နိုင်ငံတကာသတို့သမီးတွေ မင်္ဂလာပွဲအတွက် ဘယ်လိုပြင်ဆင်ကြလဲ










နိုင်ငံတကာသတို့သမီး မိတ်ကပ်ပညာရှင် အမန်ဒါရှက်ခ်လီတန်ဟာ သူမရဲ့ (၁၆) နှစ်တာ စီးပွားရေး ကျင်လည်မှုမှာ ကမ္ဘာအနှံ့ခရီးထွက်ခဲ့ပြီး မတူညီတဲ့နိုင်ငံတွေ၊ မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ သတို့သမီးများကို မိတ်ကပ်ပြင်ဆင်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲရာသီလည်း နီးလာပြီဆိုတော့ ပရိသတ်ကြီးကို နိုင်ငံတကာက သတို့သမီးတွေနဲ့ သူမဆက်ဆံခဲ့ပုံ၊ အလှအပလေးတွေကို ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ပါရစေ။

အိန္ဒိယ
အိန္ဒိယနိုင်ငံသူ သတို့သမီးတွေဟာ သူတို့ရဲ့နက်မှောင်တောက်ပတဲ့ ဆံကေသာအလှကို ဂုဏ် ယူကြပြီး အကြီးအကျယ် အသားပေးဖော်ပြတတ်ကြပါတယ်။ သူတို့ဆံကေသာအလှလျှို့ဝှက်ချက်ကတော့ Hash Mahabhringraj Maka Herbal Hair Oil ပဲဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်မီ (၃) လအလိုလောက် ကတည်းက ၄င်းဆံသားထိန်းအဆီနဲ့ သူတို့ရဲ့ဆံကေသာတွေကို ကျန်းမာသန်စွမ်းလာအောင် နှိပ်နယ်ပေးကြပါတယ်။

မက္ကဆီကို
မက္ကဆီကန်သတို့သမီးတွေရဲ့အလှကတော့ ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်တစ်စုံ ဖြစ်ပါ တယ်။ သူတို့အသုံးပြုကြတာကတော့ Zan Zusi Black Waterproof Roll On Mascara ဖြစ်ပါတယ်။ ဒီပစ္စည်းဟာ မင်္ဂလာပွဲရာသီတွေမှာ ရှာရခက်လောက်အောင် သတို့သမီးတွေ နှစ်ခြိုက်စွာ အသုံးပြုတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

တူရကီ
တူရကီသတို့သမီးတို့ရဲ့လှပမှုဆိုင်ရာ လျှို့ဝှက်လက်နက်ကတော့ နှင်းဆီရည် ဖြစ်ပါတယ်။ မင်္ဂလာပွဲ မတိုင်ခင်မှာ ရေနွေး၊ နှင်းဆီပန်းပွင့်ချပ်တွေနဲ့ ရောစပ်ပြီး ရေချိုးခြင်းဖြင့် အသားအရေကို လန်းဆန်းစေ ပါတယ်။

ၾသစေတးလ်
သြစီသတို့သမီးတွေက မင်္ဂလာပွဲကို ကွင်းပြင်မှာ ပျော်ရွှင်စွာ ကျင်းပလေ့ရှိကြပါတယ်။ နေရောင် ဒဏ်ကို ကာကွယ်ဖို့အတွက် သူတို့ရဲ့လက်နက်ကတော့ Invisible Zinc ESP Sunscreen ဖြစ်ပါတယ်။ စုပ်ယူမှုအားကောင်းပြီး အလွယ်တကူပျော်ဝင်သွားတဲ့အတွက် သြစီသတို့သမီးများရဲ့လက်စွဲတော်တစ်လက် ဖြစ်ပါတယ်။

ပြင်သစ်
ပြင်သစ်သတို့သမီးတိုင်းကို မေးကြည့်ပါ။ မင်္ဂလာပွဲအတွက် လျှို့ဝှက်လက်နက်က ဘာလဲလို့။ ပြင်သစ်သတို့သမီးများရဲ့ အလှအပလျှို့ဝှက်ချက်ကတော့ YSL Rouge Pur Couture In Rouge Rock အနီရောင်တောက်တောက် နှုတ်ခမ်းဆိုးဆေးဖြစ်ပါတယ်။ တစ်နေကုန် တာရှည်ခံပြီး ထပ်မံအသုံးပြုစရာ မလိုဘဲ ဘယ်အသားအရေမရွေး လိုက်ဖက်တဲ့အတွက် သတို့သမီးများ အကြိုက်တွေ့တဲ့ပစ္စည်း တစ်မျိုးဖြစ် ပါတယ်။

ဂျပန်
ဂျပန်သတို့သမီးများဟာ အပြစ်အနာအဆာကင်းတဲ့ အသားအရေလျှို့ဝှက်ချက်ကို ပိုင်ဆိုင် ထားသူတွေ ဖြစ်ကြပါတယ်။ မင်္ဂလာပွဲမတိုင်မီ (၆) လခန့်အလိုကတည်းက လက်စွဲတော် Brightening Cream ကို အသုံးပြုပြီး ဝက်ခြံ၊ အမာရွတ်တွေကို ဖယ်ရှားဖျောက်ဖျက်လေ့ရှိကြပါတယ်။

အနောက်အာဖရိက
အနောက်အာဖရိကသတို့သမီးတွေရဲ့ အသားအရေလျှို့ဝှက်ချက်ကတော့ Black Aafrican Soap ဖြစ်ပါတယ်။ တခြားဘယ်နိုင်ငံမှာမှ မတွေ့နိုင်တဲ့ အုန်းဆီကို အခြေခံထုတ်လုပ်ထားပြီး အသားအရေရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

ခရိုအေးရှား
လာဗင်ဒါအဆီကတော့ ခရိုအေးရှားသတို့သမီးတို့ရဲ့လက်စွဲတော်တစ်လက် ဖြစ်ပါတယ်။ လာဗင်ဒါအဆီ အနည်းငယ်ကို ရေချိုးတိုင်း အသုံးပြုပေးပြီး အသားအရေမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားကြပါတယ်။

ကိုရီးယား
ကိုရီးယားအမျိုးသမီးတွေ မင်္ဂလာပွဲမှာ အလှပဆုံးသတို့သမီး ဖြစ်နေစေဖို့ လက်ကိုင်ထားတာက Etude House ရဲ့ Surprise Concealer Kit ဖြစ်ပါတယ်။ အာရှအသားအရေနဲ့ အသင့်လျော်ဆုံးဖြစ်ပြီး ကိုရီးယားသတို့သမီးတိုင်းရဲ့ အသည်းစွဲဖြစ်ပါတယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment