My Princess Clinic










Q.     ကုသမှုခံယူပြီးတော့မှ တစ်စုံတစ်ရာ အဆင်မပြေတာတွေကြောင့် ပြန်လာရတာမျိုး ရှိပါသလား။
A.       မရှိသလောက်ကို ရှားပါတယ်။ ကျွန်တော်တို့က Laser Injection တို့ လုပ်ပေးတော့မယ်ဆိုရင် အရင်ဆုံး ထုံဆေးကို (၄၅) မိနစ်လောက် လိမ်းပေးထားပါတယ်။ ထုံဆေးအာနိသင်ရပြီဆိုမှ ကုသပေး တာပါ။ ကုသပေးနေစဉ်မှာလည်း ရေခဲ(Ice Pack) နဲ့ကပ်ပြီး လုပ်ပေးတာဆိုတော့ Costumer အတွက် မနာကျင်ဘဲ သက်သောင့်သက်သာလည်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာသုံးတဲ့ Product တွေအားလုံးက လည်း Quality ကောင်းတာတွေပဲသုံးတော့ အပြည့်အဝ စိတ်ချရပါတယ်။ Customer ဘက်ကလည်း ငွေကုန်သလောက် ကျွန်တော်တို့ဘက်ကလည်း စိတ်ကျေနပ်မှု အပြည့်အဝပေးထားပါတယ်။

Q.     အသက်ကြီးပိုင်းတွေ ထွက်တဲ့ တင်းတိပ်မှဲ့ခြောက်တွေကိုရော အရှင်းပျောက်အောင် ဘယ်လိုကုသပေးပါသလဲ။
A.       အသက်ကြီးပိုင်းတွေကျတော့ ဟိုမုန်းအပြောင်းအလဲကြောင့်ရော၊ နေဒဏ်၊ လေဒဏ်တွေကြောင့်ရော၊ Stress တွေကြောင့်ရော နောက်ပြီး အစားအစာတွေကြောင့် တင်းတိပ်မှဲ့ခြောက်တွေ ထွက်လာတတ်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ဆီမှာ Laser နဲ့ကုသပေးလို့ ရပါတယ်။ တင်းတိပ်မှဲ့ခြောက်တွေက ပါးပါးလေးဆိုရင်တော့ (၃-၄) ခေါက်နဲ့ အရှင်းပျောက်နိုင်ပါတယ်။ အရမ်းထူရင်တော့ (၁၀) ခေါက်အထက် ကုသပေးရပါမယ်။ Stress ကိုလည်း နည်းနိုင်သမျှနည်းအောင် နေထိုင်သင့်ပါတယ်။ အပြင်ထွက်ရင်လည်း SPF ကို (၅၀) နှင့်အထက် ပြီးတော့ PA+++ ပါတာမျိုးတွေကို လိမ်းပေးသင့်ပါတယ်။

Q.     ဒီလို ကုသမှုခံယူပြီးတဲ့သူတွေကကော စားသောက်နေထိုင်မှုတွေမှာ Effect ရှိပါသလား။ ဒါလုပ်ထားတဲ့သူက ဘာစားရင်တော့ တစ်ခုခုဖြစ်မယ်ဆိုတာမျိုး၊ ဥပမာ- နှလုံးစက် ထည့်ထားတဲ့သူက Microwave နား မသွားရဘူးဆိုတာတွေရော ရှိပါသလား။

A.       ရှိပါတယ်။ Facial Treatment တွေလုပ်ရင်သုံးတဲ့ စက်တချို့တွေက Radio Frequency သုံးထားတယ်။ ဒီလို Treatment တွေက Place Maker ထည့်ထားတဲ့သူမျိုးဆိုရင်တော့ မလုပ်ပေးပါဘူး။ Botox ထိုးထားတဲ့သူမျိုးဆိုရင်လည်း Radio Frequency ထိမိရင် Botox ရဲ့ Effect မြန်မြန်ကုန်လွယ်တယ်။  အဓိကကတော့ ဒီလောက်ပါပဲ။ ကျန်တာကတော့ Life Style နဲ့ Effect သိပ်မရှိပါဘူး။

Q.     ရင်သားမှာ Silicon ထည့်တာနဲ့ပတ်သက်ပြီးတော့ အချိန်တွေကြာလာတာနဲ့ Silicon နေရာရွေ့လာတယ်ဆိုတာ ကြားဖူးတယ်။ ဒီတော့ ပြန်ပြီး ဆေးထိုးတာတို့ Laser နဲ့လုပ်တာတို့ လုပ်ရပါသလား။
A.       ဆေးထိုးတာတို့ Laser နဲ့လုပ်တာတို့က Surgery မဟုတ်ပါဘူး။ အဲဒီတော့ ဒီလိုမျိုး Surgery Side ရဲ့ Effect တွေ လုံးဝမရှိပါဘူး။ အစ်မပြောတဲ့ Silicon နေရာရွေ့တာတို့ကလည်း ဟိုးအရင်တုန်းကတော့ ဖြစ်လေ့ရှိပါတယ်။ အခုနောက်ပိုင်း နည်းပညာတွေက အရမ်းတိုးတက်လာပါပြီ။ Plastic Surgeon တွေလည်း အရမ်းကို အပြိုင်အဆိုင် တော်လာကြပါတယ်။ သုံးလာတဲ့ Silicon တွေကလည်း Quality ကောင်းတာ တွေသုံးလာတော့ Side Effect တွေက အရမ်းကို ရှားသွားပါပြီ။

Q.      Botox ထဲမှာကော ဘာတွေပါပါသလဲ။ ပြီးတော့ Botox ကို ဘာအတွက်ထိုးရပါသလဲ၊ ရှင်းပြပေးပါဦး
A.       Botox  ဆိုတာကတော့ Botulinium Toxin ဆိုတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ မျက်နှာပေါ်မှာ တွန့်နေတဲ့ အရေးအကြောင်းတွေကို ဖျောက်ပေးနိုင်ပါတယ်။ ပြီးတော့ ကြီးနေတဲ့ Muscle တွေကို သေးသွားအောင် လုပ်ပေးနိုင်ပါတယ်။ အသက်ကြီးပိုင်းမှာ တွေ့ရတတ်တဲ့ နဖူးပေါ်က အရေးအကြောင်းတွေ၊ နှာခေါင်းအပေါ်နဲ့ မျက်ခုံးမွေးနှစ်ခုကြားက အရေးအကြောင်းတွေ၊ Crow’s Feet လို့ခေါ်တဲ့ မျက်လုံးအရေးအကြောင်းစတဲ့ နေရာတွေကို ထိုးပေးရပါတယ်။ ပြီးတော့ လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ မျက်နှာ V-Shape ပုံစံ လိုချင်လည်း Botox ထိုးလို့ရပါတယ်။ သူကတော့ ပါးရိုးနားက Messeter Muscel ကို Botox ထိုးလိုက်ရင် အဲဒီ Muscel က သိသိသာသာသေးသွားပြီး မျက်နှာက သွယ်သွယ်လေး V-Shape ဖြစ်သွားပါတယ်။ နောက် ခြေသလုံးတုတ်တဲ့သူတွေအတွက်လည်း ခြေသလုံးသွယ်သွားအောင် Botox ကို Calf Muscle မှာ ထိုးလို့ ရပါတယ်။ ဂျိုင်းချွေးအရမ်းထွက်ပြီး ချွေးနံ့ထွက်သူတွေဆိုလည်း ဂျိုင်းမှာ Botox ထိုးလိုက်ရင် ဂျိုင်းချွေးအထွက် နည်းသွားပါတယ်။ Botox ကတော့ (၆) လကို တစ်ကြိမ် ထိုးပေးရပါတယ်။ ပုံမှန်ထိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ မထိုးဖြစ်တော့ရင်လည်း နဂိုအသားအရေအတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ ပိုဆိုးသွားတာမျိုး မရှိပါဘူး။ ဈေးကွက်ထဲမှာတော့ Brand တွေ အများကြီး ရှိပါတယ်။ သုံးမယ်ဆိုရင်တော့ USA ကထုတ်တဲ့ Quality ကောင်းတဲ့ Brand တွေကိုပဲ သုံးစေချင်ပါတယ်။

Q.     Botox ထိုးပြီးမှ ဓာတ်မတည့်တာမျိုးတွေကော ရှိပါသလား။
A.       အဲဒီလိုမျိုး ဆိုးဆိုးရွားရွား ဖြစ်တာမျိုးတွေ မရှိပါဘူး။ (၁၀) ယောက်မှာ (၁) ယောက်လောက်ပဲ ထိုးပြီးရင် (၁) ရက် (၂) ရက်လောက် ခေါင်းကိုက်တာမျိုး၊ မျက်နှာနည်းနည်း တင်းတာမျိုးတွေလောက်ပဲ ဖြစ်တတ်တာပါ။ အဲဒီလိုဖြစ်တာလည်း ရှားပါတယ်။

Q.     ဒီလိုကုသမှုတွေနဲ့ပတ်သက်ပြီးတော့ ကောင်းကျိုး၊ ဆိုးကျိုးလေးတွေကိုလည်း ခွဲခြားပေးပါဦး။
A.       ဟုတ်ကဲ့။ ဘယ်အရာမဆို ကောင်းကျိုး၊ ဆိုးကျိုးကတော့ ရှိပါတယ်။ ကိုယ်က ကောင်းကျိုးများပြီး ဆိုးကျိုးနည်းတာကို ရွေးပြီး လုပ်နိုင်ဖို့သာ အဓိကကျပါတယ်။ ပါရာစီတမောဆို ရေရှည်သောက်ရင် အစာအိမ်ထိခိုက်တယ်။ တော်တော်များများလည်း သိကြတယ်။ အဲဒါကိုပဲ လူတိုင်းလိုလို သောက်နေကြတယ်။ ဒါပေမယ့် Quality Control လုပ်ထားတဲ့ Product တွေကတော့ ဆိုးကျိုးအရမ်းနည်းပါတယ်။ ကျွန်တော်တို့ Clinic မှာကတော့ Quality Control ကို အဓိကထားပါတယ်။

Q.     နှာခေါင်းပြုပြင်တာကိုကျတော့ ဆေးထိုးပြီးပြုပြင်တာနဲ့ ခွဲစိတ်ပြီးပြုပြင်တာဆိုပြီး (၂) မျိုးရှိတယ်နော်၊ ရှင်းပြပေးပါဦး။
A.       ခွဲစိတ်တာကတော့ Silicon က Quality ကောင်းရင် ရာသက်ပန်အာမခံပါတယ်။ ဆေးထိုးတာကျတော့ Hyaluronic Acid Gel ကို နှာတံလေးပေါ်လာအောင် ထိုးထည့်လိုက်ပြီး ပုံသွင်းပေးရတာပါ။ ထိုးပြီး (၂) ပတ်လောက်အထိကို ကိုယ်လိုသလို ပုံသွင်းလို့ရပါတယ်။ ခွဲစိတ်စရာတော့ မလိုဘူးပေါ့။ Hyaluronic Acid Gel ကတော့ (၁) နှစ်ကနေ (၁) နှစ်ခွဲလောက်အထိ တာရှည်ခံပါတယ်။
Q.     My Princess Clinic က ဆိုင်ခွဲရှိလား၊ နယ်တွေမှာကော ဆိုင်ခွဲရှိသေးလား။
A.       ဆိုင်ခွဲကတော့ မဖွင့်ဖြစ်သေးပါဘူး။ နယ်တွေမှာလည်း မရှိသေးပါဘူး။ နောက်နှစ်လောက်ဆိုရင် ဆိုင်ခွဲဖွင့်ဖို့တော့ Plan ရှိပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment