ကားပိုင်ရှင်အတော်များများဟာ
သူတို့ကားတွေကို ဆီစားသက်သာအောင်ဘယ်လိုလုပ်ရမလဲ။ တပ်ဆင်စရိတ်လျော့ကျသွားအောင် ဘယ်လိုချွေတာရမလဲဆိုတာတွေကို
စိတ်ဝင်စားတတ်ကြပေမယ့် ဒီကား ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်တွေကို ဘယ်လိုထုတ်ယူရမလဲဆိုတာကိုတော့
မေ့လျော့နေတတ်ကြ ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ သူတို့သတိထားရမှာက ကိုယ့်ကားဆီက အကောင်းဆုံးအရည်အသွေးတွေကို
ကိုယ်တိုင် ထုတ်ယူသုံးစွဲနိုင်တယ်ဆိုတာကိုပါ။ မြင်းကောင်ရေစွမ်းရည်ကို မြှင့်တင်ဖို့၊
အကောင်းဆုံး အမြန်နှုန်း၊ အထူးခြား ဆုံးငြိမ့်ညောင်းမှုတွေရရှိလာဖို့ ကိုယ်တိုင်လုပ်ယူလို့ရတယ်ဆိုတာ
သိထားဖို့လို အပ်ပါတယ်။
အလေးချိန်လျော့ချပါ
မြင်းကောင်ရေစွမ်းအားမြင့်တက်လာပြီး
ပေါ့ပေါ့ပါးပါးရွေ့လျားနိုင်ဖို့ ပထမဆုံးလုပ်သင့်တာကတော့ ကားအလေးချိန်လျော့ချဖို့ပါပဲ။
ကားပေါ်မှာတင်ထားတဲ့ မလိုလားအပ်တဲ့အလေးချိန်တွေကို လျှော့ချလိုက် မယ် ဆိုရင် မလိုအပ်ဘဲ
အရမ်းရုန်းနေရတဲ့အင်ဂျင်ကို သက်သောင့်သက်သာဖြစ်သွားစေမှာဖြစ်သလို အင်ဂျင်စွမ်း ဆောင်ရည်ကိုလည်း
ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။ ဒါဆိုရင် ကားကလည်း သူများတွေနဲ့ယှဉ်ရင် ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့
လျှင်လျှင်မြန်မြန် ရွေ့လျားသွားလာနိုင်မှာပါ။
အိတ်ဇောစနစ်ပြောင်းလဲပါ
အိတ်ဇောစနစ်ကို
အဆင့်မြှင့်တင်လိုက်မယ်ဆိုရင်လည်း မြင်းကောင်ရေအားကို မြင့်တက်လာစေ မှာ ဖြစ်ပါတယ်။ ကားအင်ဂျင်အတွင်းက
ထွက်လာမယ့်မီးခိုးတွေကို လွတ်လွတ်လပ်လပ်ထွက်လာနိုင်ဖို့ ပါဝါ အိတ်ဇောပုံစံ၊ (Free
Flowing Exhaust) အပွင့်ကိုအသုံးပြုရင် ပိုပြီးအဆင်ပြေနိုင်မှာပါ။ အင်ဂျင်အတွင်းက ဖိအားတွေကို
ဒီလိုအိတ်ဇောစနစ်က လျော့ကျသွားစေမှာဖြစ်ပြီး အင်ဂျင်ရဲ့ရုန်းကန်အားကို ပိုပြီးကောင်းလာ
စေမှာလည်း ဖြစ်ပါတယ်။ ကားအတော်များများရဲ့ အင်ဂျင်တွေဟာ အိတ်ဇော အပွင့်အမျိုးအစားနဲ့
လိုက်ဖက်လို့ ဒီအချက်ကလည်း မေ့ထားလို့မရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
လေစစ်တွေကိုဂရုစိုက်ပါ
အင်ဂျင်စွမ်းဆောင်ရည်မြင့်တက်လာစေဖို့
လေစစ်တွေကိုလည်းအထူးဂရုစိုက်ဖို့ လိုအပ်မှာဖြစ်ပါ တယ်။ လေစစ်ကတစ်ဆင့်ဝင် ရောက်လာမယ့်လေက
လောင်စာပေါက်ကွဲဖို့နဲ့ အင်ဂျင်အလုပ်လုပ်နိုင်ဖို အတွက် အရေးကြီးတာကြောင့် လေ၀င်လေထွက်ကောင်းအောင်
လေစစ်ကိုသန့်စင်ခြင်းက မြင်းကောင်ရေ အား မြင့်တက်လာစေဖို့အတွက် အရေးပါတဲ့ကဏ္ဍတစ်ရပ်အနေနဲ့
ပါဝင်နေတာပါ။ လေစစ်က ဖြတ်ဝင်လာ မယ့်လေ၊ ပန့်ကထွက်လာမယ့် လောင်စာ၊ ပလပ်ကထွက်လာမယ့် မီး၊
ဒီသုံးခုအကောင်းဆုံးနဲ့ အဆင်အပြေ ဆုံးတွေ့ဆုံပြီး ပေါက်ကွဲမှုဖြစ်ဖို့နဲ့ Piston မီးကို
အကောင်းဆုံးတွန်းကန်နိုင်ဖို့လေ စစ်ကိုလိုအပ်လာရင် အသစ်လဲဖို့တောင် လိုအပ်ပါတယ်။
Super Changer တွေကို ပစ်မထားပါနဲ့။
ကားအင်ဂျင်ပါဝါကို
မော်ဒီဖိုင်းလုပ်တာကတော့ ထင်သာမြင်သာအရှိဆုံး အင်ဂျင်အဆင့်မြှင့်တင် နည်းဖြစ်ပါတယ်။
ဒါပေမဲ့ Super Changer တပ်ဆင်လိုက်မယ်ဆိုရင် ကားအင်ဂျင်ပါဝါကို သိသိသာသာ မြင့်တက်လာမှာဖြစ်ပေမယ့်
အကုန်အကျများမှာကိုတော့ သတိပြုရမှာပါ။ ဒါ့အပြငှ်ကစနမခ့မေါနမ တပ်ဆင် လိုက်မယ်ဆိုရင်
အခြားအပိုအလုပ်တွေပါ နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။ ဒီစနစ်က လေနဲ့ လောင်စာအားကို
ပိုပြီးပြင်းပြင်းထန်ထန်ပေါက်ကွဲလာအောင် ဖိအားကိုမြှင့်တင်ပေးတဲ့စနစ်ဖြစ်ပြီး ပစ်မထားဘဲ
အမြဲတမ်းဂရုစိုက်ပေးနိုင်မယ်ဆိုရင် ကိုယ့်ကားကို စူပါကားတစ်စီးဖြစ်လာအောင် ကူညီပေးနိုင်မှာ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment