နှစ်စဉ်တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့
မြန်မာတို့ရဲ့သင်္ကြန်ပွဲတော်ကတော့ မကြာတော့မယ့် အချိန် အတွင်း နောက်တစ်ကြိမ် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ပုဂံခေတ်ကတည်းက စတင်ကျင်းပခဲ့တယ်လို့ ဆိုနိုင်ပြီး နှစ်ဟောင်းကအညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ဆေးကြောရင်း
နှစ်သစ်ကိုကြိုဆိုခဲ့ကြတဲ့ ဒီပွဲတော် ဟာ အချိန်ကာလရွေ့လျားမှုအောက်မှာ အသွင်သဏ္ဍာန်မျိုးစုံလည်း
ပြောင်းလဲခဲ့ပါတယ်။ တစ်ဦးနဲ့ တစ်ဦး သပြေခက်နဲ့ ရေပက်ခဲ့ကြရာကနေ ငွေဖလားနဲ့ရေသွန်းလောင်းတဲ့ခေတ်။
အခုနောက်ဆုံးမှာတော့ မဏ္ဍပ် ကိုယ်စီနဲ့ ရေပက်တဲ့ခေတ်အထိ ရောက်ရှိလာသလို စက်တပ်ယာဉ်အမျိုးမျိုးနဲ့
ရေကစားကြတဲ့ ကလေးတွေ လည်း အမြစ်တွယ်လာခဲ့ပါတယ်။
စိတ်ရှည်ပါ
အချိန်ယန္တတရားရဲ့ခုတ်မောင်းမှုအောက်မှာ
အသွေးအရောင်တွေ ပြောင်းလဲလာတဲ့ သင်္ကြန်ပွဲဟာ အခုနောက်ပိုင်းမှာ သူနဲ့သိပ်အဟပ် မညီတဲ့ပုံစံနဲ့
လူသိပိုများလာခဲ့ပါတယ်။ သင်္ကြန်ဆိုရင် ဗျစ်ရည်အကူ အညီနဲ့ မှ ပျော်ရွှင်မှုတွေလေးနက်စေတယ်ဆိုတဲ့
နရီကိုက်မှုအောက်မှာ မလိုလားအပ်တဲ့ဘေးထွက် ဆိုးကျိုးတွေလည်း ဒုနဲ့ဒေးပေါ်ထွက်လာခဲ့တာပါ။
အထူးသဖြင့် သင်္ကြန်တွင်းမှာ အများသူငါ ခြေစင်္ကြာဖြန့် ကျက်နိုင်ဖို့ လိုရာခရီး ကိုမောင်းနှင်ပို့ဆောင်ပေးနေရသူတွေအနေနဲ့
သင်္ကြန်အတွင်း အရက်သေစာတွေကို အလွန်အကျွံမမှီဝဲသင့်ပါ ဘူး။
ဖြစ်နိုင်လို့ မသောက်ဘဲနေနိုင်ခဲ့ရင်တော့
အကောင်းဆုံးဖြစ်မှာပါ။ အရက်ကြောင့် ကြွတက်လာတဲ့ စိတ်အခံ ဟာ မြူးကြွမှုကိုဖြစ်လာနိုင်စေပေမယ့်
မခံချင်စိတ်တစ်ခုကနေ ဒေါသအဖြစ်လည်း အသွင်ပြောင်း သွားတတ်လို့ သတိထားဖို့လိုအပ်ပါလိမ့်မယ်။
အထူးသဖြင့် စက်တပ်ယာဉ်မောင်းနှင်နေရသူအနေနဲ့ အသက်ပေါင်းများစွာက ကိုယ့်လက်ထဲရောက်နေလို့
ဘယ်လိုအခြေအနေမျိုးပဲရောက်နေပါစေ စိတ်ရှည်ဖို့လိုအပ်လှပါတယ်။
ကားကျပ်တဲ့ဒဏ်ခံရမယ်။
မြို့ကြီးပြကြီးတွေမှာ
ကျင်းပတဲ့သင်္ကြန်ဟာ ကားကျပ်လွန်းတယ်ဆိုတဲ့ မကောင်းသတင်းနဲ့ ကျော်ကြား ပါတယ်။ သင်္ကြန်တွင်းမှာ
လူကြီး၊ လူငယ်မရွေး ရေပက်ခံထွက်ဖို့ ကားမျိုးစုံကို အပြိုင်အဆိုင် ငှားလေ့ရှိတာက လမ်းတွေပေါ်မှာ
လှုပ်မရတဲ့အခြေအနေမျိုးအထိ ရောက်ရှိသွားစေပါတယ်။ အခုနောက် ပိုင်းမှာ ကားတင်သွင်း ခွင့်
မူဝါဒအပြောင်းအလဲတွေကြောင့် ကားအရည်အတွက် အရင်ကထက် အဆ မတန်များပြားလာတာကြောင့် ရေပက်ခံထွက်သူတွေအနေနဲ့
စိတ်ဒုက္ခရောက်ရတာသာ အဖက်တင်ပါ တယ်။ ဒါကြောင့်မြို့တွင်းမှာ လျှောက် လည်ဖို့စီစဉ်တာထက်စာရင်
သူငယ်ချင်းတွေစုပြီး အပန်းဖြေခရီး တစ်ခုဖြစ်ဖြစ် သွားသင့်တာပါ။ သင်္ကြန်တွင်း ကားကျပ်တဲ့ပြဿနာကို
ဖြေရှင်းနိုင်မှာဖြစ်သလို ခါတိုင်းနဲ့ မတူဘဲ လက်ဆတ်တဲ့ ဒေသန္တရဗဟုသုတတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
ဝန်ပိုမတင်နဲ့
ဒီလိုမှမဟုတ်ဘဲ
မြို့တွင်းမှာပဲ ကားနဲ့လျှောက်လည်မယ်ဆို သူတွေအတွက်ကတော့ ကားကို သတ်မှတ်ထားတဲ့လူဦးရေပမာဏထက်
ပိုမစီးမိဖို့သတိထားရပါလိမ့်မယ်။ သင်္ကြန်တွင်းလျှောက်လည်တဲ့ ကားအတော်များများဟာ ကိုင်တွယ်စရာနေရာရှားပါးသလို
ကားပေါ်မှာလိုက်ပါလာမယ့် လူအများစု ကလည်း ကခုန်နေဖြစ်ဖို့သေချာတာကြောင့် ကားနဲ့လူဦးရေပမာဏမမျှရင်
အားလုံးဒုက္ခရောက်ဖို့ပဲ ရှိတာကြောင့်ပါ။ ကရင်းခုန်ရင်း ကားပေါ်ကပြုတ်ကျနိုင်သလို ကားကြံ့ခိုင်ရေးအတွက်လည်း
စိတ်မချရလို့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာကောင်းပါတယ်။
နေလောင်ဒဏ်ကာကွယ်ပါ
ကားတွေ၊ ဆိုင်ကယ်တွေနဲ့လျှောက်လည်ဖို့
အစီအစဉ်ရှိသူတွေအနေနဲ့ မဖြစ်မနေ အ၀တ်အစားကိုလည်း ဂရုစိုက်သင့်တာပါ။ တစ်နှစ်ထက်တစ်နှစ်
ပိုပြီးပူပြင်းလာတဲ့နေရောင်အောက်မှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီ ရှည်စတဲ့ အရေပြားကိုအကာအကွယ်ပေးနိုင်တဲ့
အ၀တ်အစားမျိုးပဲဝတ်သင့်ပါတယ်။ နေရောင်အောက်မှာ ရေစို လိုက်၊ ခြောက်လိုက်ဖြစ်နေတဲ့အခါ
အကာအကွယ်ပေးနိုင်တဲ့ အ၀တ်အစားမျိုးဝတ်မထားရင် ကိုယ့်အသားအရေ ကို အစီအစဉ်ကျကျ ဖျက်ဆီးပစ်လိုက်သလိုတောင်
ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment