ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးကို ပြောပြပေးပါ။
အခု ညီမ ကိုမြင့်မြတ်တို့နဲ့ နေ၀င်ချိန်စောလွန်းတယ်ဆိုတဲ့
ဇာတ်ကားလေး ရိုက်ကူးနေပါတယ်။ ဒီကားပြီးရင် ဗီဒီယိုကားလေးတွေ ဆက်ရိုက်ဖို့ ရှိပါတယ်။
ဒီကားပြီးတန်းဝင်မယ့်ကားက ကိုမင်းသွေးနဲ့ပါ။ အဲ့ဒီကားမှာ ညီမက Taxi မောင်းတဲ့ ကောင်မလေးအဖြစ်နဲ့
သရုပ်ဆောင်ရမှာပါ။ ယောက်ျားဆန် ဆန်လေးပေါ့။
အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်အရာက
အရေးကြီးဆုံးလို့ ညီမထင်ပါသလဲ။
ဒီအနုပညာလိုင်းပေါ်မှာ အရေးကြီးဆုံးကတော့
ပေါင်းသင်းဆက်ဆံရေးလို့ ထင်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးကျဲရင်လည်း ကျဲသလိုသွားမယ်။ အဓိက
ဘယ်မှာပဲဖြစ်ဖြစ် လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ လိုက်လျောညီထွေဖြစ်ဖို့က အဓိကကျပါတယ်။
ငယ်ငယ်လေးနဲ့ နာမည်ရလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ရော
Control လုပ်နေနိုင်ပြီလား။
အဓိက ညီမ ကိုယ့်ကိုယ်ကိုယ်ပဲ Control လုပ်ပါတယ်။
မိဘတွေကလည်း ဘေးကနေလိုက်ပြီး Control လုပ်ပေးပါတယ်။ ဒါပေမဲ့ ဘေးကလူတွေ ဘယ်လောက် Control
ပေးပေး၊ မိဘတွေ ဘယ်လောက် Control ပေးပေး အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် Control လုပ်နိုင်ဖို့က
အရေးကြီးဆုံးပဲလို့ ညီမထင်ပါတယ်။
ညီမရဲ့နောက်မှာ ညီမကို အမြဲတမ်းအားပေး၊
အားဖြည့်ပေးနေတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ။
ညီမ ဘာပဲဖြစ်နေဖြစ်နေ ညီမနောက်မှာ အမြဲတမ်းရှိနေပေးတာကတော့
ညီမရဲ့ မိဘနှစ်ပါးပါ။ ညီမ စိတ်ဓာတ်ကျသည်ဖြစ်စေ၊ ဘာပဲဖြစ်နေဖြစ်နေ မငြိုမငြင်ဘဲနဲ့ အမြဲတမ်း
တူတူရှိနေပေးတာ ညီမရဲ့မိဘတွေပါ။
အဲဒါဆိုရင် မိသားစုတာဝန်ကိုရော တစ်ထောင့်တစ်နေရာက
ထမ်းဆောင်နိုင်ပြီလား။
ဟုတ်ကဲ့ပါ။ အခုဆို မိသားစုတာဝန်ကို တစ်ထောင့်တစ်နေရာက
ထမ်းဆောင်နိုင်တဲ့အတွက် ညီမ ၀မ်းသာဂုဏ်ယူမိပါတယ်။
ညီမရဲ့မိသားစုကို ဒီထက်မကပိုပြီးတော့ ထောက်ပံ့ပေးချင်ပါတယ်။ အဲဒီအတွက် ညီမဘက်က ပိုပြီးတော့
ကြိုးစားသွားရဦးမှာပါ။
အခု ညီမ လက်ရှိရောက်နေတဲ့ ဘ၀လေးကို
ကျေနပ်လား။ အနုပညာရှင်ဆိုတော့ နေရထိုင်ရတာ ကျဉ်းကျပ် တယ်လို့ရော ညီမထင်လား။
ညီမ အခုလက်ရှိရောက်နေတဲ့ ဘ၀လေးမှာ ပျော်ပါတယ်။
ဒါပေမဲ့ ညီမလည်း လူသားတစ်ယောက် ဖြစ်နေတဲ့အတွက် အားလုံးနဲ့တန်းတူအခွင့်အရေးကို လိုချင်မိတယ်။
ကိုယ်က အနုပညာရှင်တစ်ယောက်ဖြစ် လာပြီဆိုတော့ အရာရာ ကိုယ့်အတွက် ချုပ်နှောင်ထားသလိုလေး
ဖြစ်မိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ညီမက အားလုံးရဲ့ စံပြအနုပညာရှင်တစ်ယောက် ဖြစ်ချင်တာပါ။
ညီမရဲ့ တစ်နေ့တာအချိန်တွေထဲမှာ ဘယ်လိုအချိန်မျိုးကို
အကြိုက်ဆုံးလဲ။
ညီမအတွက်ကတော့ အချိန်တိုင်းက တန်ဖိုးရှိတယ်။
ပျော်ရွှင်မှုလည်း ရှိပါတယ်။ ဘယ်အချိန်ကို ကြိုက်လဲဆိုရင်တော့ ညဘက် မိသားစုအားလုံး စုံစုံညီညီရှိတဲ့အချိန်လေးကို
ညီမအကြိုက်ဆုံးပါ။ အိမ်မှာ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မဆုံဖြစ်ကြဘူး။ ညအိပ်ချိန်လေးပဲ
မိသားစု စုံစုံညီညီလေး တွေ့ရ တယ်။ အဲလိုဆုံရပြီဆိုရင်တော့ ညီမအရမ်းပျော်ပါတယ်။ ညီမတို့က
မောင်နှမသုံးယောက်ဆိုပေမယ့် မမကြီးက မနက်ဆို သူ့ဆေးရုံ အလုပ်ကို သူသွားပြီ။ မောင်လေးကတော့
ညီမတို့သွားရာနောက်ကို တောက်လျှောက်ပါပါ တယ်။ အဲဒါဆိုတော့ ညဘက်အကုန်လုံးဆုံပြီဆိုတဲ့
အချိန်ကိုရောက်ရင်တော့ ညီမတို့ အရမ်းပျော်ပါတယ်။
ညီမကို ဘယ်လိုအပြုအမူမျိုးက စိတ်အနှောင့်အယှက်ဖြစ်စေလဲ။
အဓိကကတော့ ညီမအလုပ်လုပ်နေတဲ့အချိန်မှာ ညီမအလုပ်ကို
ထိခိုက်စေနိုင်တဲ့ အပြုအမူမျိုးပေါ့။ ညီမကို စကားလာပြောတာမျိုး၊ အလုပ်ထဲမှာ နှစ်ထားတဲ့စိတ်ကို
ပျက်ပြားသွားအောင်လုပ်လိုက်တာမျိုးတို့ ဆိုရင် ညီမအရမ်းကို စိတ်ဆိုးတယ်။
ညီမ ကြိုက်နှစ်သက်တဲ့ Music အကြောင်းလည်း
ပြောပြပေးပါဦး။
ညီမ သီချင်းတွေကို အရမ်း ကြိုက်ပါတယ်။ အများဆုံးနားထောင်ဖြစ်တာကတော့
R & B နဲ့ POP ပါ။
ညီမ လျှောက်လှမ်းခဲ့ရတဲ့ အနုပညာလျှောက်လမ်းလေး
အကြောင်းလည်း ပြောပြပေးပါ။
ဒီတစ်လျှောက်မှာ ညီမ အခက်အခဲတွေ အများကြီးတွေ့ရတယ်။
ညီမအတွက် ဘယ်အရာပဲ လုပ်လုပ်၊ ဘယ်အလုပ်ပဲလုပ်လုပ် ဖြောင့်ဖြူးတယ်ဆိုတာလည်း မရှိခဲ့သလို၊
လွယ်လွယ်ကူကူနဲ့ရခဲ့တယ်ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ ညီမအတွက် မျက်ရည်တွေလည်း ကျခဲ့ရတယ်။
အချိန်တွေလည်း ပေးဆပ်ခဲ့ရတယ်။ ကိုယ်လိုချင် တာ ရဖို့အတွက် ဇွဲရှိရှိနဲ့ တိုးခဲ့ရတာပါ။
ညီမ ဒီအချိန်ထိ ကိုယ်လိုချင်တာတစ်ခုကို လွယ်လွယ်ကူကူနဲ့ မရခဲ့ဖူး ဘူး။ ဒါပေမဲ့ အဲလိုရင်ဆိုင်ခဲ့ရတဲ့
အခက်အခဲတွေ၊ ကြုံခဲ့ကြားခဲ့ရတဲ့ဝေဖန်မှုတွေက ညီမအတွက် ခွန်အားတစ်ခု၊ ကိုယ့်ကိုမြှင့်တင်ပေးနိုင်တဲ့
တွန်းအားတစ်ခုလို့ပဲ သဘောထားလိုက်ပါတယ်။ ကိုယ့်ကိုဘယ်လောက်ပဲ ပြောလာ ပြောလာ၊ ဘယ်လိုပဲ
တိုက်ခိုက်လာ တိုက်ခိုက်လာ ဒီအရာတွေ အကုန်လုံးက ငါအောင်မြင်ဖို့အတွက် ခွန်အား တစ်ခုပေးတယ်လို့ပဲ
သဘောထားသွားမှာပါ။
နောက်ဆုံး ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်လေးကိုလည်း
ပြောပြပေးပါဦး။
ညီမ ဆက်လက်ပြီးတော့ အနုပညာအလုပ်တွေ လှုပ်ရှားသွားဖို့
အများကြီး ရှိပါသေးတယ်။ ပြီးတော့ ဗီဒီယိုကားလေးတွေလည်း အများကြီး ဆက်ရိုက်ထားပါတယ်။
ပရိသတ်တွေကို အရင်နှစ်တွေတုန်းကနဲ့ မတူအောင် ထူးထူးဆန်းဆန်းလေးတွေ ချပြနိုင်မယ့် ဇာတ်ရုပ်မျိုးလေးတွေကို
ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ရွေးချယ်ထားပါတယ်။ အဲဒီအတွက် ပရိသတ်ကြီးက ညီမကို အားပေးပါဦးလို့။
ညီမလျှောက်လှမ်းမယ့် အနုပညာလမ်းတစ်လျှောက်မှာ ပရိသတ်ကပေးတဲ့ အားတွေအများကြီးလိုအပ်ပါတယ်။
ပရိသတ်ကြီး အားပေးမှ ရှေ့ဆက်လျှောက်လို့ရမှာဖြစ်တဲ့အတွက် အားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ပြီးတော့ ထွက်လာတဲ့ ကား လေးတွေကို ကြည့်ပြီးတော့ ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment