စွန့်ပစ်သင့်တဲ့ အလှကုန် ပစ္စည်းတွေက …













မျက်တောင်ကော့ဆေး ဗူးခွံအဟောင်း၊ အရောင်အဆင်းမရှိတော့တဲ့ မိတ်ကပ်၊ အရောင်တွေ နေရာတကျမဟုတ်ပဲ ပျက်ယွင်းနေတဲ့ Eyeshadow ခွက်လေးတွေ … ဘယ်မိန်းကလေးတိုင်းရဲ့ မှန်တင် ခုံပေါ်မှာမဆို၊ လက်ကိုင်အိတ်ထဲမှာမဆို ဒီလိုမျိုးလွှင့်မပစ်ရက်တဲ့ ပစ္စည်း ၂ မျိုး၊ ၃ မျိုးလောက်က ရှိနေစမြဲပါ ဘဲ။ အလှကုန်ပစ္စည်းအများစုမှာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်စွမ်းရှိတဲ့ ဂုဏ်သတ္တိပါဝင် ကြပေမယ့် အလှကုန်ပစ္စည်းတွေက လေနဲ့ထိတွေ့ပြီး ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားတွေကိုတော့ လုံလောက်အောင် အလျှင်အမြန် မသုတ်သင်နိုင်ကြပါဘူး။ နှစ်ပေါင်းများစွာ ကြာနေတဲ့ အလှကုန်တွေက ထုတ်လုပ်ကာစလို တာရှည်ခံတဲ့အရောင်တွေ မရှိတော့တာ၊ အရောင်ပျက်ပြယ်နေတာကိုတော့ လူတိုင်း သိကြမှာပါ။ ဒါပေမယ့်လည်း လွှင့်မပစ်ရက်တာ သဘာဝပါ။ မလွှင့်ပစ်ရက်ဘဲ သုံးနေမိတဲ့အတွက် မလိုလားအပ်တဲ့အရေပြားဆိုင်ရာ ပြဿနာတွေ ပေါ်လာပါတော့တယ်။ အဲဒီအတွက် ဘယ်အလှကုန် ပစ္စည်းက ဘယ်လောက်သက်တမ်းခံတယ်ဆိုတာလေးကို ရေးသားတင်ဆက်ပေးလိုက်ပါရစေ။

မျက်တောင်ကော့ဆေး
မျက်တောင်ကော့ဆေးကတော့ မျက်ဝန်းနဲ့အသုံးပြုရတာဖြစ်တဲ့အတွက် အဓိကပြဿနာပါ။ မကြာ ခဏဖွင့်၊ မကြာခဏပိတ်လုပ်ရတဲ့အတွက် ပြင်ပလေနဲ့ ထိတွေ့မှုများပြီး ဘက်တီးရီးယားပိုးမွှား အပေါက်ဖွား ဆုံးပါ။ မျက်တောင်ကော့တံက မျက်ဝန်းနဲ့ အနီးကပ်ဆုံးထိတွေ့ရပြီး ၄င်းဘက်တီးရီးယားတွေက မျက်လုံး ယားယံခြင်း၊ နီရဲခြင်း၊ အဆိုးရွားဆုံး မျက်စိပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် မျက်တောင်ကော့ဆေးဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးရက်ကို အမြဲတမ်းစစ်ဆေးပါ။ အသုံးပြုတဲ့အခါ ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာပါက ၄င်းပြဿနာပျောက်ကင်းသွားသည်အထိ အသုံးပြုမှုကို ရပ်တန့်ပစ်လိုက်ပါ။

မိတ်ကပ်ဖောင်ဒေးရှင်း
ဖောင်ဒေးရှင်းရဲ့သက်တမ်းကတော့ ၄င်းပစ္စည်းရဲ့ပေါင်ဒါ၊ အရည်၊ အဆီကို အခြေခံထုတ်လုပ်ထား တဲ့ ပါဝင်ပစ္စည်းအမျိုးအစားပေါ် မူတည်ကွဲပြားမှုရှိပါတယ်။ ဖောင်ဒေးရှင်းအရည်၊ အဆီအခြေခံ ထုတ်လုပ် ထားတဲ့ ပစ္စည်းတွေက ပေါင်ဒါလိုအခဲမျိုးထက်ပိုပြီး ပျက်စီးလွယ်စေပါတယ်။ ပျက်စီးမြန်စေပါတယ်။ သက် တမ်းထက် ကိုယ် အသုံးပြုနေတဲ့ ဖောင်ဒေးရှင်းက အရောင်ပြောင်းလဲသွားတဲ့အခါ၊ အနံ့ထွက်လာတဲ့အခါ၊ သာမန် ထူထဲပျစ်နှစ်သွားတဲ့အခါမျိုးမှာ ၄င်း ပစ္စည်းကို စွန့်ပစ်လိုက်ပါ။ ဖောင်ဒေးရှင်းမိတ်ကပ်ရဲ့ သက်တမ်းကတော့ ၁နှစ် ဒါမှမဟုတ် ၂နှစ် ခံပါတယ်။

Eyeliner
ဂျယ်လ်အမျိုးအစား Eyeliner နဲ့ Eyeliner အရည်အမျိုးအစားတွေကိုတော့ သုံးလတစ်ကြိမ် လွှင့်ပစ်ပေးဖို့လိုပါတယ်။ Eyeliner ခဲတံအမျိုးအစားကတော့ ၄င်းပစ္စည်းကို ပုံမှန်ချွန်ထက်ပေးသလောက်၊ သန့်စင်ပေးသလောက် ၂ နှစ် ဒါမှမဟုတ် ၂ နှစ်အထက် တာရှည်ခံပါတယ်။

နှုတ်ခမ်းဆိုးဆေး Lip Gloss
နှုတ်ခမ်းဆိုးဆေး Lip Gloss  တွေကိုတော့ နှစ်နှစ်တစ်ကြိမ် ပုံမှန် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီပစ္စည်းတွေက ခန့်မှန်းရအလွယ်ကူဆုံး ပစ္စည်းတွေထဲပါဝင်ပါတယ်။ နှုတ်ခမ်းဆိုးဆေးက နှုတ်ခမ်းသားပေါ် မှာ လျှင်မြန်စွာ ခြောက်သွေ့သွားတဲ့အခါ Lip Gloss က ပုံမှန်ထက် ပျစ်ဆေးဆေးဖြစ်နေတဲ့အခါ အသုံးပြု တာကို ရပ်တန့်လိုက်ဖို့ လိုအပ်ပါတယ်။

ရေမွှေး
ရေမွှေးကို အများစုက အချိန်အကြာဆုံးခံတဲ့ ပစ္စည်းလို့ မှတ်ယူထားကြပါတယ်။ ဒါပေမဲ့ အချိန်ကြာ လာ တာနဲ့အမျှ ရေမွှေးရဲ့ရနံ့က ပြောင်းလဲသွားပါတယ်။ ရေမွှေးရဲ့သက်တမ်းက နှစ်နှစ်၊ သုံးနှစ်ခန့် တာ ရှည်ခံပေ မယ့် တချို့သောရေမွှေးများကတော့ ဒီထက်ပိုပြီး တာရှည်ခံကြပါတယ်။ အဲဒါကြောင့် မဝယ်ခင်မှာ သက်တမ်း ကုန်ဆုံးရက်ကို စစ်ဆေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ရေမွှေးရနံ့ကို တာရှည်ခံစေဖို့အတွက် အေးပြီး မှောင်မိုက်တဲ့ နေရာမျိုးမှာ ထားပေးနိုင်လေ ပိုကောင်းလေဖြစ်ပါတယ်။

လက်သည်းဆိုးဆေး
လက်သည်းဆိုးဆေးအရည်က အချိန်ကြာတာနဲ့အမျှ၊ အသုံးပြုတာများလို့ လေနဲ့ထိတွေ့ပါ များလာ တာနဲ့အမျှ တဖြည်းဖြည်းပျစ်ခဲလာပါတယ်။ အဲဒါကြောင့် လက်သည်းဖျက်ဆေးအရည်လေး အနည်းငယ် ထည့် ပြီး သုံးပေးပါ။ အသုံးပြုပြီးတိုင်းလည်း အဖုံးကို ချက်ခြင်းပြန်ပိတ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ လက် သည်းဆိုးဆေး ရဲ့သက်တမ်းကတော့ (၁) နှစ်ဖြစ်ပါတယ်။

မိတ်ကပ်ပမာဏချွေတာရာ ရောက်တယ်
နောက်ဆုံးနေနဲ့ မိတ်ကပ်အောက်ခံ အပြစ်အနာအဆာအားလုံး နီးပါးဖုံးကွယ်ပေးထားပြီး သားဖြစ်တဲ့ အပြင် အသားအရေထိန်းသိမ်းမှုကိုပါ တစ်ပြိုင်နက်စွမ်းဆောင်ပေးတဲ့အတွက် မိတ်ကပ်သုံးစွဲမှု ပမာဏကိုပါ တစ်ခါတည်းလျော့ချပေးပြီးသား ဖြစ်ပါတယ်။

ခန္ဓာကိုယ်အလှဆီ
အဖုံးဖွင့်ပြီးသုံးရတဲ့ ခန္ဓာကိုယ်လိမ်းအလှဆီထက် ညှစ်ပြွန်ပါဝင်အသုံးပြုရတဲ့ ခန္ဓာကိုယ်လိမ်း အလှဆီ က ပိုပြီး တာရှည်ခံပါတယ်။ အကြောင်းကတော့ အဖုံးဖွင့်ပါများလေ ပါဝင်တဲ့ပစ္စည်းတွေနဲ့ လေထဲက ဘက်တီး ရီးယားတို့ ထိတွေ့ပါများလာပြီး သက်တမ်းကုန်ဆုံးမှုက ပိုပြီး မြန်ဆန်လေဖြစ်ပါတယ်။ ခန္ဓာကိုယ်လိမ်း အလှဆီ က (၂) နှစ်အထားခံပါတယ်။ ၄င်းရဲ့အရောင်၊ အရည် အပျစ်အကျဲကိုကြည့်ပြီးလည်း ဆုံးဖြတ်နိုင်ပါတယ်။

ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment