အစ်မက အရမ်းအောင်မြင်နေလို့ ကိုယ်ကလိုက်ပြီးအောင်မြင်ချင်တဲ့စိတ်နဲ့
အနုပညာလောကထဲ ၀င်လာတာမဟုတ်ဘူး။ ..................... ငွေမှုံရတီ
ညီမလေးငွေမှုံကတော့ ဒီအနုပညာလုပ်ငန်းကို
စိတ်ပါဝင်စားလို့ ပါဝင်ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် မမရွှေမှုံကို အားကျလို့လား။
ညီမ ဒီအနုပညာလုပ်ငန်းကို ငယ်ငယ်လေးကတည်းက
ဝါသနာပါခဲ့လို့ပါ။ သူအရမ်းအောင်မြင်နေလို့ ကိုယ်လိုက်ပြီး အောင်မြင်ချင်တယ်ဆိုတဲ့စိတ်နဲ့မဟုတ်ပါဘူး။
ညီမက ဒီအနုပညာအလုပ်ထဲမှာမှ ဘယ်အပိုင်းကိုစိတ်အ၀င်စားဆုံးလဲ။
သရုပ်ဆောင်ပိုင်းကိုလား၊ မော်ဒယ် လုပ်ရတာကို လား၊ ဒါမှမဟုတ် သီချင်းဆိုတာကိုလား။
သီချင်းဆိုတဲ့အပိုင်းကိုလည်း စိတ်ဝင်စားတယ်။
သရုပ်ဆောင်ပိုင်းကိုလည်း စိတ်ဝင်စားပါတယ်။ ပြောရရင်တော့ အနုပညာနဲ့ဆိုင်တဲ့ အလုပ်မှန်သမျှကို
စိတ်ဝင်စားမှုရှိပါတယ်။
ညီမပါဝင်လှုပ်ရှားပြီးသွားတဲ့ အနုပညာလှုပ်ရှားမှုလေးတွေရှိရင်လည်း
ပြောပြပေးပါဦး။
ညီမ အခုမဂ္ဂဇင်းတွေလည်း ရိုက်ထားတယ်။ ရှိုးပွဲလည်းလျှောက်ထားတယ်။
လောလောဆယ်တော့ အဲဒါတွေပဲလုပ်ဖြစ်နေပါတယ်။
ငွေမှုံရဲ့အစ်မ ရွှေမှုံသရုပ်ဆောင်ထားတာလေးတွေကို
ပြန်ကြည့်ပြီးတော့ ဘယ်အစိတ်အပိုင်းတွေ၊ ဘယ်နေရာ တွေကို သဘောကျလဲ။
အကုန်လုံးကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူက သရုပ်ဆောင်အရမ်းကောင်းတယ်လေ။ အဲဒီအတွက်ကြောင့် ပြောစရာမရှိအောင်ကို ကြိုက်ပါတယ်။
ညီမလေးဓာတ်ပုံရိုက်တဲ့ Pose တွေ၊ သရုပ်ဆောင်တဲ့ပုံစံတွေ၊
ရှိုးလျှောက်ပုံတွေကို သင်ကြားပြသပေးခဲ့တဲ့ ညီမလေးရဲ့ လက်ဦးဆရာက ဘယ်သူပါလဲ။
အဲလိုတော့ မရှိပါဘူး။ အစ်မဆီက သင်ယူတာတော့
များတာပေါ့နော်။ အကုန်လုံးကတော့ ဖေးဖေး မမနဲ့ သင်ကြားပေးကြတယ်။ အားလုံးက လက်ဦးဆရာပါပဲ။
ငွေမှုံအနုပညာအလုပ်တွေထဲ စ၀င်မယ်ဆိုတော့
ဘာတွေကို ပြုပြင်ပြောင်းလဲခဲ့ရလဲ။ ဘာတွေကို ပြင်ဆင် ခဲ့ရပါသလဲ။
အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာပေါ့နော်။ ငွေမှုံက
အရင်တုန်းကဒီလောက် မပိန်ဘူး။ အခုဝိတ်ချထားတာ။ အရင်တုန်းကဆို ညီမဆံပင်ကလည်း အရှည်ကြီးပဲ။
ဖြတ်လိုက်တာ။ အလှအပအတွက်လည်း ထိန်းသိမ်းခဲ့ ရတယ်။ ညီမက ဆံပင်ကိုတော်တော်တန်ဖိုးထားတာ။
အသားအရေဆိုလည်း တတ်နိုင်သလောက် နေရောင် အထိမခံဘဲနေတယ်။ Lotion လိမ်းပါတယ်။
အစ်မတို့ရဲ့ ဒီ Cover Story မှာ ညီအစ်မနှစ်ယောက်တွဲပြီး
ပါဝင်ခဲ့ရတဲ့အပေါ် ညီမလေးငွေမှုံရဲ့ ခံစားချက် လေးကိုလည်း ပြောပြပေးပါဦး။
ဟုတ်၊ အရမ်းပျော်ပါတယ်။ အစ်မနဲ့လည်း တွဲရိုက်ရတော့
ပျော်ဖို့ကောင်းတယ်။ ပြီးတော့ အဲဒီ ပုံလေးတွေကလည်း အရမ်းမိုက်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း
ရိုက်ချင်စိတ်ရှိတော့ ပိုကောင်းသွားတာပေါ့။
ရွှေမှုံ၊ ငွေမှုံ နာမည်လေးတွေက ဆင်တူလေးတွေဆိုတော့
ပရိသတ်တွေက စိတ်ဝင်စားကြတယ်။ ဒါနာမည်အရင်းလေးတွေလား။
ဟုတ်၊ အဲဒါကတော့ အနုပညာနာမည်ပါ။ နာမည်ရင်းက
ရှိတော့ ရှိပါတယ်။ ဒါကတော့ ကျောင်းမှာပဲ သုံးတာပါ။
နောက်ပြီး ညီမလေးပရိသတ်တွေကို ပြောချင်တာလေးတွေ ရှိရင်လည်း
ပြောပြပေးပါဦး။
အားလုံးပဲ ငွေမှုံကို အားပေးကြပါလို့။ ငွေမှုံဆက်ပြီးတော့
ကြိုးစားသွားပါမယ်လို့။ ကျေးဇူးတင်ပါတယ်။
ကျောင်းပညာရေးကိုလည်း မလစ်ဟင်းစေဘဲ ၀ါသနာပါရာ
အနုပညာအလုပ်ကို တစ်ဖက်တစ်လမ်းက လှုပ်ရှားနေတဲ့ ငွေကြယ်ပွင့်အသစ်လေး ငွေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတွေကို
တီဗီဖန်သားပြင်ပေါ်မှာ ပရိသတ်ကြီးစောင့် မျှော်ကြည့်ရှုကြပါဦးလို့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment