မိန်းကလေးအများစု
Cosmetics ပစ္စည်းတွေ သုံးရတဲ့ရည်ရွယ်ချက်ကတော့ ကိုယ်ကိုယ်တိုင်လှပပြီး စိတ်ချမ်းသာစေဖို့။
နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ ကိုယ့်ကိုမြင်တဲ့လူတိုင်း ကိုယ့်ကို ငေးမောကြည့် မိစေဖို့
ဖြစ်ပါတယ်။ Cosmetics ပစ္စည်းတွေသုံးတာတော့ ကောင်းပါရဲ့။ ကိုယ်အသုံးပြုတိုင်း ကိုယ့်ကိုယ် ကိုယ်
ယုံကြည်မှုအပြည့်နဲ့ လှပစေမှာလား။ ကိုယ်ဘယ်လောက်ပဲ ပြင်ဆင်ဖာထေးထားပေမယ့် ကိုယ်ကိုယ် တိုင်တောင်
မသိလိုက်တဲ့ ယောက်ျားလေးတွေ ရှောင်ဖယ်သွားစေတဲ့ အချက်ကလေးတွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ
ကြည့်ကြရအောင် …
ပင့်ကူမျှင်သဏ္ဍာန်မျက်တောင်များ
မျက်ဝန်းလေးနဲ့ဆွဲဆောင်နိုင်ဖို့ဆိုတာ
မျက်ဝန်းအလှက ပေါ်လွင်ထင်ရှားနေမှဖြစ်မှာပါ။ မိန်းက လေးအများ စုက မျက်ဝန်းကလေး ပိုမိုလှပစေဖို့အတွက်
Mascara ကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။ မျက်တောင်တွေ ရှည်လျားကော့ညွတ်နေစေဖို့
Mascara ကို ပုံမှန်ပမာဏထက် ပိုပြီးသုံးစွဲတတ်ကြပါတယ်။ အဲဒီအခါ မျက်တောင်တွေဟာ ရှည်လျားကော့ညွတ်မလာဘဲ
ပင့်ကူမျှင်ကဲ့သို့ ရှုပ်ထွေးလာပါတော့တယ်။ ယောက်ျားလေးတစ်ယောက်ကို ဆွဲဆောင်ညှို့ယူနိုင်မယ့်အစား
နောက်ပြန်ကွေ့သွားစေပါတယ်။ Mascara အသုံးပြုဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျက်တောင်လေးတွေကို
အရင်ဦးစွာကော့ပါ။ ပြီးမှ သဘာဝကျကျ လှပစေဖို့ Base Coat, Color Coating ကို အသုံးပြုပေးပါ။
ပန်ဒါဝက်ဝံမျက်ဝန်းလေးတွေ
မိန်းကလေးအများစု
နှစ်သက်တာကတော့ Smokey Eyes လို့ခေါ်တဲ့ မီးခိုးရောင်မျက်ဝန်းလေး တစ်စုံဖြစ်ပါတယ်။ သဘာဝလည်း
နည်းနည်းပိုဆန်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ မိန်းကလေးတွေ ဟာ မီးခိုးရောင်မျက်ဝန်းတစ်စုံအတွက်
အချိန်ပေးပြီး အသေးစိတ် လိမ်းခြယ်ကြပေမယ့် ယောက်ျားလေးေ
တွကတော့ ခြုံငုံပြီးကြည့်တတ်ကြပါတယ်။
ကျွမ်းကျင်တဲ့အဆင့်ဆိုရင်တော့ အဆင်ပြေတာ ပေါ့။ ကျွမ်းကျင်မှုမရှိတဲ့ လူတွေအတွက်ကတော့
Smokey Eyes လေးတစ်စုံဟာ ပထမဦးဆုံးချိန်း တွေ့တဲ့နေ့မှာတင် နောက်ဆုံးတွေ့ဆုံခြင်းအဖြစ်
ပြောင်းလဲသွားမယ့် ပန်ဒါဝက်ဝံမျက်လုံးလေးတစ်စုံဖြစ် သွားပါလိမ့်မယ်။
ထူထဲပျစ်နှစ်မျက်ခုံးတစ်စုံ
မျက်ခုံးထူထူ
(အနက်ရောင်မျက်ခုံး)လေးတစ်စုံဟာ အခုချိန်မှာ ခေတ်စားနေမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သဘာဝကျကျ
အနက်ရောင်မျက်ခုံး၊ အနက်ရောင် Eyebrow Liner နဲ့ ဖန်တီးထားတဲ့ မျက်ခုံး တစ်စုံဟာ လုံးဝကွဲပြားခြားနားပါတယ်။
အဲဒါကြောင့် မျက်ခုံး အလှခြယ်သဖို့ရာ ဇဝေဇဝါဖြစ်နေရင်တော့ နားလည်တတ်ကျွမ်းတဲ့ပညာရှင်နဲ့
ဆောင်ရွက်တာအကောင်းဆုံးဖြစ်ပါတယ်။
အင်္ဂတေလိုမျက်နှာ
မိတ်ကပ်လိမ်းခြယ်တယ်ဆိုတာ
မိန်းကလေးတွေ အကြိုက်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။ သုတေသနပြုချက်တွေနဲ့ ကွင်းဆင်းလေ့လာမှုများအရ
ယောက်ျားလေးအများစုဟာ သဘာဝကျကျ ပြင်ဆင်လိမ်းခြယ်ထားတဲ့ မိန်းကလေးတွေကို ပိုပြီးနှစ်သက်ကြပါတယ်။
လှချင်လွန်းလို့ Moisturizer, Primer, Concealer, Powder Cake တို့ကို အစဉ်လိုက်အသုံးပြုပြီးတဲ့အခါမှာတော့
မျက်နှာပြင်ဟာ အင်္ဂတေကိုင်ထားသလိုလို၊ ပန်းချီဆွဲထားသလိုလို ထူအမ်းအမ်းကြီး ဖြစ်လာပါတော့တယ်။
အသန့်ကြိုက်တဲ့ အမျိုးသားတွေအနေနဲ့ကတော့ ချစ်သူကို ရင်ခွင်ထဲထည့်ထားဖို့ရာ မိတ်ကပ်အစွန်းအထင်းတွေကြောင့်
အတားအဆီးဖြစ်စေပါတယ်။ အဲဒါဆို မိတ်ကပ်ဘယ်လို လိမ်းခြယ်မလဲ။ Light Weight Formula နဲ့
ထုတ်လုပ်ထားတဲ့ မိတ်ကပ်၊ Concealer တို့ကို ခပ်ပါးပါးလိမ်းခြယ်ခြင်းကသာ သဘာဝကျကျနဲ့
လှပစေပါလိမ့်မယ်။
စေးကပ်လွန်းတဲ့ နှုတ်ခမ်းတွေ
တချို့
Lip Gloss တွေဟာ သာမန်ထက်ပိုပြီး နှုတ်ခမ်းသားကို စေးကပ်ကပ်ဖြစ်စေပါတယ်။ ဒီလို Lip
Gloss တွေဟာ လေတိုက်နေတဲ့ ရာသီဥတုမျိုးမှာ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
လေတိုက်တဲ့အတွက် ဆံသားတွေဟာ နှုတ်ခမ်းသားမှာ ကပ်ငြိပြီး မိတ်ကပ်ကွက်တဲ့အထိပါ ဖြစ်ပေါ်စေပါတယ်။
ချစ်သူကောင်လေးနဲ့ အကြင်နာပေးတဲ့အခါမှာလည်း နှုတ်ခမ်းသားတွေကို ခလုတ်တိုက်စေပြီး ကိုယ့်ချစ်သူကို
စနိုးစနောင့်ဖြစ်စေနိုင်ပါ တယ်။ အကောင်းဆုံးကတော့ နှုတ်ခမ်းဆိုးဆေးဝယ်ယူစဉ်ကတည်းက သတိထား
ရွေးချယ်ဖို့ပါပဲ။
Lip Liner မှားယွင်းစွာသုံးစွဲမိခြင်း
နှုတ်ခမ်းပုံဖော်ရတာ
အရမ်းလက်ဝင်ပါတယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းကို အသွင် သဏ္ဍာန်ပြောင်းဖို့အတွက် Lip
Liner တွေကို လွဲမှားစွာ ယှဉ်တွဲမိတဲ့အခါမှာတော့ ယောက်ျားလေး တစ်ယောက်အဖို့ နှာခေါင်းရှုံ့သွားစေတဲ့
လှပမှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။
ကြောက်စရာကောင်းတဲ့ လက်သည်းတွေ
လက်သည်းခြေသည်း
အရှည်ထားခြင်းဟာ တစ်ခါတစ်ရံ ကြည့်ကောင်းပေမယ့် အမြဲတမ်းအတွက်တော့ မျက်စိနောက်စရာဖြစ်ပါတယ်။
ကိုယ့်ကို အန္တရာယ်ရှိစေရုံသာမက ကိုယ့်ချစ်သူကောင်လေးကိုပါ အန္တရာယ်ရှိစေပါတယ်။
Hairspray အလွန်အကျွံသုံးစွဲခြင်း
Hairspray
အလွန်အကျွံသုံးစွဲခြင်းက ဆံသားကို တောင့်တင်းနေစေပြီး ချစ်သူရဲ့ဆံသားလေးတွေကို ဆော့ကစားတတ်တဲ့
ယောက်ျားလေးတွေအတွက် ၄င်းက စိတ်အနှောင့်အယှက်ဖြစ်လာစေနိုင်တဲ့ ပြဿနာတစ်ခုပါ။
များလေကောင်းလေ ရေမွှေးတွေ
တချို့သောကိစ္စတွေ
ဥပမာ ''ပိုချစ်လေ ကောင်းလေ'' ဆိုပေမယ့် ရေမွှေးနဲ့ပတ်သက်လာရင်တော့ ''များလေ များလေ''ပါပဲ။
များလေ စိတ်အနှောင့်အယှက်ပိုပြီးဖြစ်စေပေါ့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment