အလှအပဆိုတာ
လူတိုင်းနဲ့ မကင်းပါဘူး။ အလှအပလို့ ပြောလိုက်ရင် အသားအရေ ထိန်းသိမ်း တာတွေ ပါမယ်။ မိတ်ကပ်လိမ်းခြယ်နည်းတွေပါမယ်။
ခေါင်းအစ ခြေအဆုံးပေါ့။ အဲဒါအပြင် အမျိုးသား အမျိုးသမီးတိုင်း လုပ်လေ့လုပ်ထရှိတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့
ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေ ဖယ်ရှားခြင်းဖြစ်ပါတယ်။ ဥပမာ နှုတ်ခမ်းမွေး၊
ချိုင်းမွေး၊ ခြေသလုံးမွေး အစရှိသဖြင့်ပေါ့။ အမွေးအမျှင်တွေ ဖယ်ရှားတာတော့ မှန်ပါရဲ့။
အဲဒီလို ဖယ်ရှားတဲ့အခါ ဖြစ်တတ်တဲ့ သင်တုန်းဓားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ဘယ်လိုပြန်လည်ကုသကြမလဲ။
အဲဒီအတွက် နည်းလမ်းကောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။
မကုတ်ပါနဲ့
ဒီလို
သင်တုန်းဓားဒဏ်ရာတွေအတွက် ပထမဆုံးရှောင်ရှားရမယ့် နည်းလမ်းကောင်းတစ်ခုကတော့ မကုတ်ဖဲ့ဖို့
ဖြစ်ပါတယ်။ ကုတ်ဖဲ့တာက ဒဏ်ရာကို ပိုပြီးကြီးလာစေတဲ့အပြင် အခန့်မသင့်ရင် အမာရွတ်တွေ
ဖြစ်သွားနိုင်ပါတယ်။ ပိုပြီး ဆိုးရွာလာမယ်ဆိုရင် ဒဏ်ရာကို ပိုးဝင်သွားစေနိုင်ပါတယ်။
တစ်ခါသုံးသင်တုန်းဓားကိုသာ
အသုံးပြုပါ
သင်တုန်းဓားတစ်ခုတည်းကို
ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ တုန်းပြီးဆွေးမြေ့နေတဲ့ဓားကို အသုံးပြု ခြင်းက အန္တရာယ်ရှိပါတယ်။
ဒီလို ဓားမျိုးမှာ သံချေးတွေ၊ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေမယ့်အပြင် ၄င်းပစ္စည်းကို
အသုံးပြုတဲ့အတွက် လူ့အရေပြားကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ တုံးနေတဲ့ဓားသွားတွေကြောင့်
ဒဏ်ရာပိုပြီး ဖြစ်လွယ်စေပါတယ်။ အဲဒါကြောင့် တစ်ခါသုံးသင်တုန်းဓားမျိုးကို အသုံးပြုတာက
အကောင်းဆုံးပါ။
မှန်ကန်တဲ့
Shavin Cream ကို အသုံးပြုပေးပါ
အမွေးအမျှင်တွေ
ဖယ်ရှားတဲ့အခါ သင်တုန်းဓားအပြင် နောက်ထပ်သုံးစွဲလေ့ရှိတာကတော့ Shaving Cream ပဲဖြစ်ပါတယ်။
အများစုကတော့ သာမန်ကိုယ်တိုက်ဆပ်ပြာ၊ Shower Jel လိုမျိုးကိုသာ အသုံးပြုကြလေ့ ရှိပါတယ်။
အဲဒီလို ဆပ်ပြာတွေနဲ့ မတူတာက Shaving Cream မှာ အရေပြားရဲ့ အစိုဓာတ်ကို ထောက်ပံ့ပေး
နိုင်တဲ့ joiturczing Agnt ပါဝင်ခြင်းဖြစ်ပါတယ်။ သာမန်ဆပ်ပြာတွေ အသုံးပြုတဲ့အတွက် သင်တုန်းဓားကြောင့်
ဒဏ်ရာဖြစ်တဲ့အခါ ဆပ်ပြာကြောင့် အသားရေကို ယားယံစေပြီး စပ်ဖျဉ်းဖျဉ်းဖြစ် စေပါတယ်။
ချည်သားအတွင်းခံကို ဝတ်ဆင်ပါ
တင်ပါး၊
ပေါင်တို့က အမွေးအမျှင်တွေ ဖယ်ရှားလေ့ရှိတဲ့ အမျိုးသမီး၊ အမျိုးသားတွေအနေနဲ့ ချည် သား
အတွင်းခံ ဝတ်ဆင်ဖို့လိုပါတယ်။ သင်တုန်းဓားဒဏ်ရာကြောင့် အသားအရေက ဒဏ်ရာဖြစ်နေတဲ့ အချိန်မှာ
သာမန်အတွင်းခံဝတ်စုံတွေကြောင့် အရေပြားက လေဝင်လေထွက် မကောင်းတဲ့အတွက် ဒီ ဒဏ်ရာတွေကို
ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ချည်သားအတွင်းခံဝတ်စုံ ဝတ်ဆင်တဲ့အတွက် လေဝင်လေ ထွက်ကောင်းပြီး
အရေပြားက အသက်ရှူရအဆင်ပြေပြီး ချွေးကို ခြောက်သွေ့စေပါတယ်။
အက်စ်ပရင်ဆေးပြား အသုံးပြုပေးပါ
ဒီသင်တုန်းဓားဒဏ်ချက်တွေကို
သက်သာစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အက်စ်ပရင်ဆေးပြားဖြစ်ပါတယ်။ ဒက်စ်ပရင်းဆေးပြားကိုခြေပြီး
ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီးတဲ့အခါ ၄င်းဒဏ်ရာပေါ်မှာ လိမ်းပေးပါ။ ၁၅-၂၀ မိနစ်ခန့်အကြာ
ခြောက်သွေ့သွားတဲ့အခါ ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။ ပြီးမှ သန့်ရှင်းတဲ့အဝတ်ကလေးနဲ့
သုတ်ပေးပါ။ အက်စ်ပရင်မှာ Salicylic Acid ပါဝင်ပြီး ၄င်းက အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ရုံသာမက
ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး ချွေးပေါက်တွေကို သန့်ရှင်းစင်ကြယ်စေပါတယ်။
Rose Water ဒါမှမဟုတ် လက်ဖက်ရည်ကြမ်း
အသုံးပြုပေးပါ
အအေးခံထားတဲ့
Rose Water နဲ့ လက်ဖက်ရည်ကြမ်းကလည်း သင်တုန်းဓားဒဏ်ရာတွေကို
သက်သာအောင် ကုသပေးရာမှာ အသုံးဝင်တဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အအေးခံထားတဲ့ ၄င်းအရည်က
အရေပြားရောင်ရမ်းခြင်း၊ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သက်သာစေပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ် အသုံးပြုပေးပါ
ရှားစောင်းလက်ပတ်ကတော့
ဘက်စုံအသုံးဝင်တဲ့ပစ္စည်းတစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဘက်တီးရီးယားပိုးမွှားတွေကို
သေစေနိုင်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ အရေပြားကိုလည်း အေးမြစေပြီး အစိုဓာတ်ကို
ဖြည့်ပေးပါတယ်။ ရှားစောင်းလက်ပတ် အသုံးပြုတဲ့အခါ သတိထားရမှာကတော့ ကိုယ်နဲ့ဓာတ်တည့်မတည့်
သတိထားဖို့ပါပဲ။
နေ့စဉ် အမွေးအမျှင်တွေ ဖယ်ရှားခြင်းရှောင်ပါ
နေ့စဉ်
အမွေးအမျှင်ရိတ်ခြင်းက အဆိုးရွားဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ခေါက်ရိတ်ထားလို့
ဖြစ်လာတဲ့ ဒဏ်ရာပေါ် နောက်ထပ်ရိတ်တဲ့အတွက် ဒဏ်ရာက ပိုပြီးဆိုးလာနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒီထက်ပိုဆိုးတာကတော့ အမွေးအမျှင်တွေက ရိတ်ပေးလေ ပိုပြီးသန်မာလာလေဖြစ်လာပြီး ပိပြီးကြည့်ရဆိုးစေ
မှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် ၅ ရက် တစ်ကြိမ်ခန့် လုပ်ပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။
အနည်းငယ် အနွေးဓာတ်ပေးပါ
အမွေးအမျှင်တွေ
ရိတ်ပြီးသွားတဲ့အခါ လူတိုင်းနီးပါး လုပ်တတ်ကြတာကတော့ ဆပ်ပြာတိုက်ပြီး သန့်ရှင်းလိုက်ခြင်းပဲ
ဖြစ်ပါတယ်။ အားလုံးမေ့လျော့နေတာကတော့ ၄င်းဧရိယာတစ်ဝိုက်ကို အဝတ်သန့်သန့်လေးတစ်ခုကို
ရေနွေးနွေးလေးဖြင့် စိမ်ပြီး အုပ်ထားပေဖို့ပါပဲ။ ဒီအနွေးဓာတ်က အရေပြားပွန်းပဲ့သွားတာကို
သက်သာစေပြီး ဘက်တီးရီးယားတွေကို သုတ်သင်ပေးပါလိမ့်မယ်။
နူးညံ့စွာ ကြေးချွတ်ပေးပါ
ကြေးချွတ်ပေးခြင်းက
အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ရုံသာမက ချွေးပေါက်တွေကို သန့်ရှင်းစေပါတယ်။ ဒါပေမဲ့
ကြေးချွတ်တဲ့အခါ နူးညံ့တဲ့ပစ္စည်းတွေ အသုံးပြုပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
ရေအေးအေးဖြင့် ရေဆေးချပါ
သင်တုံးဓားဒဏ်ရာပြဿနာတွေကို
သက်သာပျောက်ကင်းစေဖို့ အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်းလမ်းကတော့ အမွေးအမျှင်တွေ ဖယ်ရှားပြီးတဲ့အခါတိုင်း
ရေအေးအေးလေးနဲ့ ဆေးချလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ၄င်းက ချွေးပေါက်များကို ပြန်လည်ကျဉ်းမြောင်းသွားစေပြီး
ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment