီးရင် ကြက်ကြောလုံးလေးတွေ ခြမ်းထားတာကိုထည့်လိုက်မယ်။
ချက်ရတာပိုကြာတဲ့ Baby Corn အရင် ထည့်မယ်။ ပြီးမှကျန်တဲ့အရွက်တွေထည့်လိုက်မယ်။ ခရုဆီလေးနည်းနည်းနဲ့
ပဲငံပြာရည် အနောက်လေး နည်းနည်း အချိုအတွက်ကတော့သကြားလေးသုံးလိုက်မယ်။ အရသာလိုရင်တော့
ကြက်သားမှုန့်လေး လိုက် လိုက်ပေါ့။ ဒီလောက်ဆိုရင်တော့ အစိမ်းကြော်တစ်ပွဲအတွက် အဆင်ပြေလောက်ပါတယ်နော်။
ဂျူးမြစ်ချဉ်ဟင်း
ဂျူးမြစ်ချဉ်ဟင်းချက်ဖို့အတွက်ကတော့
ဂျူးမြစ်ကိုရေစင်အောင်ဆေး အနေတော်လေးတွေလှီးထား၊ ပြီးရင် ရေစစ်ထားလိုက်မယ်။ ဟင်းခတ်အတွက်ကတော့
ငါးကြော်ကျန်တာလေးပဲမွှပြီး ထည့် လိုက်တော့မယ်။ ကြက်သွန်နီဥ တစ်ဥလောက်ကို ခပ်ထူထူလေးလှီး
ဆီသတ် နနွင်းမှုန့်လေးပါထည့် အရောင်တင်မှုန့်လေး ပါထည့်။ ပြီးရင် ငါးကြော်မွှထားတာလေးပါထည့်
ပုဇွန်ငံပြာရည်လေးပါထည့် ဆီသတ်လိုက်မယ်။ ဒါမှ ငံပြာရည် နံ့မပြင်းတော့အောင်ပေါ့။ ခုနက
လှီးပြီးရေစစ်ထားတဲ့ ဂျူးမြစ်တွေပါထည့်ပြီး ခပ်နာနာလေးလုံးလိုက်မယ်။ ပြီးမှ ရေထည့်ပြီး
မီးပြင်းပြင်းနဲ့ ဆူအောင်တည်။ အချဉ်အတွက်ကတော့ မန်ကျဉ်းမှည့်ရေလေးပဲ သုံးလိုက်မယ်။
အရသာချိုချိုချဉ်ချဉ်လေးနဲ့ အနေတော်ရပြီဆိုရင် နံနံပင်လေးအုပ်လိုက်မယ်။ ဒီတစ်ပတ်အတွက်ကတော့
အသားဟင်းလေးပါ အသီးအရွက်စုံစုံလင်လင်လေးနဲ့ မိသားစုထမင်းဝိုင်းလေးလည်း အဆင်ပြေလိမ့်မယ်ထင်ပါ
တယ်။ ဆွေမျိုးတွေအားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှ
နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment