အလှအပကြောင့်ပြောတဲ့အခါ
ချန်လှပ်ထားခဲ့လို့မရတဲ့ အရာလေးတွေရှိပါတယ်။ မိတ်ကပ်၊ Eye Liner, Eye Shadow, မျက်တောင်ကော့ဆေး၊
နှုတ်ခမ်းဆိုးဆေး စတာတွေက တစ်ခုချင်းစီ သူ့နေရာနဲ့သူ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေကြပါတယ်။
အဲဒီအထဲကမှ မိန်းကလေးတွေ အကြိုက်ဆုံးက နှုတ်ခမ်း ဆိုးဆေး။ ဘယ်သူမဆို ဘယ်မိန်းကလေးမဆို
ကြိုက်ကြမှာပါ။ မိတ်ကပ်မလိမ်းဘဲနဲ့ Lotion လောက်သာ လိမ်းပြီး ထွက်ရင်ထွက်မယ်။ နှုတ်ခမ်းဆိုးဆေးတော့
နည်းနည်းဆေးဆိုးလိုက်ရမှ ကျေနပ်သွားကြ သူတွေချည်းပါပဲ။ အဲဒီတော့ နှုတ်ခမ်းဆိုးဆေးနဲ့
ပတ်သက်ပြီး သိသင့်သိထိုက်ဖွယ်ရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
- ကိုယ့်ရဲ့နှုတ်ခမ်းသားမှာ
နှုတ်ခမ်းဆိုးဆေးကို အချိန်ကြာကြာ စွဲကျန်ရစ်နေစေဖို့အတွက် နှုတ်ခမ်းကို မဆိုး ခင်မှာ
လက်ဖမိုးပေါ် အရင်တင်ပြီးမှ Brush အသေးစားလေး အသုံးပြုပြီး ဆိုးပေးပါ။
- အရောင်များကို
တစ်ရောင်နဲ့တစ်ရောင် ရောစပ်ပြီး အသုံးပြုကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။
- နှုတ်ခမ်းကို
Lip Pencil နဲ့ ပုံဖော်ရတာ အခက်တွေ့နေသူတွေ၊ တစ်ခါမှ ပုံမဖော်ဖူးသူတွေအနေနဲ့ အခြေခံအကျဆုံး
လုပ်ရမယ့်အချက်က ကိုယ်ပုံဖော်မယ့် နှုတ်ခမ်းသားတစ်လျှောက် Lip Pencil နဲ့ ဦးဆုံး အစက်ကလေးတွေ
ချပေးဖို့ ဖြစ်ပါတယ်။
- နှုတ်ခမ်းဆိုးဆေးများ
မပျံ့နှံ့သွားစေဖို့အတွက် ဦးစွာ (Lip Stick) ကို အသုံးပြုပါ။ ပြီးမှ နှုတ်ခမ်းသားအနားသပ်
မျဉ်းလေးတွေကို ပုံဖော်ရေး ဆွဲပေးပါ။
- နှုတ်ခမ်းသားပါးနေသူများ
ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ရွှန်းစိုတဲ့ နှုတ်ခမ်းသားတစ်စုံ ပိုင်ဆိုင်ဖို့အတွက် အရေပြားအလှအပ
ခွဲစိတ်မှုတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်နှုတ်ခမ်းသားအရောင်နဲ့ အနီးစပ်ဆုံးဆင်တဲ့
သဘာဝရောင် Lip Pencil ကို အရင်သုံးပြီး ပုံဖော်ပါ။ ပြီးမှ ကိုယ်နှစ်သက်တဲ့ နှုတ်ခမ်းဆိုးဆေးကို
အသုံးပြုပါ။ လေးကိုင်းသဏ္ဍာန် အထက်နှုတ်ခမ်းကို ဦးစားပေးပြီး ခြယ်သပါ။ နောက်ဆုံးကျမှ ရွှန်းစို
တောက်ပသွားစေမယ့် Lip Gloss ကို အသုံးပြုလိုက်ပါ။ နှုတ်ခမ်းသားလေး ပိုပြီးကြီးသွားသယောင်
ဖြစ်လာပါလိမ့်မယ်။
- ခြောက်သွေ့တဲ့
နှုတ်ခမ်းဆိုးဆေး အသုံးပြုတတ်တဲ့ ပျိုမေများအနေနဲ့ မဆိုးခင် လက်ဖမိုးပေါ်မှာ အလှဆီနဲ့
နှုတ်ခမ်းဆိုးဆေးကို ရောစပ်ပြီးမှဆိုးပါ။ နှုတ်ခမ်းသားလေးက နူးညံ့ပြီး ရေဓာတ် ပိုမိုပြည့်ဝနေပါလိမ့်မယ်။
- နှုတ်ခမ်းဆိုးတဲ့အခါမှာလည်း
တိကျသေချာပြီး လိုသလို ပုံသွင်းနိုင်၊ တာရှည်စွဲခံနိုင်စေဖို့အတွက် ဘရပ်ရှ်လေး အသုံးပြုပေးပါ။
- နှုတ်ခမ်းဆိုးဆေး
အသုံးပြုတဲ့အခါ သွားမှာပါ ပေကျန်တတ်တဲ့ ပျိုမေများအတွက် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။
နှုတ်ခမ်းဆိုးဆေး အသုံးပြုပြီးသွားတဲ့အခါ လက်ညှိုးကို တစ်ရှုးစအပါးလေးနဲ့ ဖုံးလိုက်ပါ။
နှုတ်ခမ်းကို 'O' ပုံသဏ္ဍာန်လုပ်ပြီး ၄င်းလက်ညှိုးကိုထည်ပြီး နောက်ပြန်ထုတ်လိုက်ပါ။ တစ်ရှုးစမှာ
သွားကိုပေကျန်မယ့် နှုတ်ခမ်းဆိုးဆေးအရောင်များ ကပ်ပါလာပါလိမ့်မယ်။
- တကယ်လို့
နှုတ်ခမ်းခြောက်သွေ့တတ်သူများအနေနဲ့ နှုတ်ခမ်းမဆိုးမီမှာ နှုတ်ခမ်းသားပေါင်းဆေး (Lip
balm) ကို ဆိုးထားပေးပါ။ ၅ မိနစ်ခန့်လောက်ကြာမှ နှုတ်ခမ်းဆိုးဆေးအရောင်ကို အပေါ်ယံကနေ
ဆိုးပေးလိုက်ပါ။
- ဖန်ခွက်တို့လိုမျိုးမှာ
ရေသောက်တဲ့အခါ နှုတ်ခမ်းဆိုးဆေးတွေ ပေကျံတတ်တာ သဘာဝပါပဲ။ အဲဒီအတွက် ဖန်ခွက်နှုတ်ခမ်းသားလေးကို
ရေနဲ့ဖြစ်စေ ဒါမှမဟုတ် လျှာလေးဖြင့် လျှို့ဝှက်သပ်လိုက်ပါ။ ဖန်ခွက်မှာ စွန်းထင်ခြင်း
ကင်းသွားပါလိမ့်မယ်။
- နှုတ်ခမ်းဆိုးဆေးက
စွယ်စုံရပစ္စည်းတစ်ခုပါ။ နှုတ်ခမ်းဆိုးဆေးကို လက်ဖမိုးမှာ အရင်ခြယ်သပါ။ ပြီးမှ ကိုယ်ခြယ်သချင်တဲ့
ပါးရိုး၊ မျက်ခွံတို့ကို လိုအပ်သလို ပုံသွင်းခြယ်သပေးနိုင်ပါတယ်။
- နှုတ်ခမ်းဆိုးဆေးကို
တာရှည်ခံစေဖို့အတွက် နှုတ်ခမ်းမှာဆိုးပြီးတဲ့အခါ Translucent ပေါင်ဒါလေးခပ်ပါးပါး လိမ်းထားပေးနိုင်ပါတယ်။
- နှုတ်ခမ်းဆိုးတဲ့အခါ
သတိပြုရမယ့် စည်းမျဉ်းကတော့ အသားအရေက ပိုပြီးညိုမှောင်လေ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်နဲ့ပိုပြီး
လိုက်ဖက်လေပဲ ဖြစ်ပါတယ်။
- Lip
Stick ကနေ Lip Tint အဖြစ် အသွင်ကူးပြောင်းသွားစေဖို့ Vaseline ကို အနည်းငယ်ရောစပ်ပြီး
အသုံးပြုပေးနိုင်ပါတယ်။
- ညီညာချောမွေ့တဲ့
နှုတ်ခမ်းသားနဲ့ နှုတ်ခမ်းဆိုးဆေးအရောင်လေးရရှိစေဖို့အတွက် သွားပွတ်တံဖြင့် သံလွင်ဆီနဲ့
နှုတ်ခမ်းသားလေးတွေကို ညင်သာစွာ ပွတ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းက နှုတ်ခမ်းသားအဖတ်များ
ကွာကျခြင်းမှ ကင်းစေတဲ့အပြင် သဘာဝအတိုင်း ပန်းနုရောင်နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်စေမှာ
ဖြစ်ပါတယ်။
- ထင်ရှားပေါ်လွင်တဲ့
နှုတ်ခမ်းလေးတစ်စုံရရှိဖို့အတွက်ကတော့ နှုတ်ခမ်းအနားသတ်တစ်လျှောက်ကို Conceater (အပြစ်အနာအဆာတွေကို
ဖုံးဖိပေးတဲ့ မိတ်ကပ်) ဖြင့် ပုံဖော်ပေးပါ။
-
နောက်ဆုံးအနေနဲ့ အကြံပြုချက်ကတော့ ကိုယ့်အသားအရေအတွက်သုံးတဲ့ အလှအပပစ္စည်း၊ နှုတ်ခမ်းဆိုးဆေးဖြစ်စေ
ဘယ်တော့မှ မျှဝေမသုံးစွဲပါနဲ့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment