Water
ခုခေတ်အပေါ်
Coolant ဆိုတဲ့ ဒုက္ခကိုအရောင်ဆိုးထားတဲ့ ဓာတုအရည်များပါ နီ/ပြာ/စိမ်း အများဆုံးတွေ့ရလိမ့်မယ်။
ကားရေတိုင်ကီနဲ့ပိုက်တွေ၊
ကလစ်တွေ၊ အဖုံးတွေကောင်းနေသမျှ လျော့ခဲပါတယ်။ ဒါတွေကို ကောင်းမကောင်း အကုန်စစ်ပေါ့ကွယ်။
ရေတိုင်ကီနဲ့ဆက်ထားတဲ့
ရေပြွန်ဗူးလေးမှာပဲ လျော့တာကိုပြပါမယ်။ လျော့ခဲ့ရင်လည်း ဒီဗူးလေး ထဲကိုပဲ Level အမှတ်နှစ်ခုကြားမှာ
ရှိအောင်ပြန်ဖြည့်ပါ။ မူလအရည်ရှိနေသမျှ မူလနီးပါးကွာလတီရှိမယ့် Coolant ကိုပဲပြန်ဖြည့်ပါ။
လမ်းမှာမရခဲ့ရင် ရေသန့်ကိုဖြည့်လည်းရပါတယ်။ ဒါပေမဲ့ Coolant မှာ ရေမရောရ သေးတဲ့အပြင်းနဲ့
ရေရောပြီးသား အပျော့စားနှစ်မျိုးရှိသေးလို့ လမ်းမှာဘာပဲရရ အပြင်းလား အပျော့လား ယုံလို့
မရဘူး။ ဒါကြောင့် ရေသန့်နဲ့ဆတူရောစပ်ပြီး အိမ်ရောက်အောင်ပဲမောင်းလာကြပါ။ အပြင်းစားကို
တိုက်ရိုက် ထည့်မိရင် ရေလမ်းကြောင်းနဲ့ရေတိုင်ကီထဲက အတွင်းကလီစာတွေထိခိုက်ကုန်လိမ့်မယ်။
လက်တွေ့ ရေသန့် ဘူးကြီးတစ်ဗူးလောက်တင်သွားနိုင်ရင် အကောင်းဆုံးပဲ။ လူအတွက်ရော ကားအ တွက်ရော
စိတ်ချရတာပေါ့။ တောင်တက်လမ်းခုလပ်မှာ ရေကိုဘယ်မှာသွားရှာမလဲ။ ရေသန့်ဗူးတွေပေါ တယ် ဆိုပေမယ့်
ကားတွေက လွင့်ပစ်သွားတဲ့ဗူးခွံပဲ တွေ့ရလိမ့်မယ်။
(Brakes)
ဒါကတော့
ပြောစရာမရှိအောင်ကို အရေးကြီးပါတယ်။ ဒါကြောင့် ဘရိတ်စနစ်တစ်ခုလုံးကို မသွား ခင် စစ်ကိုစစ်ရမယ်။
ဘရိတ်ရှုး၊ ဘရိတ်ဆီ၊ ဘရိတ်ပိုက်အားလုံးပေါ့။ အရေးကြုံရင် သက်လုံကောင်းအောင် အသစ်တွေလဲတိုင်းလည်း
စိတ်မချနဲ့။ စနစ်တကျလဲတတ်မှ ပိုကောင်းတယ်။ နံနက်ခရီးသွားခါနီးမှ ညဘက် ကို ပြာပြာသလဲ
သွားကြမယ့်အစား တစ်ပတ်လောက်ကြိုစစ်၊ ကြိုလဲကြတာ ပိုကောင်းပါတယ်။ ပိုကျန်းမာ တယ်။ ဘရိတ်အသစ်ဒေါင်းကြတာ
လက်တွေ့အားဖြင့် တစ်ပတ်လောက်ကြာမှ အသားကျပါတယ်။
ချက်ချင်း ဘရိတ်ဒရမ်၊ ဘရိတ်ဒစ်စ်များနဲ့
ဘရိတ်ရှုးများ အသားမကျခင် ဘရိတ်အမိမပိုင်ပါဘူး။ အမိပိုင်အား ကြီးရင် လည်း ကပ်ပြီးပြန်မကွာတို့
ဆိုတဲ့ ဖြစ်တတ်တဲ့အရာလေးများ များစွာရှိပါသေးတယ်။ ပိုလို့ကောင်းအောင် လုပ်လိုက်ခါမှ
ထိုင်နေရင် အကောင်းသားထသွားမှကျိုးမှန်းသိ ဆိုပြီးဖြစ်တတ်လို့ပါ။ ရှုးများအထိုင်မကျခဲ့ရင်
ရှေ့ကိုမောင်းရင်လွတ် နောက်ကိုပြန်ဆုတ်တဲ့အခါမှာငြိ ဒစ်စ်ပြားအတွက် ဘရိတ် အပါးလွန်ခဲ့မိရင်
မိပြီး ပြန်မကွာ အမြဲဂျမ်း ဖြစ်သွားတာဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးများ အမြန်လမ်းတစ်
နေရာမှာဖြစ်သွားခဲ့ရင် …။
Air
အာလူးလာမပေးနဲ့
လေနဲနဲ လျှော့ …။ အမြန်လမ်းမှာအချိန် ကြာကြာမောင်းလာခဲ့ရင် လေပေါင် တက်လာတတ်ပါတယ်။
ဒါကြောင့် ခုခေတ်မှာ နိုင်ထရိုဂျင်ထိုးဖို့လည်း အကြံပေးကြပါတယ်။ ဒါပေမဲ့ လမ်း မှာလျော့သွားတဲ့ဘီးအတွက်
ဒီဟာမရခဲ့ရင် လေပဲထိုးလို့ရပါတယ်။ ဒါကြောင့် ခရီးဝေးသွားမယ့်လူတိုင်း မိမိကိုယ်ပိုင်လေဂိတ်မီတာ
သို့မဟုတ် စီးကရက်လိုက်တာပေါက်၊ ဘက်ထရီ 12 - V နဲ့သုံးရတဲ့လေထိုး စက်ငယ်လေးဆောင်သွားသင့်ပါတယ်။
ဘီးလေးဘီးကိုလည်း သတ်မှတ်တဲ့လေပေါင် ရှိဖို့လိုပါသေးတယ်။ လေအကြောင်းပြောလိုက်တာ လေဆိုတာ
တာယာထဲမှာရှိလို့ တာယာကိစ္စအ၀၀ကိုလည်း သိထားပြီး ကြရမှာပါ။ တာယာကိစ္စကိုလည်း ဂရုစိုက်လိုက်ပါ။
Gas
ကားအားလုံးအတွက်
မရှိမဖြစ် လောင်စာဆီပါ။ ဓာတ်ဆီကို နည်းပညာစကားလုံးအရ Gas ပေမယ့် ဒီဇယ်ဆီများလည်းပါပါတယ်။
ကားက နှစ်မျိုးစလုံးသုံးကြတာကိုး။ စက်စနစ်ချို့ယွင်းသွားလို့ လမ်းမှာ ကား ရပ် တာ တန်ပါတယ်။
ဖြစ်ပျက်ဖြစ်ပျက်ဆိုတဲ့ သင်္ခါရ သဘောအရ တရားမှတ်လို့ ရပါသေးတယ်။ ဆီကုန်လို့ စက်ရပ်သွားတာကို
ဘယ်နည်းနဲ့မှတရား မမှတ်နိုင်ပါ။ မိမိပေါ့ဆမှုပါ။ ခုခေတ်မှာ ပိုလို့ဆိုးလာတာတွေ့ရပါ တယ်။
လမ်းမှာဆီဆိုင်တွေ များမှများ ပေါမှပေါ ဆိုတဲ့ အမြင်ကိုရှိနေကြလို့ လမ်းကြမှထည့်ကြမယ်ကွာ ဆိုပြီး
ပေါ့ဆစွာမောင်းလာကြတယ်။ ဆီဆိုင်မရောက်ခင် ဆီကုန်ပြီး ရောက်တဲ့ဆီဆိုင်မှာလည်း ဆီမရှိ၊
မီးမလာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ရရင် ဘယ်လိုလုပ်မလဲ။ ဆီတက်တက်ပြောင်အောင် ကုန်သွားတဲ့
ဘာကားမဆို အလွန်နာတယ်။ ဒီဇယ်ဆို အဆိုးဆုံး။ ဆီထည့်ပြီးတောင် ပြန်နှိုးမရ လေခိုသွားပါပြီခင်ဗျာ။
(Emergency Kit)
ဒါလေးကလည်း
မသိသူ ကျော်သွား၊ သိသူဖော်စားဖို့ ပြောလိုက်ရတာပါ။ ဘက်ထရီခေါင်း လွတ် တာ လေး၊ ဘက်ထရီလဲရမယ့်
အရာလေး၊ ဟိုကြပ်ဒီကြပ်လုပ်ရမယ့်အရာများအတွက် အလွန်အသုံးဝင် ပါတယ်။ တချို့ဒီလိုအသေးအဖွဲ့လေးလောက်နဲ့
အကူအညီမရတဲ့လမ်းမှာ အိပ်ရဖူးတယ်။ မယုံမရှိနဲ့။ ကားအတွက်တင် မဟုတ် လူအတွက် အရက်ပျံ၊
ဂွမ်း၊ ပလာ စတာ၊ တစ်ရှုး၊ ပတ်တီး၊ အ၀တ်သန့်တွေကိုပါ ဆောင်သွားနိုင်ရင် အကောင်းဆုံးပေါ့။
ကားကို ဟိုနှိုက် ဒီနှိုက်လုပ်ကြရရင် လက်မှာလည်း ဟိုပွန်းဒီရှဖြစ်တတ်ပါတယ်။ သိတယ် မလား။
Prepare Yourself
အရေးတကာ့အရေးအကြီးဆုံးမို့
နောက်ဆုံးမှနိဂုံးချုပ်ရေးပေးလိုက်ပါတယ်။ လောကမှာ လူထက် တန်ဖိုးကြီး အရေးကြီးတာ ဘာမှမရှိ
အသက်ခန္ဓာ အင်္ဂါအားလုံးကို ဆိုလိုလိုက်တာပါ။ လူမှာ ဇီဝယန္တရား၊ ဇီဝနာရီတွေရှိပါတယ်။ သူတို့ကလည်း
လုပ်ချိန်တန်လုပ်၊ နားချိန်တန်နားပေးဖို့ အရေးကြီးပါတယ်။ အတင်း ဇွတ်လုပ်ခိုင်းရင် ပြဿနာအနည်းနဲ့
အများရှိနိုင်ပါတယ်။ အလုပ်လုပ်ဖို့ လုံလောက်တဲ့ အာဟာရလည်း ရှိပေးရ မယ်၊ စားသင့်ချိန်စား၊
နားသင့်ချိန်နားရှိကို ရှိရမယ်။
ဗိုက်ဆာဆာနဲ့
ကားမောင်းတာ၊ အိပ်ရေးမ၀ဘဲကားမောင်းတာဟာ မကောင်းပါဘူး။ မဟန်နိုင်လို့ အိပ်ငိုက်လာရင်
လုံခြုံတဲ့နေရာမှာ ကားရပ် ၁၅ မိနစ်လောက်အိပ်လိုက်တာ အကောင်းဆုံးပါ။ မူးရင် မမောင်းနဲ့
မောင်းရင်မမူးနဲ့မို့ အမူးလွန်လာခဲ့ရင်လည်း အိပ်လိုက်ပါ။ လမ်းမှာအဆာပြေစေဖို့ မုန့်၊
ဘီစကွတ်၊ ရေ၊ အချိုရည် အလုံအလောက်ဆောင်သွားနိုင်ရင် ဒီကိစ္စပြေလည်ပါတယ်။ လမ်းမှာဆိုင်တွေ
အများကြီးရှိတာပဲ ဆင်ခြေမပေး နဲ့။ မိမိစားချင်တဲ့အချိန်၊ နားချင်တဲ့အချိန် နားနိုင်မှ
Refresh ဖြစ်တာပါ။ ဒီအကြောင်းလေးတွေကို ခုလိုအသေး စိတ်သိကြပြီးရင် ကျွန်တော့်ကားမိတ်ဆွေများ
ကားသုံးစွဲသူများ နေပြည်တော်လို အမြန်လမ်းမျိုးမှာ အသေ မစိပ်ဖို့ သေချာနေပါပြီ။ လူတိုင်းသတိပြုလိုက်နာနိုင်ခဲ့ရင်
ယာဉ်ကြောင့်ဖြစ်ပေါ်နိုင်မယ့် ဒုက္ခမျိုးစုံကိုလည်း ကြိုတင်ကာရှောင်ရှားနိုင်ကြလိမ့်မယ်လို့
ကျွန်တော်ယုံကြည်မိလိုက်လို့ ….။
ကျွန်တော် ညလုံးပေါက်အိပ်ပျက်ခံကာ ရေးလိုက်တဲ့အကြောင်း
အသိပေးတင်ပြလိုက်ပါတယ်။
အိပ်ရေးပျက်လည်း
ဘာအကြောင်းလဲ၊ နောက်နေ့မှ တစ်ရက်လုံးပြန်အိပ်လိုက်မယ်။ ခုကျွန်တော် ပြော လိုက်တဲ့ အကြောင်းအရာလေးများကို
သိပြီးကြရင် မသိသေးကြတဲ့သူများ အမှုမဲ့၊ အမှတ်မဲ့နေကြတဲ့သူများ သိကြအောင် BLOWBAG ဆိုတဲ့
အတိုကောက်လေးပဲပြောလိုက်ပါ။ ခုရက်ပိုင်း ခရီးဝေးသွားကြမယ့် သူများရော၊ ခရီးဝေးက ပြန်လာကြမယ့်သူများလည်း
ရှိကြသည်မို့ ကျွန်တော်ပြောလိုက်တဲ့ BLOWBAG လေးကိုသာ ဆောင်ဖြစ်အောင် ဆောင်သွားပါလို့
ထပ်မံသတိပေးလိုက်ပါတယ်။ BLOWBAG ရှင်းရှင်းလေး မင်းကိုပြောမယ်။ BLOWBAG ကား မိတ်ဆွေများကို
ခင်မင်လျက် …
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment