ကိုယ်ပိုင်ကားလေးနဲ့
သာသာယာယာခရီးသွားမယ်ကြံခါမှ လေကောင်းလေသန့်မရဘဲဖြစ်နေပြီ လား။ ဒါဆိုရင်အတော်လေး စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။
အထူးသဖြင့် ကားအတွင်းမှာ အနံ့ အသက်ဆိုးတွေ ထွက်နေပြီဆိုရင် ဘယ်လိုမှလက်မခံနိုင်စရာမရှိလောက်အောင်ကို
ဖြစ်ရမှာပါ။ သာ ယာပျော်ရွှင်ဖွယ်ခရီးစဉ် တစ်ခုဟာ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စကြောင့်
ပျက်စီးသွားတတ် တယ်ဆိုရင်လည်း မမှားပါဘူး။ ဒါ ကြောင့် တကယ်လို့ ကိုယ့်ကားအတွင်းမှာ အနံ့အသက်ဆိုးတွေ ထွက်လာပြီဆိုရင်
ဘယ်လိုပျောက်ကွယ်သွား အောင်လုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။
သတိထားသန့်ရှင်းရေးလုပ်ပါ
ကားထဲမှာအနံ့အသက်မကောင်းရင်
သန့်ရှင်းရေးလုပ်ရမှာ အခြေခံကျတဲ့အချက်တစ်ခုဖြစ်ပေမယ့် ဘယ်လိုစနစ်တကျ လုပ်သင့်တယ်ဆိုတာကတော့
သိထားဖို့လိုအပ်လှတာပါ။ ဒါကြောင့် ကားအတွင်းပိုင်း ကို အပျက်အစီး အရှုံးမရှိစေဘဲ အနံ့အသက်ဆိုးတွေရန်က
လွတ်ကင်းသွားအောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ပထမဆုံးကား အတွင်းပိုင်းထဲမှာ အနံ့အသက်တွေဆိုးနေပြီဆိုရင်
အထဲမှာရှိနေတဲ့ အမှိုက်တွေအပါအ၀င် ပစ္စည်းပစ္စယတွေကို ရှင်းထုတ်ပစ်လိုက်ဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလိုကားအတွင်းက အသုံးအဆောင်တွေကို ဖယ်ထုတ်ပြီးသွားရင်တော့ အဲဒီအတွင်းခန်းကို ဆေးကြောသန့်စင်မှုတွေမဖြစ်မနေပြုလုပ်ရတော့မှာ
ဖြစ်ပါ တယ်။ ဒီနေရာမှာသတိထားရမှာက အတွင်းပိုင်းက ကားကြမ်းခင်းတွေ၊ ကူရှင်တွေအပါအ၀င်
ဒက်ရှ် ဘုတ်တွေကို ရှန်ပူတစ်မျိုးမျိုးသုံးပြီး ဆေးကျောသန့်စင်မှုတွေပြုလုပ်တော့မယ်ဆိုရင်
ဒီအရာဝတ္ထုတွေက ဓါတုပစ္စည်း (Chemical) တွေနဲ့ သန့်ရှင်းရေးလုပ်လို့ရ၊ မရကိုအရင်စစ်ဆေးဖို့ပါ။
တကယ်လို့ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘူးဆိုရင်တော့ တတ်သိနားလည်သူတွေဆီက
အကြံဉာာဏ် တောင်းသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေ မဆင်ခြင်နိုင်မှု တစ်ခုအောက်မှာ
ပျက်စီးသွားနိုင်လို့ပါပဲ။
တစ်ခုမှမကျန်ခဲ့စေနဲ့
အနံ့အသက်ဆိုးတွေထွက်နေတဲ့
ကားအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် အတွင်းပိုင်းမှာ ရှိနေတဲ့ ထိုင်ခုံတွေကအစ
ခဏဖြစ်ဖြစ်ဖြုတ်ထားသင့်ပါတယ်။ ဒီနေရာမှာ သတိထားသင့်တာကတော့ ကိုယ့်မှာ ကလေးသူငယ်တွေရှိနေရင်
ကားထိုင်ခုံတွေလို့ ပြုတ်တဲ့နေရာမှာ သူတို့ရဲ့စားစရာ၊ သောက်စရာ အကြွင်း အကျန်တွေ ကပ်နေ
မနေ ရှာဖွေသင့်တာပါ။ တစ်ခါတရံမှာ သူတို့ရဲ့စားကြွင်းစားကျန်တွေကြောင့်လည်း အနံ့အသက်ဆိုးတွေ
ထွက်လာတတ်တာကြောင့် ဖြစ်ပါတယ်။
ကြမ်းခင်းတွေကလည်း ဖြစ်တတ်တယ်
ကားကြမ်းခင်းတွေ၊
မျက်နှာတွေကလည်း အကြောင်းကြောင်းကြောင့် အနံ့ဆိုးတွေထွက်တတ်ပါတယ်။ အဲဒီတော့ ကိုယ့်စိတ်ထဲမှာ
သံသယမကင်းဖြစ်နေရင် မျက်နှာပြင်တွေကအစ ရေစိုဝတ်နဲ့ဖြစ်ဖြစ် တိုက်ပစ်လိုက် သင့်တာပါ။
ကိုယ့်ကားအတွင်းပိုင်းက ပလက်စတစ်၊ သစ်သားစတဲ့ ပစ္စည်းမျိုးတွေနဲ့ အခြေခံတည်ဆောက် ထားတာဆိုရင်
တစ်ခါတည်း ဆပ်ပြာရည်နဲ့ပါ ဆေးချလိုက်နိုင်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အနံ့အသက်
ဆိုးတွေကို ဖယ်ရှားပြီးသားဖြစ်သွားနိုင်သလို အတွင်းပိုင်းကိုပါ သန့်ရှင်းတောက်ပြောင်သွားစေမှာ
မလွဲပါဘူး။ ဒါပေမဲ့ ကိုယ်အသုံးပြုရမယ့် ဆပ်ပြာက အရမ်းပြင်းတဲ့အမျိုးအစားမဖြစ်ဖို့ကို
သတိထားရမှာဖြစ်ပါတယ်။ ကားထိုင်ခုံတွေအပါအ၀င် အတွင်းပိုင်းကကြမ်းခင်းတွေကို အခုလိုရေဆေးသန့်ရှင်းမှု
ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ လေသလပ်သွားအောင်တံခါးတွေဖွင့်ထားသင့်ပါ့တယ်။
မဟုတ်ရင် ရေတွေကြောင့် စိုထိုင်းထိုင်းဖြစ်နေပြီး နောက်ထပ်အနံ့ဆိုးတွေ ထပ်ထွက်လာနိုင်တာကြောင့်ပါ။
လေစုပ်စက်နဲ့ သန့်ရှင်းပါ
ရေခြောက်သွားပြီဆိုရင်တော့
ကားအတွင်းပိုင်းကို လေစုပ်စက်နဲ့ သန့်ရှင်းရေးလုပ်တာ၊ ချွတ်ဆေး ဒါမှမဟုတ် အမွှေးနံ့တစ်ခုခုပါတဲ့
စပရေးဖြန်းပေးတာမျိုးတွေ မဖြစ်မနေပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလို လုပ်ပေးတာဟာ ကားအတွင်းမှာ
ကြွင်းကျန်နေတတ်တဲ့ အနံ့အသက်တွေကို တစ်ခါတည်းရှင်းလင်းသွား စေနိုင်သလို ကိုယ်ကြိုက်နှစ်သက်တဲ့ရနံ့တွေနဲ့
မွှေးပျံ့သွားစေနိုင်တာကြောင့်ဆိုရင်လည်း မမှားပါဘူး။ တစ်ခါတရံမှာ ရေခြောက်သွားတဲ့နောက်ပိုင်းမှာလည်း
ကားအတွင်းပိုင်းမှာ အနံ့တစ်ခုခုကျန်ခဲ့တတ်တာ ကြောင့်အခုလို အမွှေးနံ့ပါတဲ့ စပရေးတစ်မျိုးမျိုး
ဖြန်းခိုင်းရတာလည်းဖြစ်ပါတယ်။
ဆင်ခြင်ရမယ့်အရာတွေ
ဘယ်နေရာကိုပဲသွားသွား ကိုယ့်ကားအတွင်းပိုင်းကို
သန့်ရှင်းပြီး စိတ်ချမ်းသာနေချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း ဆင်ဆင်ခြင်ခြင်နဲ့နေရမှာပေါ့။
ကားထဲမှာ ဆေးလိပ်သောက်တတ်တဲ့အလေ့အထမျိုး ရှိနေရင် ကြိုတင်ဖြတ်တောက်ထားသင့်ပြီး နွားနို့ဖိတ်ကျတာမျိုး၊
ကားအတွင်းထဲမှာ အော့အန်တာမျိုးဖြစ်ခဲ့ရင် အကြွေးထားမနေပဲ ချက်ခြင်းသန့်ရှင်းရေးလုပ်ရမှာ
ဖြစ်ပါတယ်။ ဒီလိုကြိုတင်ကာကွယ်သင့်တာတွေကို ပြုလုပ်ထားနိုင်ရင်လည်း အနံ့အသက်တွေကြောင့်
အနှောက်အယှက်ဖြစ်ရမယ့်ဘေးက ဝေးမှာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment