Beauty နဲ့ပတ်သက်ပြီး
အကြောင်းအရာအမျိုးမျိုးကို တင်ပြလာရာမှာ ဒီတစ်ပတ်မှာတော့ ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့
Victoria’ Secret ရဲ့အလှအပရေးရာ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေး လိုက် ရပါတယ်။
လင်ဆေးအယ်လင်ဆန်
(Linsay
Elingson)
ဖောင်ဒေးရှင်းမသုံးခင်မှာ
jjelly အရင်သုံးပါတယ်။
လင်ဆေးက သူမမျက်နှာအတွက်
လိုက်ဖက်တဲ့ဖောင်ဒေးရှင်း မသုံးခင် jelly အရင်အသုံးပြုတဲ့ နည်းလမ်း ကို သူမရဲ့မိတ်ကပ်ပညာရှင်ဆီက
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တိုနာ၊ အစိုဓာတ်ထိန်းခရင်မ် အသုံးပြုပြီးနောက် jelly အသုံးပြုတာက
ပိုပြီးစုပ်ယူအားကောင်းစေပြီး အသားအရေကို ပိုပြီးသဘာဝဆန်စေပါတယ်တဲ့။
ရေဓာတ်ပြည့်ပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်
ရေများများသောက်ခြင်းက
လင်ဆေးရဲ့အသားအရေလှပမှုလျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ အရေပြားကို အမြဲတမ်းရေဓာတ်ဖြည့်ပေးထားခြင်းက အသားအရေလှပမှုကို အထောက်အကူဖြစ်စေ ပါ တယ်။ နေ့စဉ်များများအနားယူပေးပြီး Eye Cream အသုံးပြုပေးခြင်းကလည်း
အိုမင်းခြင်းကို ကာကွယ်ပေး တဲ့ လျှို့ဝှက်ချက်တစ်ခုပါတဲ့။
တောက်ပတဲ့ဆံကေသာလျှို့ဝှက်ချက်က
လင်ဆေးပြောပြချက်အရ
သူမဟာ အလုပ်ပါးတဲ့နေ့တွေမှာ ခေါင်းကို ဘယ်တော့မှ ဆံပင်ခြောက်ခံ စက် မသုံးပါဘူးတဲ့။ နေ့တိုင်းခေါင်းလျှော်တာက
ဆံသားအရောင်ကို မှေးမှိန်ပျက်စီးစေတဲ့အပြင် ကျန်းမာရေး ကိုလည်း ထိခိုက်စေတဲ့အတွက် ဆံသားထိန်းသိမ်းမှုကို
ဆံပင်ပေါင်းဆေးတစ်ပါတည်းပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါတယ်တဲ့။
ဟီလရီရိုဒါ
(hilar
Roda)
ကောက်ကြောင်းပေါ်စေဖို့ လျှို့ဝှက်ချက်
ဟီလရီကတော့
သူမရဲ့မျက်နှာကောက်ကြောင်းအလှကို ပေါ်လွင်စေဖို့အတွက် Branzer ကို အသုံးပြုတတ်ပါတယ်။
သူမရဲ့မျက်နှာကို သစ်လွင်လန်းဆန်းပြီး တိကျစေဖို့အတွက် မျက်ဝန်းထောင့်၊ ပါး ရိုးတို့ကို
အသားပေးလိမ်းခြယ်ပါတယ်တဲ့။
ဂျော်ဒန်ဒွန်း
မျက်တောင်တု
ဂျော်ဒန်ဒွန်းရဲ့အလှလျှို့ဝှက်ချက်ကတော့
သဘာဝမျက်တောင်တွေကို မပျက်စီးစေဘဲ မျက်တောင်တု တပ်ဆင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ သူမက မျက်တောင်တုတပ်တဲ့အခါ
ပိုပြီးထူတဲ့ ရှည်လျားနေစေတဲ့ အသွင်သဏ္ဍာန်ဖြစ်စေဖို့အတွက် Mascara သုံးတဲ့အခါ မျက်တောင်အောက်ကနေ
ကဒ်ပြားတစ်ခုခံပြီး သုံးပါတယ်တဲ့။
ကန်ဒစ်ဆွန်နီပိုးလ်
ကျန်းမာစွာစားသောက်နေထိုင်ခြင်း
ကန်ဒစ်အသားအရေလှပမှုရဲ့
အရေးကြီးဆုံးကတော့ စားသုံးတဲ့အစားအစာထဲမှာ ဗီတာမင်စီနဲ့ဒီ ပြည့်ဝစွာစားသောက်ခြင်း ဖြစ်ပါတယ်။
ကျန်းမာပြီးတောက်ပတဲ့ အသားအရေအတွက် အရေးကြီးဆုံး စဉ်းစားရမယ့်အချက်ကတော့ ကိုယ်စားသုံးတဲ့အစားအစာကို
မစားသုံးခင်ပြန်လည်စဉ်းစားခြင်းပဲ ဖြစ်ပါတယ်။
ဂျက်ဆီကာဟာ့သ်
မျက်တောင်ကော့ဘီးလိပ်
ဂျက်ဆီကာက
သူမမျက်ဝန်းတွေကို ပိုပြီးပေါ်လွင်စေတဲ့ မျက်တောင်ကော့ဘီးလိပ်ကို အသုံးပြုရတာ နှစ်သက်သူဖြစ်ပါတယ်။
သူမက မျက်တောင်ကော့ဆေး သုံးခဲပါတယ်။ သူမက မျက်တောင်ကော့ဆေးမသုံးဘဲ မျက်တောင်ကော့ဘီးလိပ်အသုံးပြုတာ
ပိုပြီးသဘာဝဆန်တဲ့မျက်ဝန်းကို ဖန်တီးပေးပါတယ်တဲ့။
လီလီအယ်လရီ(ဂ်ျ)
အရေပြားကအရေးကြီးဆုံး
သူမအလှအပရေးရာအတွက်
အရေးကြီးဆုံးကတော့ အရေပြားကို ဂရုတစိုက်စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ ရေများများသောက်ခြင်း၊
အုန်းရေသောက်ခြင်း၊ ထောပတ်သီး၊ ဆလမွန်ငါးစားသုံးခြင်းတို့က အရေပြားကို အားဖြည့်ပေးတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။
အယ်ရင်ဟယ်သာတန်
ကောင်းကောင်းအိပ်စက်မယ်
အယ်ရင်ကတော့
ကောင်းမွန်ပြည့်ဝစွာအိပ်စက်အနားယူခြင်းက အသားအရေအတွက် အထိရောက်ဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်လို့
ခံယူထားသူဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment