ခရီးဝေးသွားမယ့်သင်နဲ့ သင့်ကားအတွက်










ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့  Remember BLOWBAG ဆိုပြီး မှတ်လိုက်ပါ။
BLOWBAG ဆိုတဲ့အိတ်ကြီးဟာ ဘာကြီးလဲဗျာဆိုရင်တော့။BLOWBAG ဆိုတာ ကားမောင်းမယ့်သူနဲ့ ကားအတွက် မပါမဖြစ်အရာများကို လူတိုင်းနားလည်မှတ်မိလွယ် အောင် စေတနာနဲ့ တီထွင်ထားလိုက်တဲ့ စကားလုံးလေးပါခင်ဗျာ။ EP ကတော့ ထပ်ဆောင်းဖြည့်လိုက်တဲ့ ၂ခုပါ။
B = Battery
L = Lights
O = Oil
W = Water
B = Brakes
G = Gas
E = Emergency Kit
P = Prepare yourself

Battery
ခုခေတ်ပေါ်ကားအားလုံးအတွက် အရေးအကြီးဆုံးအရာပါ။ စတတ်တာမော်တာကို စလှည့်ဖို့ လုံ လောက်တဲ့ပါဝါ အမြဲရှိနေရမယ်။
ညဘက်ကို လိုအပ်ရင်မီးထွန်းမောင်းဖို့ အမြဲကောင်းမွန်နေရမယ်။ ကားမှာပါတဲ့ အဲကွန်းကို စိတ်ချ လက်ချသုံးရဖို့အတွက်လည်း အရေးကြီးပါတယ်။ အခုခေတ်ကားများမှာ ECU/ECM ဆိုတာတွေက စက်ဦး နှောက်ပါ။ သော့မပါတဲ့ စမတ်ကီးအတွက်လည်း ဘက်ထရီဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် ကားမှာပါတဲ့  Display Monitor အတွက်လည်း အလွန်အရေးကြီးပါတယ်။ အဆင့်မြင့်ကားများမှာ ဘက်ထရီ လက်ကျန်မရှိအောင် ဒေါင်းသွားရင် Display Monitor Function များ လုံးဝသုံးမရအောင် ဖြစ်သွားခြင်း၊ ဘက်ထရီအသစ်လဲလိုက်လို့ စက်နှိုးဖို့ အဆင်ပြေသွားရင်လည်း  Display Monitor ပြန်ဖွင့်ဖို့  Password ပြန်လည်တောင်းခံခြင်းစတဲ့ အလုပ်ရှုပ်စရာ၊ ခေါင်းရှုပ်စရာများနဲ့ ကြုံတွေ့ရနိုင်လို့ အထူးပြောစရာ မလိုပါဘူး။ တို့ရွာသားများ ဂျပန်ကျ မောင့်တစ်ပတ်နွမ်းကားလေးများနဲ့ လပ်ယားလပ်ယား လမ်းသလားကြတာ ခုဆို ၃-နှစ်ကျော်ကျော်တောင်ရှိလာကြပြီမို့ အထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်။ တချို့လည်း Battery Lesson လေးများကို ကောင်းကောင်းတတ်ပြီးကြပြီထင်ပါတယ်။ ဒါကြောင့် မိမိကားဘက်ထရီ အသက် ဘယ်လောက် ဇရာထောင်းနေပြီလဲ၊ လုံလောက်သော အားကိုးအား ထားရှိနိုင်သေးလားဆိုတာ ကိုယ့်ဘာသာ ကိုယ်စဉ်းစား။

Lights
ကားမှာပါတဲ့မီးလုံးများကို ပြောတာပါ။ မြန်မာပြည်ကလမ်းများဟာ မြို့ပြင်ရော မြို့တွင်းရော လမ်းမီးဓာတ်တိုင်များက ယာဉ်မောင်းသူကို လုံလောက်အောင် အလင်းရောင်မပေးနိုင်ပါဘူး။ ရှင်းပါတယ်။ နေပြည်တော်လို အမြန်လမ်းမှာ သာလို့ဆိုးပါတယ်။ နှစ်ဘက်မြို့အ၀င်နားလောက်မှာပဲ လမ်းဓာတ်တိုင်က လုံလောက်စွာ အလင်းရောင်ပေးနိုင်ပေမယ့် တကယ်မောင်းရမယ့်နေရာများမှာ ကားမီးကိုသာလုံးဝအား ကိုးမောင်းရမှာမို့ ညမောင်းမယ့်သူများအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မိမိကားရဲ့ ရှေ့မီး နောက်မီးများ အမြဲကောင်းမွန်နေရမယ့်အပြင် အရေးကြီးတဲ့ မီးလုံးအပိုများ၊ ဖျူ့စ်အပိုများလည်း ဆောင်ထားရ ပါဦးမယ်။ အနည်းဆုံးတော့ ၀ါယာအမျှင်လေးတွေကို အရေးပေါ်ဖျူ့စ် လုပ်သုံးဖို့ ဆောင်ထားရင်လည်းရပါ တယ်။

Oil
လူ့အတွက်သွေး၊ ကားအတွက်ဆို အင်ဂျင်ဝိုင်ဟာ လူတိုင်းသိနေကြပြီးပေမယ့် ထဲထဲဝင်ဝင် ဂရုစိုက်တဲ့ သူနည်းပါတယ်။ တချို့ဆို စက်ဖုံးကိုလှန်တောင်မကြည့်တာ ကြာပါပြီ။ ထိုင်ခုံဖင်အောင်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်များအတွက် ဖင်လှန်ကြည့်ရမှာ လက်ကြောမတင်းကြလို့ ခုဖင်အောက်မှာစက်တပ်ထားတဲ့ ကားများကို မောင်းနေကြတဲ့ ကိုဘသောင်းတို့ ခုကစလို့ ဂရုစိုက်ကြပါ။ မကြည့်တာကြာ မစစ်တာကြာ၊ စိတ်ရှိလို့ ကြည့်လိုက် တဲ့အချိန်ကြမှ ပွဲပြီးနေတာကိုမြင်နေရလို့ပါ။ အင်ဂျင်ဝိုင်ဂိတ်တံလေးက အပျစ်အချွဲတွေကိုပြပြီး အနည်ထိုင် ချိန်မှာ မင်းရောက်လာတာ အင်မတန်မှပဲ ၀မ်းနည်းစရာဆိုပြီး သီချင်းဆိုပြလိမ့်မယ်။ မျက်ကန်းတစ္ဆေမကြောက် ဆိုသလို မကြုံဖူးသေးသမျှ ဒီဒုက္ခကိုမသိသေးကြတာလည်းပါပါတယ်။ အင်ဂျင်ဝိုင်မရှိဘဲ မောင်းမိလို့ လမ်းခု လတ်မှာ ဘယ်ရင်ဖမ်းလို့ ချိန်းပြတ်လို့ ဟိုဟာဖြစ်သွားလို့ ဒီဟာဖြစ်သွားလို့ဆိုပြီး လမ်းမှာကားအမျိုးမျိုး အမြဲကြုံရတတ်လို့ပါ။ လမ်းမှာ ဒီကားမျိုးလေးတွေကို အနီးဆုံးဆွဲသွားဖို့ ကြိုးပေးကူ ညီရုံပဲရှိနိုင်ပါတယ်။ ကျန်တာကိုငုတ်တုတ်ထိုင်ကြည့်နေရုံပဲ။

ကိုသက်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


 
Share on Google Plus

0 comments:

Post a Comment