သံပုရာသီးအစွမ်း










ဒီတစ်ပတ်မှာတော့ သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းရတာ နှစ်သက်သူတွေအ တွက် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သံပရာသီးနဲ့ မိတ်ဆက်ပေးပါရစေ။ သံပရာသီးက ဗီတာမင်စီကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သံပရာသီးအခွံကို အခြောက်ခံ၊ မီးရှို့ပြီး ခြင်နိုင်ဆေးအဖြစ် အသုံးပြုနိုင်သလို သံပရာ သီးအရည်၊ အသားကိုလည်း မီးဖိုချောင်မှာ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ သံပရာသီးဟာ အသားအရေ ထိန်းသိမ်းရာမှာလည်း များစွာအကျိုးပြုပါသေးတယ်။ သံပရာသီးရဲ့အသုံးဝင်ပုံကတော့ …

ကမ်းခြေသွားတော့မယ်ဆိုရင်
ပင်လယ်ကမ်းခြေသွားမယ်ဆိုရင် သံပရာရည်ကို ဆံသားမှာလိမ်းပေးခြင်းဖြင့် ဆံသားလေးတွေဟာ လူတကာနဲ့မတူဘဲ ပေါ့ပါးစွာတောက်ပနေစေပြီး ပင်လယ်ဆားငံရေနဲ့ နေရောင်ဒဏ်ကြောင့် ဆံသားတွေ ပျက်စီးခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။
လက်သည်းခြေသည်းများ သန်မာဖို့
သံပရာအရည်နဲ့ သံလွင်ဆီ ရောစပ်ကာ လက်သည်းခြေသည်းတွေကို သုတ်လိမ်းပေးရင် လက်သည်း ခြေသည်းတွေကို သန်မာစေပြီး ဖြူဝင်းတောက်ပစေပါတယ်။
ပန်းနုရောင်နှုတ်ခမ်းသားလေး တစ်စုံအတွက်
ခြောက်သွေ့၊ ကွဲအက်နေသော နှုတ်ခမ်းသားလေးတွေအတွက် ဘယ် Lip Gloss မှ ဈေးကြီးပေးပြီး ဝယ်သုံးနေစရာ မလိုပါဘူး။ သံပရာရည်ကို ဂွမ်းစလေးနဲ့ ညစဉ်မအိပ်ခင် နှုတ်ခမ်းသားလေးများကို ညင်သာစွာ သုတ်ပေးပါ။ ပုံမှန်ပြုလုပ်ပေးရင် နှုတ်ခမ်းသားများ ခြောက်သွေ့ကွဲအက်ခြင်းကို ပျောက်ကင်းစေပြီး နှုတ်ခမ်းဆိုး ဆေးအသုံးပြုစရာမလိုဘဲ ပန်းနုရောင်တောက်ပပြီး နူးညံ့နေစေပါလိမ့်မယ်။
အဆီပြန်နေသော ဆံသားတွေ
ဆံသားတွေ အဆီပြန်နေလို့ စိတ်ညစ်နေစရာမလိုပါဘူး။ သံပရာအရည်ကို ခေါင်းမလျှော်ခင် ဆံသား အနှံ့ သုတ်လိမ်းပေးပါ။ ပြီးမှ ကိုယ်သုံးနေကျ ရှန်ပူနဲ့ ပုံမှန် ခေါင်းလျှော်ပေးပါ။ ဒါဆိုရင် အဆီပြန်ခြင်းကင်းပြီး ခြောက်သွေ့ပေါ့ပါးလာပါလိမ့်မယ်။
တောက်ပသော အသားအရေအတွက်
ဗီတာမင်စီကြွယ်ဝတဲ့ သံပရာအရည်ကို အပြင်မထွက်ခင် လိမ်းပေးပြီး အပေါ်မှ နေရောင်ဒဏ် ကာကွယ်ဆေး အသုံးပြုပေးမယ်ဆိုရင် အသားအရေက သူများနဲ့မတူဘဲ ကြည်လင်တောက်ပနေပါလိမ့်မယ်။
အမည်းစက်များကြောင့် စိတ်ညစ်နေရရင်
မျက်နှာပေါ်မှာ အမည်းစက်တွေ၊ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရရင် သံပရာရည်နဲ့ ညင်သာစွာ ပွတ်ပေးပါ။ (၁၅)မိနစ်ခန့် ခြောက်သွေ့စေပြီး ရေနဲ့ဆေးချပါ။ ပုံမှန်ပြုလုပ်ပေးရင် အသားအရေဖြူဝင်းစေပြီး အစက် အပြောက်၊ ဝက်ခြံကင်းစင်စေပါလိမ့်မယ်။
ဝါနေသောသွားများအတွက်
မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ သံပရာရည်ရောစပ်ပြီး သွားတွေကို သုတ်လိမ်းပေးပါ။ (၂)မိနစ်ခန့်ထားပြီး သွားပွတ်တံနဲ့ တိုက်ပေးရင် ဝါနေတဲ့သွားတွေ ပုလဲရောင်ဖြူဖွေး တောက်ပစေပါလိမ့်မယ်။
တံတောင်ဆစ်၊ ဒူးခေါင်းများမည်းနေရင်
တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေ မည်းညစ်နေရင် သံပရာရည်၊ သံလွင်ဆီ၊ ဆားတို့ကို ဆတူရောပြီး မည်းညစ်နေတဲ့နေရာတွေကို ညင်သာစွာ ပွတ်ပေးပါ။ ပြန်လည်ဖြူဝင်းလာပါလိမ့်မယ်။
သံပရာမျက်နှာသန့်စင်ဆေး
သံပရာရည်နဲ့ အုန်းရည်ကြည်ကို ရောစပ်ပြီး မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ အုန်းရည်ကြည်က ရေဓာတ်ကို ဖြည့်ဆည်းပေးပြီး သံပရာရည်က အရေပြားမှ အညစ်အကြေးတွေကို သန့်စင်ပေးပါလိမ့်မယ်။
သံပရာချိုင်းလိမ်းရည်
တကယ်လို့များ အိမ်မှာ ချိုင်းလိမ်းတောင့် (Deodorant) ကုန်သွားလို့ဖြစ်စေ၊ အပြင်သွားရင် Deodorant လိမ်းမသွားမိလို့ဖြစ်စေ စိတ်ပူစရာမလိုပါဘူး။ သံပရာရည်ကို ချိုင်းမှာ သုတ်လိမ်းပေးလိုက်ပါ။ သံပရာသီးမှာပါဝင်တဲ့ Citric Acid က အနံ့အသက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ပေးပြီး ချိုင်းကို သံပရာရနံ့ သင်းပျံ့စေပါတယ်။
အခုဆိုရင် သံပရာသီးတစ်လုံးရဲ့ ခေါင်းအစခြေအဆုံး အသုံးဝင်ပုံကို လေ့လာပြီးလောက်ပြီ ထင်ပါ တယ်။ သဘာဝနဲ့ လှပနိုင်ကြပါစေလို့ ဆန္ဒပြုရင်း …
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment