အလှအပဆိုတာ
ပြင်ပကနေ လိမ်းခြယ်နေရုံနဲ့ မရပါဘူး။ ဇရာဆိုတာကလည်း ပြင်ပကနေ ဖုံးဖိ ကွယ်ဖျောက်လို့
မရပါဘူး။ လူတစ်ယောက် အထူးသဖြင့် အမျိုးသမီးတစ်ယောက်က အသက်အရွယ် ရလာတာနဲ့အမျှ အလှအပတွေက
ယိုယွင်းပျက်စီးလာပါတယ်။ အဲဒီအခါ အလှအပကို ပြင်ပကနေ အားဖြည့် ပေးတာထက် မသိစိတ်ကနေ ထောက်ပံ့ပေးရမယ့်
မရှိမဖြစ် လိုအပ်ချက်လေးတွေ ရှိနေပါတယ်။ အဲဒါဘာလေး တွေများဖြစ်မလဲ …
ကိုယ်နဲ့ကိုက်ညီတဲ့ အသားအရေထိန်းသိမ်းမှု
အသက်
၃၀ ကျော်အမျိုးသမီးတွေအနေနဲ့ ဘဝမှာမရှိမဖြစ် အခြေခံဆောင်ထားရမယ့် အရာထဲက တစ်ခုကတော့
ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာတော့
ကိုယ်တိုင်မကြုံဖူးသေးတဲ့ဇရာကို ထည့်သွင်းမစဉ်းစားကြတာ သဘာဝပါ။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ
အသားအရေက ပျက်စီးစပြုလာပါပြီ။ ဒါကြောင့် ကိုယ့်အသား အရေနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းပစ္စည်းက
အဓိကအရေးကြီးဆုံးပါပဲ။
ဘဝအတွက် ရည်ရွယ်ချက် အစီအစဉ်စာရင်း
မိန်းကလေးမှ
မဟုတ်ပါဘူး။ ယောက်ျားလေးတွေပါ ကိုယ်ဘာလုပ်နေတယ် ကိုယ်ဘယ်သွားနေ တယ်ဆိုတာ သိရှိရမယ့်
အစီအစဉ်တစ်ခု လိုအပ်ပါတယ်။ ငယ်စဉ်က ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ရှိခဲ့ပေမယ့် အသက်အရွယ်နဲ့အတူ
ဦးတည်ရာလမ်းကြောင်းတွေ ပြောင်းလဲသွားတဲ့အခါမှာ ၄င်းလမ်းကြောင်းကို ဆက်ပြီး ဦးတည်ပေးဖို့
အစီအစဉ်တွေ အိပ်မက်စာရင်းတွေ လိုအပ်ပါတယ်။ ဒါက ကိုယ်ရောက်ရှိနေတဲ့ နေရာကနေ ရှေ့ဆက်တိုးဖို့
ခွန်အားတစ်ခုဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရစေမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
ကိုယ့်အကြိုက်ဆုံး စားသောက်ဆိုင်စာရင်း
အသက်အရွယ်ရလာတဲ့အခါ
စိတ်တွေက ငယ်စဉ်ကလို မဟုတ်တော့ပါဘူး။ သွားချင်တာနဲ့ ထသွားလို့ မရသလို လုပ်ချင်တာကို
မစဉ်းစားဘဲလုပ်လိုက်လို့ မရပါဘူး။ အဲဒီအတွက် သူငယ်ချင်းမိတ်ဆွေ တစ်စုံ တစ်ယောက်ကို
အပြင်ထွက် စားသောက်တဲ့အခါ ဘယ်ဆိုင်သွားမယ် ဘယ်ကိုသွားမယ်ဆိုတာ စဉ်းစား နေတာထက် ကိုယ်နှစ်သက်တဲ့
စားသောက်ဆိုင်စာရင်းလေးတွေ စာရင်းလုပ်ထားဖို့ လိုအပ်ပါတယ်။
အတွင်းခံလှလှတစ်စုံ
အတွင်းခံကောင်းကောင်းတစ်စုံမှာ
မြုပ်နှံခြင်းကလည်း မိန်းကလေးတိုင်း လုပ်ဆောင်သင့်တဲ့ အချက်တွေထဲကတစ်ခု ဖြစ်ပါတယ်။
ကိုယ်ဘယ်လိုဝတ်ဆင်ထားတယ်ဆိုတာ ဘယ်သူမှမသိနိုင်ပေမယ့် လှပပြီး အရည်အသွေးကောင်းတဲ့ အတွင်းခံတစ်စုံက
မိန်းကလေးတစ်ယောက်ကို ယုံကြည်မှုရှိစေပါတယ်။
ကိုယ်အနှစ်သက်ဆုံးအရောင်လေးတွေ
နောက်ထပ်
အသက်အရွယ်ရလာတဲ့ မိန်းကလေးတွေအနေနဲ့ မရှိမဖြစ်ဆောင်ထားရမှာကတော့ ကိုယ့်စိတ်ကြိုက် အရောင်လေးတွေ
ဖြစ်ပါတယ်။ အသက်အရွယ်တဖြည်းဖြည်းရလာတာနဲ့အမျှ ဘယ်အရောင်က ကိုယ်နဲ့လိုက်ဖက်တယ် ဘယ်အရောင်က
ကိုယ်နဲ့မလိုက်ဘူးဆိုတာ သိဖို့လိုလာပါပြီ။ အဲဒီအတွက် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်နဲ့လိုက်ဖက်မယ့်အရောင်ကို
ရွေးချယ်တတ်ပြီး ၄င်းအရောင်ကို ကျွမ်းကျင်စွာ သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။
ကိုယ်ပိုင်မွှေးရနံ့
အရည်အသွေးကောင်းပြီး
အနံ့ကောင်းကောင်း မွှေးရနံ့ကလည်း အသက်အရွယ်ရတဲ့ မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒါက ကိုယ့်ရဲ့အမှတ်အသားတစ်ခုလည်း ဖြစ်လာနိုင်ပြီး ဒီရေမွှေးဆွတ်ထားတဲ့အခါ လူတွေက ကိုယ့်ကို
သတိထားမိနိုင်မှာဖြစ်ပါတယ်။
စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်း
တစ်ခါတစ်ရံ
စိတ်တွေကျဉ်းကျပ်နေ သောကတွေများနေတဲ့အခါမှာ စိတ်ကိုထွက်ပေါက်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး
ထွက်ပေါက်ပေးဖို့အတွက်ကတော့ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်စိတ်ချနိုင်တဲ့
သူငယ်ချင်းတစ်ယောက်ထက်ပိုတဲ့ သူငယ်ချင်းတစ်စုက မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ မရှိမဖြစ်လိုအပ်ပါတယ်။
အရည်အသွေးကောင်းတဲ့ အိတ်တစ်လုံး
အရည်အသွေးကောင်းပြီး အရွယ်အစားခပ်ကြီးကြီး
အိတ်တစ်လုံးကလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အဖော်မွန်ပါ။ အဲဒီလို
အိတ်ကြီးကြီးထဲမှာ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်မယ့် လက်ဆေးဆပ်ပြာဂျယ်၊ မိတ်ကပ်၊ ပေါင်ဒါ
အစရှိတာတွေက အမျိုးသမီးတစ်ယောက်ရဲ့ အပြင်ပန်းအလှကို ပြည့်စုံလှပစေပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment