ဆန့်ကျင်ဘက်အရပ်က
မောင်းလာတဲ့ကားတစ်စီးရဲ့ အလင်းရောင်ကြောင့် ဘာမှမမြင်ရဘဲ ဖြစ် သွား တာမျိုး ကြုံဖူးပါသလား။
ကိုယ့်ကားကို မီးဖွင့်ထားပါလျက်နဲ့ ဆန့်ကျင်ဘက်ကားတစ်စီးမီးရောင်နဲ့ ယှဉ်လိုက်ရင် ဘာမှမမြင်ရတော့ဘူးဆိုရင်
ကိုယ့်ကားရှေ့မီးလုံးတွေ တစ်ခုခုမှားယွင်းနေပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ
ညဘက်ကားမောင်းသွားရင်း လမ်းဘေးသစ်ပင်ပေါ်က သစ်ရွက်တွေကို မြင်နေရပြီဆိုရင်၊ ဒါမှမဟုတ်
ကိုယ့်ကားမီးထိုးမောင်းလာချိန်မှာ ရှေ့ကမောင်းလာတဲ့ကားက ဟွန်းတီးတာ၊ မီးမှိတ်ချည်၊
ဖွင့်ချည် လုပ် အချက်ပြတာမျိုးတွေရှိလာပြီဆိုရင်လည်း ကားရှေကမီးမှာ ပြဿနာတစ် ခုခုဖြစ်နေပြီဆိုတာ
သတိထား ရတော့မှာပါ။ ဒါတွေက ကားရှေ့မီးလုံးတွေမှာ ချို့ယွင်းချက်တွေရှိနေပြီဆိုတဲ့ သင်္ကေတတွေလည်း
ဖြစ်ပါတယ်။ ကိုယ့်ကားရှေ့မီးက ကောင်းကောင်းအလုပ်လုပ်နေသလား၊ ဘာတွေ မှားနေလဲ၊ မှားယွင်း
နေ၊ မနေ ဘယ်လို စစ်ဆေးကြည့်မလဲဆိုတာတွေကို လေ့လာကြည့်ရအောင်ပါ။
ရေပြင်ညီဖြစ်နေပါစေ
ပထမဆုံးကားကို
ပြင်ညီမျက်နှာပြင်ပေါ်မှာ တဖြောင့်တည်းဖြစ်နေအောင် အရင်ရပ်ထားရပါ လိမ့် မယ်။ ထို့အပြင်
ကားအပေါ်မှာတင်ထားတဲ့ မလိုအပ်မယ့်ပစ္စည်းတွေကို အောက်ချထားဖို့လည်း လိုအပ် မှာဖြစ်ပါတယ်။
ဒီနှစ်ချက်အပြင် နောက်တစ်ခုလုပ်သင့်သေးတာကတော့ လေးဘီးစလုံးမှာရှိတဲ့ လေပေါင် အနေအထားကို
အညီ အမျှဖြစ်နေအောင် တိုင်းထွာထားသင့်တာပါ။ ဒါတွေလုပ်ပြီးရင်တော့ နောက်ဆုံး အနေနဲ့ ကားမောင်းသမား
ထိုင်ရမယ့်နေရာမှာ ကိုယ်တိုင်ဝင်ထိုင်၊ ကိုယ့်ကားရှေ့မီးကောင်းမကောင်း စစ်ဆေးနိုင်ပြီပဲ
ဖြစ်ပါတယ်။
နေရာချတတ်ပါစေ
ဒုတိယအချက်အနေနဲ့ကတော့
ကားကိုနံရံတစ်ခုရှိရာဆီမောင်းနှင်သွားဖို့ပဲဖြစ်ပါတယ်။ ပြီးရင်တော့ နံရံရှေ့ဘက်မှာရှိနေမယ့်
မြေပြင်ညီညီပေါ်မှာ ကားကိုရပ်ရင်း ကိုယ့်ကားရှေ့မီးအခြေအနေ ဘယ်လိုရှိနေ တယ်ဆိုတာ စေ့ငဲ့ကြည့်နိုင်မှာပါ။
ဒီနေရာမှာ လိုအပ်တာတစ်ခုကတော့ ကိုယ့်ကားရပ်တဲ့နေရာက နံရံနဲ့ ၁၀ ပေ၊ ၁၅ ပေလောက် အကွာအဝေးမှာ
ရှိနေဖို့ပဲဖြစ်ပါတယ်။ နံရံကောင်းကောင်းမရှိရင်လည်း ကားဂိုထောင် တံခါးကို အသုံးပြုပြီး
ကားရှေ့မီးက ညဘက်ကားမောင်းရင် အဆင်ပြေလောက်မယ့်အနေအထားမျိုးမှာ ရှိနေလား၊ လမ်းနဲ့အချိုးညီအောင်
တစ်ပြေးညီတည်းရှိမနေဘဲ မိုးပေါ်ထောင်နေတာ၊ အောက်ငိုက်နေတာ စတာမျိုးတွေ ဖြစ်နေလားဆိုတာတွေကို
စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုကားရှေ့မီးကို စစ်ဆေးရင်း ဘီး ၄ ခုမှာရှိနေတဲ့ ရှော့ဘားတွေက
အချိုးညီညီရှိနေလားဆိုတဲ့အချက်ကို စစ်ဆေးနိုင်မှာပါ။ အကြောင်းကတော့ ကားမီးကရေပြင် ညီအတိုင်းရှိနေရင်တောင်
ရှော့ဘားတွေအားလုံးကောင်းမနေဘဲ တချို့ကဖောက်နေမယ် ဆိုရင် နံရံပေါ်မှာ မြင်တွေ့ရမယ့် မီးပွင့်နှစ်ခုရဲ့
အနိမ့်အမြင့်ကလည်းမတူညီနိုင်လို့ ဖြစ်ပါတယ်။
“T” ပုံစံဖြစ်အောင်လုပ်ကြည့်
ရှေ့မီးကို
ဖွင့်လိုက်ပါ။ ဒါပေမဲ့ အပေါ်မီးဖွင့်စရာမလိုဘဲ အောက်မီးလောက်ပဲဖွင့်ထားရင်လည်း လုံလောက်ပါ
တယ်။ ပြီးရင်တော့ ကိုယ့်ကားမီးခွက်ပေါ်မှာ တိပ်အမဲတစ်ခုနဲ့ ရေပြင်ညီလိုက်တစ်ခု၊ ဒေါင်လိုက်တစ်ခု
ကပ် လိုက်ရပါလိမ့်မယ်။ ဒီလိုလုပ်ခိုင်းရတာကတော့ ကားရှေ့ကနံရံပေါ်မှာ“T” ပုံသဏ္ဍာန်အမှတ် အသားနှစ်ခု ပေါ်လာအောင်ပဲ
ဖြစ်ပါတယ်။ အဲဒီအဆင့်ရောက်လာပြီဆိုရင်တော့ နံရံပေါ်မှာပေါ်နေတဲ့ “T” နှစ်ခုရဲ့ အစနှစ်ခု ကို ညီနေသလား၊ မညီဘူးလားဆိုတာ
ရွေးကိုက်ကြည့်ပြီး မီးလုံးနှစ်လုံး ပုံမှန်အလုပ်လုပ်နေ သလား၊ မလုပ်ဘူး လားဆိုတာ သိနိုင်မှာပါ။
ဒါ့အပြင် ကိုယ့်ကားရှေ့ဝင်ရိုးမှာရှိနေတဲ့ ရှော့ဘား ၂ ချောင်းရဲ့ အခြေအနေကိုလည်း ကောင်းသလား၊
ဆိုးသလား စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အမှန်တကယ်သာ ကိုယ့် ကားရှေ့ မီးနှစ်လုံးက ပုံမှန်
အခြေအနေမျိုးမှာရှိနေတယ်ဆိုရင်တောင် “T”
သဏ္ဍာန် အက္ခရာနှစ်ခု အစွန်းတွေညီနေမှာ ဖြစ်သလို ဒီအလင်း တန်းက မြေပြင်က (၃ ၊ ၅) ပေထက်
ပိုမြင့်မနေသင့်ဘူးလို့လည်း သိရတာပါ။
လိုသလိုချိန်ညှိပါ
အထက်က
စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ကြည့်ပြီးရင်တော့ ကားကိုနံရံနောက်ဖက် ၁၅ ပေ အကွာ လောက်အထိရောက်အောင်
မောင်းသွားလိုက်ပါ။ ဒီနေရာမှာ အထက်နဲ့အောက် ဆွေးနေလောက်အောင် မီးလုံးနှစ်လုံးက မညီမျှဖြစ်နေပြီဆိုရင်တော့
မီးပိတ်လိုက်ပြီး ပြုပြင်ရပါတော့မယ်။ ပထမဆုံး မီးလုံးနှစ်လုံးခု ဘေးမှာရှိနေတဲ့ ကွင်းလေးကိုဖြုတ်လိုက်ပါ။
ပြီးရင် အဲဒီအောက်မှာရှိနေတဲ့ Secrew လေးကို အတိုး အလျော့ လုပ်ရင်း မီးလုံးတွေပုံမကျ၊
ပန်းမကျဖြစ်နေတာကို ပြုပြင်နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ တချို့ကား ကုမ္ပဏီ တွေက Secrew တွေကို ကားမီးလုံးနောက်က အင်ဂျင်ခန်းထဲမှာ
တပ်ဆင်ထားလေ့ရှိသလို တချို့ ကုမ္ပဏီ တွေကတော့ ရှေ့မှာပဲတပ်ဆင်ထားလေ့ရှိတာကိုတော့ သတိပြုရမှာပါ။
ကားမီးလုံးတွေကို နေရာ တကျဖြစ် အောင် ပြင်ဆင်ရာမှာ Owner’s Manual စာအုပ်ထဲကအတိုင်း
တသွေမတိမ်း လိုက်လုပ်နေစရာ မလိုကြောင်း လည်း
သတိထားရပါလိမ့်မယ်။
စမ်းမောင်းကြည့်ပါ
အားလုံး နေရာတကျဖြစ်အောင်ပြုပြင်ပြီးပြီဆိုရင်တော့
အကုန်လုံးကို စနစ်တကျပြန်တပ်ဆင်ပြီး စမ်းသပ်မောင်းနှင်မှု ပြုလုပ်သင့်ပါတယ်။ ကိုယ်က
စိတ်တိုင်းကျပြင်ဆင်ပြီး နံရံမှာတင်စမ်းသပ်လို့ အဆင်ပြေ နေရုံလောက်နဲ့ ကျေနပ်မနေသင့်ပါဘူး။
ကားလမ်းဘေးမှာ မောင်းနှင်ကြည့်ညပီး အမှန်တကယ် အဆင်ပြေ၏ မပြေ၏ စစ်ဆေးရမှာပါ။ တကယ်လို့
ဒီလိုပြုပြင်ထားမှ အဆင်မပြေသေးဘူးဆိုရင်တော့ ပြန်ချွတ်၊ ပြန်ပြုပြင် လိုက်ရင် နေရာကျသွားမှာ
မလွဲပါဘူး။ ဒီလိုဆို ရင် ညဘက်ခရီးစဉ်တွေကို စိတ်အေးလက်အေး မောင်းနှင်နိုင်ပါပြီ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment