လူတစ်ကိုယ်
အကြိုက်တစ်မျိုးစီပါ။ တချို့အမျိုးသမီးတွေက မိတ်ကပ်မလိမ်းရ မနေနိုင်ဘူး။ တချို့ကျ ပြန်တော့
နှုတ်ခမ်းဆိုးဆေးက အရေးကြီးတယ်။ တချို့တွေက Eye Liner, Mascara မသုံးရ မနေနိုင် စသည်ဖြင့်ပေါ့။
အဲဒီအထဲကမှ အမျိုးသမီးတို့ အသည်းစွဲမျက်တောင်ကော့ကား Mascara လေးတွေ အကြောင်း ပြောပြပေးသွားပါမယ်။
Mascara
ဆိုတာ အခုခေတ်မှ တီထွင်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးလို့ လူတွေက သတ်မှတ်ထားကြပေမယ့်
တကယ်တမ်းတော့ Mascara က လွန်ခဲ့တဲ့ ဘီစီ ၄၀၀၀ လောက်ကတည်းက ရှေးအီဂျစ် အမျိုးသားရော
အမျိုးသမီးပါ သုံးစွဲခဲ့ကြတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဲဒါဆို Mascara နဲ့ ပတ်သက်ပြီး
မသိထားတာတွေ ဘာရှိထားသလဲ။ မသိထားတာလေးတွေ သိနိုင်စေဖို့ ရှာရှာဖွေဖွေ ဖော်ပြပေးလိုက်ရပါတယ်။
လက်ရှိ Mascara ကို ထည့်သွင်းဖန်တီးခဲ့သူ
Mascara
က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတဲ့ပစ္စည်းဆိုပေမယ့် ယခုလက်ရှိ စွဲမက်ဖွယ်ဒီဇိုင်းလေးတွေအဖြစ်
တီထွင်ဖန်တီးလိုက်သူကတော့ ပြင်သစ်ရေမွှေးပညာရှင် Eugene Rimmel ဖြစ်ပါတယ်။ ၁၈၃၀ နှစ်များဝန်းကျင်လောက်ကတည်းက
Rimmel ဆိုတဲ့ Mascara က နိုင်ငံအနှံ့ကို ဘာသာစကားပေါင်းမျိုးစုံနဲ့ ရောက်ရှိပျံ့နှံ့ခဲ့တဲ့
ပစ္စည်းဖြစ်ပါတယ်။
သုံးလခန့်အကြာ
Mascara
ဆိုတာ အလှကုန်ပစ္စည်းတွေများစွာထဲမှာ သက်တမ်းအတိုဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Mascara
ရဲ့ဂုဏ်သတ္တိက သုံးလသာကြာရှည်ခံပါတယ်။ အဲဒါကြောင့် သက်တမ်း(၃)လထက် ကျော်လွန်နေတဲ့ Mascara
တွေကို ရှောင်ရှားကာ နူးညံ့လှတဲ့ မျက်လုံးကျန်းမာရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။
Mascara မဖျက်ဘဲ အိပ်စက်မိတဲ့အခါ
မိတ်ကပ်အကြွင်းအကျန်တွေနဲ့
အိပ်စက်ခြင်းက အရေပြားအတွက် မကောင်းတဲ့ပြဿနာတစ်ခု ဖြစ်သလို Mascars မဖျက်ဘဲ အိပ်စက်ခြင်းကလည်း
Hair Spray ကဲ့သို့ မျက်တောင်များကို တောင့်တင်းသွားစေပါတယ်။ အိပ်စက်တဲ့အခါ ပါဝင်တဲ့ဓာတုပစ္စည်းတွေကြောင့်
မျက်တောင်ကျိုးဖို့ အလားအလာပိုပြီး များလာပါတော့တယ်။
မာကျူရီပါဝင်ပါတယ်
စိတ်ပူစရာတော့
မရှိပါဘူး။ မပြောပလောက်တဲ့ ပမာဏလေးက မထိခိုက်စေနိုင်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့
အချက်ကလေးတစ်ခုကတော့ တခြားသောမိတ်ကပ်အသုံးအဆောင် အလှကုန်တွေမှာ မာကျူရီကို ထည့်သွင်းဖို့
တားမြစ်ထားပြီး Mascara မှာတော့ ထည့်သွင်းအသုံးပြုခွင့် ရထားခြင်းပဲဖြစ်ပါတယ်။
ငါးအကြေးခွံ ပါဝင်ပါတယ်
Mascara
အများစုမှာ Guanine လို့ခေါ်တဲ့ ငါးအကြေးခွံ ပါဝင်ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ဒီပစ္စည်းက
Mascara မှာတင်မက အခြားသော မိတ်ကပ်အသုံးအဆောင်တွေမှာပါ တောက်ပစေဖို့ ထည့်သွင်းအသုံးပြုထားတဲ့
ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုတဲ့အခါ သတိထားရမယ့်အချက်က
Mascara
အသုံးပြုတဲ့အခါ အရေးကြီးဆုံး သတိထားရမယ့်အချက်ကတော့ လက်တည်ငြိမ်ဖို့ပဲ ဖြစ်ပါတယ်။ American
Food and Drug Administration ရဲ့ထုတ်ပြန်ချက်အရ ဆေးရုံဆေးခန်းအများစုမှာ လာပြတဲ့ မျက်စိဝေဒနာရှင်
အမျိုးသမီးအများစုက Mascara အသုံးပြုရင်း မျက်လုံးကို ထိခိုက်မိခဲ့တာပါတဲ့။
အရေးကြီးဆုံးအချက်က
Mascara
ဝယ်ယူသုံးစွဲတဲ့အခါ စိတ်ချရတဲ့ Mascara ကို ရွေးချယ်ဝယ်ယူ သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။
၁၉၃၀ နှစ်များဝန်းကျင်လောက်က အမေရိကဈေးကွက်မှာ Lash Lore ဆိုတဲ့ Mascara တစ်မျိုးရှိခဲ့ပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာ ဒီထဲက ပါဝင်ပစ္စည်းတစ်မျိုးကြောင့် အမျိုးသမီးများစွာ မျက်စိကန်းခဲ့ရတဲ့အတွက်
ဖျက်သိမ်းပစ်ခဲ့ရပါတယ်။
ထူးထူးဆန်းဆန်းဖြစ်ပေါ်တဲ့အချက်
အမျိုးသမီးအများစု
သတိထားမိမလား မသိဘူး။ မျက်တောင်မှာ Mascara သုံးနေတဲ့အချိန် မျက်နှာပြင်ပေါ်က ဖော်ပြချက်ကို
Mascara သုံးစွဲနေတဲ့အခါ ပါးစပ်ကို အနည်းငယ်ဟထားတတ်ကြပါတယ်။ ဒါက မျက်တောင်ခတ်ခြင်း
မဖြစ်စေဘူး။ မျက်လုံးကို ကြာကြာဖွင့်နေစေတယ်ဆိုပြီး အမျိုးသမီးအများစု လက်ခံထားတဲ့အချက်
ဖြစ်ပါတယ်။
Mascara လောကရဲ့ ဦးဆောင်ဘုရင်
Mascara
ကို Tube ဘူးလေးတွေ၊ ဘရပ်ရှ်ပုံစံလေးတွေနဲ့ ပထမဦးဆုံး ထုတ်လုပ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီကတော့
Revlon ဖြစ်ပါတယ်။ Revlon က ရောင်စုံ Mascara တွေကိုလည်း ပထမဦးဆုံး ထုတ်လုပ်ခွင့်ရခဲ့သူ
ဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment